အလုံမြို့တွင် လမ်းဖြတ်ကူးသည့် မိန်းကလေးငယ်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး
PUBLISHED - December 13, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီဘဏ်ရှေ့တွင် လမ်းဖြတ်ကူးသည့် မိန်းကလေးငယ်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက် ည ၁၀နာရီခန့်တွင် “ဦးလေးကြီးထမင်းဆိုင်” မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် မိန်းကလေးငယ်မှာ မုန့်ထွက်ဝယ်စားပြီးနောက် ထိုထမင်းဆိုင်သို့ ပြန်လာစဉ် လမ်းဖြတ်ကူးရာမှ ယာဉ်တိုက် ခံရသောကြောင့် ထိုမိန်းကလေးငယ်ကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ အလုံမြို့နယ်ကြက်ခြေနီအသင်းမှ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားကြောင်း သိရသည်။
“နှစ်ယောက်မုန့်ထွက်ဝယ်တာဖြစ်မယ် ။ တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ တစ်ယောက်ကတော့ ယာဉ်တိုက်ခံရပြီး ဆုံးသွားတယ်။ ကားခေါင်းကမှန်နဲ့ ကောင်မလေးဦးခေါင်းတိုက်မိပြီး မြေပြင်ကိုကျသွားတာ။ သွေးတွေက အရမ်းထွက်နေတာ။ အဲ့နေရာနဲ့ ဆေးရုံနဲ့က နီးတော့ဆေးရုံကိုမြန်မြန်ပို့တာ။ အဲ့မှာဆေးရုံကိုပို့ရင်း လမ်းမှာဆုံးသွားတယ်။ တိုက်တဲ့သူကတော့ အစစအရာရာလုပ်ပေးတယ်။ သူကိုတော့အလုံမြို့မရဲစခန်းမှာ စစ်ဆေးထားတယ်” လို့ အလုံမြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ အသက်(၁၈) နှစ်ခန့်အရွယ် မပြည့်ပြည့်ဖြစ်ကြောင်း၊ ၎င်းမှာ မော်လမြိုင် ကျွန်းမြို့၊ ခလောက်ပုံကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ရုပ်အလောင်းကို ယနေ့ဒီဇင်ဘာလ ၁၃ ရက်နံန က်ခင်းအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ကြီးလေးကြီးလူမှု ကူညီရေးအသင်းမှ ထိုကျေးရွာရှိ သုဿာန်သို့ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia