• Follow Us on
Latest News

Home အလုပ်ခေါ်စာများကို ဇန်နဝါရီ ၁ ရက်မှစ၍ online မှတစ်ဆင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့

အလုပ်ခေါ်စာများကို ဇန်နဝါရီ ၁ ရက်မှစ၍ online မှတစ်ဆင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

 

အလုပ်ခေါ်စာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ online မှတစ်ဆင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့အချိန်အထိ အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

 

MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်ပ အလုပ်အကိုင်လုပ်ငန်း ရှင်များအသင်း (MOEAA) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ယမန်နေ့တွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံကိုအလုပ်သမား စေလွှတ်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုမိုမြန်ဆန်စေရေးအတွက် အလုပ်ခေါ်စာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ online မှတစ်ဆင့် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Online စနစ် ဆောင်ရွက်ရာတွင် မူလက email တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်ရှုပ်ထွေးမှု မရှိစေရေး email လိပ်စာများကို ထပ်မံဖွင့်လှစ်ဆောင် ရွက်ပေးခဲ့ကြောင်း၊ online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ စောင်ရေ ၁၁၂၆ စောင်၊ အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ် ကြောင်း ပြောသည်။

 

ထိုင်းနိုင်ငံ အလုပ်သမားစေလွှတ်ရေးလုပ်ငန်း စဉ်နှင့်စပ်လျဉ်း၍ အလုပ်သမားများကို ထိုင်းနိုင်ငံသို့စေလွှတ် နိုင်ရေး ခရီးသွားလာမှုအခက်အခဲဖြစ်နေသည့်အတွက် အေဂျင်စီများမှ မိမိအစီအစဉ် ဖြင့် အလုပ်သမားများကို မြဝတီမြို့သို့ ပို့ဆောင်မှုများရှိနေပြီး မြဝတီမြို့သို့ ရောက်ရှိနေသည့် အလုပ်သမားများ နစ်နာမှုမရှိစေရေး စေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့် ပြုပေးခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့် မြဝတီ-မဲဆောက် လမ်းကြောင်း သည် အခက်အခဲများရှိသည့်အတွက် ဝန်ကြီးအနေဖြင့် အလုပ်သမားများကို ရန်ကုန်-ဒွန်မောင်း လေကြောင်း လိုင်းဖြင့် ပို့ဆောင်နိုင်ရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးထံ ညှိနှိုင်းခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ သဘောတူညီ ခဲ့သည့်အတွက် အလုပ်သမားများကိုလေကြောင်းမှ စေလွှတ်ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။

 

#PeopleMedia


Share this post