• Follow Us on
Latest News

Home အဝတ်လျှော်နေသည့် အမျိုးသမီးတစ်ဦး မူးလဲ၍ သေဆုံး

အဝတ်လျှော်နေသည့် အမျိုးသမီးတစ်ဦး မူးလဲ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၅

 

ရှမ်းပြည်နယ်၊ လားရိူးခရိုင်၊ လားရိူးမြို့၊ ရပ်ကွက်(၅) ၊ နယ်မြေ (၁၃)၊ ၄၉ လမ်း ၁၉/၂၀ လမ်းကြားတွင် အမျိုးသမီးတစ်ဦး အဝတ်လျော်နေစဉ် မူးလဲ၍ သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၂၄ ရက် နံနက်ခင်းအချိန်တွင် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများမှ လားရိူး လူငယ်များလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ ကြောင်း သိရသည်။

 

ထိုအမျိုးသမီးမှာ မည်သည့်အတွက်ကြောင့် မူးလဲသေဆုံးသည်ကို သိရှိရခြင်းမရှိကြောင်း ရုပ်အလောင်းကို လားရိူးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post