• Follow Us on

Home အသက်မပြည့်သေးတဲ့ ကလေးသူငယ်ပြည့်တန်ဆာနဲ့ ဆက်ဆံခဲ့တယ်လို့ သံသယဖြစ်ခံရတဲ့ ထိုင်းလူမျိုး ၅ ဦး ထဲမှာ နိုင်ငံရေးသမားတစ်ယောက်ပါဝင်နေ

အသက်မပြည့်သေးတဲ့ ကလေးသူငယ်ပြည့်တန်ဆာနဲ့ ဆက်ဆံခဲ့တယ်လို့ သံသယဖြစ်ခံရတဲ့ ထိုင်းလူမျိုး ၅ ဦး ထဲမှာ နိုင်ငံရေးသမားတစ်ယောက်ပါဝင်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

 

ဆရဘူရီ ပြည်နယ်ထဲက အပန်းဖြေစခန်းတစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်းထဲ အတင်းသွပ်သွင်းခံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးနဲ့ ဆက်ဆံခဲ့တယ်လို့ ယုံကြည်ရတဲ့ လူ ၅ ဦးကို ဖမ်းဆီးနိုင်ရေးအတွက် တရားရုံးက ဖမ်းဝရမ်းရရှိဖို့ ဆရဘူရီရဲတပ်ဖွဲ့က ကြိုးပမ်းနေပါတယ်။

 

ဒီအမှုနဲ့ပတ်သက်တဲ့ လူ ၅ ဦးထဲက ၂ ဦးကို ကနဦးစစ်ဆေးမေးမြန်းပြီး ယာယီပြန်လွှတ်ထားကြောင်း ဆရာဘူရီ ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီးဆမ်ကစ်ဆဝီဆိုင်က စက်တင်ဘာလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောပါတယ်။

 

အဲဒီထဲက တစ်ဦးဟာ ဆရာဘူရီမြို့က ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ လပ်ဘူရီပြည်နယ် ထဲက ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

 

နောက်ထပ် ၃ ဦးထဲမှာ လက်ရှိညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာပါဝင်တဲ့ ပါတီတစ်ခုက နိုင်ငံရေးသမားတစ်ဦး၊ ဆရ ဘူရီမြို့နယ် ဗုဒ္ဓဘာသာအသင်းရုံးရဲ့ ညွှန်ကြားရေးမှူးဟောင်းနဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အရောင်းမန်နေဂျာ တစ်ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

 

တာဝန်ရှိသူတွေအနေနဲ့ ဒီအမှုမှာပါဝင်တယ်လို့ နောက်ထပ် ခြောက်ယောက်မြောက်သံသယအဖြစ်ခံရတဲ့သူကို စုံစမ်းဖော်ထုတ်ဖို့ သက်သေအထောက်အထားတွေ စုဆောင်းနေတယ်လို့ ရဲမှူးကြီးဆမ်ကစ်က ပြောပါတယ်။

 

ဒီအမှုနဲ့ပတ်သက်ပြီး အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၁ ရက်နေ့ (တနင်္လာနေ့) က ဆရဘူရီ ဘန်မိုရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 

မြန်မာအမျိုးသားက “၎င်းရဲ့ဇနီးဖြစ်သူ မြန်မာအမျိုးသမီးဟာ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို ၎င်းအ လုပ်လုပ်ကိုင်နေတဲ့ အပန်းဖြေစခန်းတစ်ခုကိုလာရောက်တဲ့ ဧည့်သည်တွေအတွက် လိင်ဝန်ဆောင်ပြုလုပ်ပေးဖို့ အဓမ္မစေခိုင်းခဲ့ကြောင်း” ဆရဘူရီ ဘန်မိုရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 

အဲဒီအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်ကို ၂၀၂၂ ခုနှစ်မှာ မိခင်ဖြစ်သူက ပြည့်တန်ဆာလုပ်ငန်း အဓမ္မလုပ် ကိုင်ခိုင်းခဲ့ကြောင်း၊ ၎င်းရဲ့မိခင်ဟာ တခြားအမျိုးသမီးငယ်တွေနဲ့ မိန်းမတွေကိုလည်း အဲဒီအပန်းဖြေစခန်းမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ခိုင်းဖို့ ဝယ်ယူခဲ့ကြောင်း အဲဒီမိန်းကလေးက ပြောတယ်လို့ဆိုပါတယ်။

 

အင်တာနက်ပေါ်က google search မှာ ရှာကြည့်တဲ့အခါ အဲဒီမိန်းကလေးငယ်လက်ခံခဲ့တဲ့ ဧည့်သည်တွေဟာ နိုင်ငံရေးသမားတစ်ဦးနဲ့ ကျောင်းညွှန်ကြားရေးမှူးတစ်ဦးအပါအဝင် ၆ ဦးလို့ ရှာဖွေတွေ့ရှိပါတယ်။

 

သမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့တဲ့ အဲဒီအမျိုးသမီးကိုတော့ အခုသီတင်းပတ်အစောပိုင်းကပဲ ဖမ်း ဆီးခဲ့ပြီး အဲဒီအမျိုးသမီးက ပြစ်မှုတွေကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီအမျိုးသမီးကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ အသက် ၁၅ နှစ်အောက် မိန်းကလေးငယ်တွေကို ပြည့်တန်ဆာဖြစ်အောင် စီစဉ်ပေးမှု၊ လူကုန်ကူးမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။

 

အခုလအစောပိုင်းတုန်းက အဲဒီမိန်းကလေးငယ် အိမ်ကနေထွက်ပြေးသွားပြီး သူငယ်ချင်းတစ်ယောက်နေအိမ် မှာသွားရောက်နေထိုင်တဲ့အတွက် ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မိန်းကလေးရဲ့ ဖခင်ဖြစ်သူ အထိတ်တလန့် ဖြစ်သွားခဲ့ရတယ်လို့ ရဲမှူးကြီးဆမ်ကစ်က ပြောပါတယ်။

 

အဖေဖြစ်သူက အဲဒီမိန်းကလေးကို ရှာဖွေတွေ့ရှိတဲ့အချိန်မှာ မိန်းကလေးက ဖခင်ကို အမှန်အတိုင်းပြောပြလိုက် ပြီးနောက် ဖခင်ဖြစ်သူနဲ့ အဲဒီမိန်းကလေးကို စာသင်ပေးနေတဲ့ဆရာတစ်ဦးက ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ တာဖြစ်ကြောင်း သိရပါတယ်။

 

Ref: Politician among 5 people suspected of sex with underage prostitute

 

#PeopleMedia


Share this post