• Follow Us on
Latest News

Home အလုပ်လုပ်ကိုင်မည့်စွမ်းအားများလျော့နည်းသွားသဖြင့် ထိုက်တန်သည့် အလုပ်အကိုင်နှင့် လုပ်ခလစာများ ရရှိရေးကိုဆောင်ရွက်ပေးစေလိုကြောင်း နစကဥက္ကဋ္ဌပြောကြား

အလုပ်လုပ်ကိုင်မည့်စွမ်းအားများလျော့နည်းသွားသဖြင့် ထိုက်တန်သည့် အလုပ်အကိုင်နှင့် လုပ်ခလစာများ ရရှိရေးကိုဆောင်ရွက်ပေးစေလိုကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

အလုပ်လုပ်ကိုင်မည့် စွမ်းအားများ လျော့နည်းသွားသဖြင့် ထိုက်တန်သည့် အလုပ်အကိုင်နှင့် လုပ်ခလစာများ ရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလုပ်သမားရှားပါးမှုပြဿနာနှင့်ပတ်သအချို့လုပ်ငန်းရှင်များ၏ တင်ပြချက်များ အရသိရှိရကြောင်း၊ မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများ၌ နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းခန့်သည် ပညာအရည်အချင်း အားနည်းကြကြောင်း၊ ၄၁ ရာခိုင်နှုန်းခန့်သည် လယ်ယာသစ်တောသားငါးကဏ္ဍတွင် လုပ်ကိုင်ကြသူများဖြစ်သဖြင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမှ အလုပ်အကိုင်များဖော်ဆောင်ပေးနိုင်ရေး လက်ရှိအခြေအနေ၌ မဖြစ်မနေ လိုအပ်လျက်ရှိကြောင်း၊ လူဦးရေသန်းပေါင်းများစွာရှိသည့် နိုင်ငံများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသည့်ပမာဏမှာ မသိသာသော်လည်း မိမိတို့ကဲ့သို့ လူဦးရေနည်းပါးသောနိုင်ငံအတွက်မူ လျော့သွားသည်မှာ သိသာကြောင်း၊ ပြောသည်။

 

အလုပ်လုပ်ကိုင်မည့် စွမ်းအားများ လျော့နည်းသွားသည်ဖြစ်သဖြင့် ထိုက်တန်သည့် အလုပ်အကိုင်နှင့် လုပ်ခလစာများရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်အနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ သို့မှသာ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်စွမ်းအားများ မြင့်တက်လာပြီး Supply နှင့် Demand မျှအောင် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပို့ကုန်များ တိုးတက်လာပြီး ဝင်ငွေတိုးတက်လာပါက ငွေကြေးဈေးနှုန်းများလည်း ကျဆင်းလာနိုင်မည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စီးပွားရေးဦးတည်ချက်တွင်လည်း ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးကို ထည့်သွင်းချမှတ်ထားပြီး မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ဆီထွက်သီးနှံများနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို စနစ်တကျအဖြေရှာ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ နည်းလမ်းရှာ၍ လုပ်ဆောင်မည်ဆိုပါက ဖြစ်ထွန်းအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လူသာလျင်အရေးကြီးပြီး လူတို့၏စီမံခန့်ခွဲမှုနှင့် ဦးဆောင်မှုသည် အဓိကအရေးကြီးကြောင်းဖြင့် ပြောကြာသည်။

 

#PeopleMedia


Share this post