အလုပ်အကိုင်အခွင့်အလမ်း (၈၇၇) ဦး ဖန်တီးပေးနိုင်မည့်လုပ်ငန်း (၃) ခုအား ခွင့်ပြု
PUBLISHED - November 24, 2023
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်း လွဲပိုင်းက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော် မတီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊အထူးဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀% ရောင်းချမည့် အသင့်စားခေါက်ဆွဲခြောက် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၃,၇၇၉ ဒဿမ ၉၇၂ သန်းနှင့် အမေရိ ကန်ဒေါ်လာ ၀ ဒဿမ ၆၀၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၈၇၇) ဦးအတွက် ဖန်တီး ပေးနိုင်မည် ဖြစ်သည်။
ယင်းနောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မည့် လုပ်ငန်း (၁) ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၂)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ကြောင်း သိရသည်။
#PeopleMedia