အသက်အငယ်ဆုံး ထိုင်းဝန်ကြီးချုပ်ကို အဓိကပံ့ပိုးသူက ၎င်းရဲ့ခင်ပွန်းဖြစ်
PUBLISHED - August 17, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၇
ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ပေထောင်တန်ရှင်နာဝပ်ကို အဓိကပံ့ပိုးပေးခဲ့တဲ့သူထဲမှာ ၎င်းရဲ့ခင်ပွန်းဖြစ်သူ ပီတာကာဆတ်ဆာဝတ် ပါရှိကြောင်း The Nation က ရေးသားဖော်ပြလိုက်ပါတယ်။
ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ် ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ်ဖြစ်လာတဲ့ သောကြာနေ့ (သြဂုတ်လ ၁၆ ရက်နေ့) မှာ ထိုင်းနိုင်ငံရေးလောက စာမျက်နှာသစ်တစ်ခုဖွင့်လှစ်လိုက်တာဖြစ် ပါတယ်။
အသက် ၃၇ နှစ်အရွယ် ပေထောင်တန်ဟာ ထိုင်းနိုင်ငံရေးသမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၎င်းရဲ့အဒေါ်ဖြစ်သူ ယဉ်လတ်ရှင်နာ ဝပ်ပြီးရင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပါတယ်။
စီးပွားရေးတိုင်ကွန်ကြီးတွေနဲ့ နိုင်ငံရေးလောကမှာကျင်လည်ကျက်စားခဲ့တဲ့ မိသားစုက ဆင်းသက်လာတဲ့ ပေ ထောင်တန်ဟာ ဖီယူထိုင်းပါတီရဲ့ခေါင်းကိုင်ဖခင်ကြီးအဖြစ် သတ်မှတ်ထားပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အထိ ထိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီးလည်းဖြစ်ပါတယ်။
နာမည်ပြောင် အန်းအင်းလို့ခေါ်တဲ့ ပေထောင်တန်ဟာ ပီတာကာဆတ်ဆာဝတ်နဲ့ လက်ထပ်ခဲ့ပြီး ၎င်းတို့နှစ်ဦး မှာ သမီးတစ်ယောက်နဲ့ သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ်ရှိ ပီတာကာဟာ တောင်ပိုင်း နာခွန်ဆီသမ်မာရတ်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ဘန် ကောက်မြို့ရှိ မောင်းကွတ်ဘုရင်နည်းပညာအင်စတီကျူကနေ စက်မှုအင်ဂျင်နီယာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။
ပီတာကာနဲ့ ပေထောင်တန်ကို ပီတာကာရဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်ပြီး ပေထောင်တန်နဲ့ ရင်းနှီးတဲ့သူငယ်ချင်းဖြစ် သူ ခါနာပေါ့ဂျ်ဂျိုမ်ရစ်သ်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
ခါနာပေါ့ဂျ်ဟာ အခုမရှိတော့တဲ့ ထိုင်းရတ်ဆာချတ်ပါတီမှာ ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
နှစ်နှစ်ကြာတွဲခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ပီတာကာနဲ့ ပေထောင်တန်တို့ လက်ထပ် လိုက်ကြပါတယ်။
Rende Development Co Ltd ခေါ် အိမ်ခြံမြေ ကုမ္ပဏီကြီးမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်မထမ်းဆောင်မီ ပီတာကာဟာ အရပ်ဘက်လေကြောင်းလိုင်းတစ်ခုမှာ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဇနီးဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ခြင်းမပြုမီ ပီတာကာဟာ Thaicom Foundation ရဲ့ ကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
ပီတာကာဟာ အရပ်ဘက်လေယာဉ်မှူးဘဝကနေ ရှင်နာဝပ်အင်ပါယာကြီးထဲမှာ အဓိကအခန်းကဏ္ဍက ပါဝင် သရုပ်ဆောင်ဖို့ အလုပ်အကိုင်ပြောင်းလဲလာခဲ့တာဖြစ်တယ်လို့ The Nation က ရေးသားဖော်ပြပါတယ်။
Ref: Meet Pitaka Suksawat: The key supporter of Thailand’s youngest PM
#PeopleMedia