• Follow Us on
Latest News

Home အလုပ်လုပ်ခွင့်ရမယ့် ထိုင်းလုပ်သားအရေအတွက် တိုးမြှင့်ပေးဖို့ အစ္စရေးကို ထိုင်းတောင်းဆိုမည်

အလုပ်လုပ်ခွင့်ရမယ့် ထိုင်းလုပ်သားအရေအတွက် တိုးမြှင့်ပေးဖို့ အစ္စရေးကို ထိုင်းတောင်းဆိုမည်

Share this post

နိုင်ငံတကာ၊ မေ ၂၇

 

အစ္စရေးနိုင်ငံမှာ အလုပ်လုပ်ခွင့်ရမယ့် ထိုင်းသားအရေအတွက်ကို တိုးမြှင့်ပေးဖို့ ထိုင်းအလုပ်သမား ဝန်ကြီး ဖိ ဖက်ရတ်ချာကစ်ပရာကန်အနေနဲ့ အစ္စရေးနိုင်ငံကို သွားရောက်မယ့် လေးရက်ကြာ ခရီးစဉ်အတွင်း တောင်းဆို သွားဖို့ စီစဉ်ထားကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။

 

မစ္စတာဖိဖက်ဟာ အစ္စရေးအစိုးရရဲ့ ဖိတ်ကြားချက်အရ အစ္စရေးနိုင်ငံကို မေလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

 

အစ္စရေးနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ပြုမယ့် ထိုင်းလုပ်သားအရေအတွက်ကို တိုးမြှင့်ပေးရေး ညှိနှိုင်းတောင်းဆိုဖို့ အတွက် အလုပ်သမားဝန်ကြီးဌာနက မစ္စတာဖိဖက်နဲ့ တခြားထိပ်တန်းအရာရှိတွေဟာ ခရီးစဉ်အတွင်း အစ္စရေး အလုပ်သမားဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

အစ္စရေးနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နောက်ထပ် လုပ်သားတွေ လိုအပ်နေသလို အစ္စရေးဆောက် လုပ်ရေးကဏ္ဍက အလုပ်ရှင်တွေကလည်း ရွှေ့ပြောင်းလုပ်သား ၂၀,၀၀၀ ကျော် လိုအပ်နေကြောင်း မစ္စတာ ဖိဖက်က ပြောပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထိုင်းလုပ်သားတွေ ထိုက်သင့်တဲ့လုပ်အားခရရှိရေး/ ခရီးစရိတ်သက်သာရေး ဆောင် ရွက်ပေးနိုင်ဖို့နဲ့ ထိုင်းလူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေရေးအတွက် အဓိက ဆွေး နွေးသွားမှာဖြစ်ပါတယ်။

 

အလုပ်သမားဝန်ကြီးဟာ အစ္စရေးရောက် ထိုင်းလုပ်သားတွေနဲ့လည်း တွေ့ဆုံပြီး ၎င်းတို့ရဲ့လုပ်ငန်းဆောင်ရွက်မှု နဲ့ နေထိုင်ရေးအခြေအနေတွေကိုလည်း မေးမြန်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

“ထို်င်းနိုင်ငံသားတွေကို အစ္စရေးအာဏာပိုင်တွေနဲ့ တဲလ်ဗစ်မှာရှိတဲ့ တော်ဝင်ထိုင်းသံရုံးက အတည်ပြုထောက် ခံထားတဲ့ ဘေးကင်းလုံခြုံတဲ့နယ်မြေမှာသာ အလုပ်ခန့်ထားရမှာဖြစ်ပါတယ်။” လို့ အလုပ်သမားဝန်ကြီးဖိဖက် က ပြောပါတယ်။

 

ဂါဇာဒေသမှာ အဖမ်းခံထားရဆဲဖြစ်တဲ့ ထိုင်းနိုင်ငံသား ခြောက်ဦး ချက်ချင်းလွတ်မြောက်ဖို့နဲ့ မိခင်နိုင်ငံကို ပြန် လည်ရောက်ရှိလာနိုင်ဖို့အတွက်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှား၊ အီဂျစ်၊ ကာတာ နိုင်ငံတို့နဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း ဝန်ကြီးဖိဖက်က ပြောပါတယ်။

 

ဟားမတ်စ်-အစ္စရေးစစ်ပွဲနဲ့ ပတ်သက်ပြီး တခြားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ရင်း ဆန်းစစ်လေ့လာမှုတစ်ခု အသေးစိတ်ပြုလုပ်ပြီးနောက်မှာ အစ္စရေးကို ထိုင်းလုပ်သားတွေ စေလွှတ်မှုဆိုင်းငံ့ထားတာကို အလုပ်သမားဦး စီးဌာနက အခုလအစောပိုင်းက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

 

ထိုင်းလုပ်သားတွေကို ဘေးကင်းလုံခြုံရာအရပ်မှာသာ အလုပ်ခန့်ထားမှာဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်လာ ရင် ဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းပေးဖို့လည်း အစီအစဉ်တွေရေးဆွဲထားပြီးဖြစ်ကြောင်း အစ္စရေးသံရုံးက ထိုင်းအလုပ်သမားဦးစီးဌာနကို အာမခံအကြောင်းကြားခဲ့ပါတယ်။

 

Ref: Thailand to ask Israel for higher labour quota

 

#PeopleMedia


Share this post