• Follow Us on

Home အသက် ၁၄ နှစ်အရွယ်သမီးဖြစ်သူကို မုဒိန်းကျင့်ပြီး အပြာကားဗီဒီယိုရိုက်ကူးမှုနဲ့ ထိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထား

အသက် ၁၄ နှစ်အရွယ်သမီးဖြစ်သူကို မုဒိန်းကျင့်ပြီး အပြာကားဗီဒီယိုရိုက်ကူးမှုနဲ့ ထိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထား

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

 

အသက် ၁၄ နှစ်အရွယ်သမီးဖြစ်သူကို ဖမ်းဆီးချုပ်နှောင် မုဒိန်းကျင့်ပြီး အပြာကားရိုက်ကူးခဲ့တဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ (စက် တင်ဘာ ၁၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတာကို တစ်လခွဲနီးပါး ထွက်ပြေးရှောင်ရှားနေတဲ့ မစ္စတာအာနွန်ခေါ် အဲဒီ သံသ ယ တရားခံကို စနေနေ့က ပရာချူဝပ်ခီရိခန်းပြည်နယ် ဟူဟင်ခရိုင်က ၎င်းငှားရမ်းနေထိုင်တဲ့အိမ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

 

မစ္စတာအာနွန်ကို ခိုးမှု၊ လိမ်လည်မှု၊ သွေးသားတော်စပ်သူ အသက် ၁၅ နှစ်အောက် မိန်းကလေးကို မုဒိန်းမှု ကျူးလွန်မှုအပါအဝင် ပြစ်မှု ခုနစ်ခုနဲ့ ရဲတပ်ဖွဲ့က အလိုရှိနေတာဖြစ်ကြောင်း မြို့တော်ရဲတပ်ဖွဲ့ဗျူရိုအကြီးအကဲ ရဲချုပ်သီးရာဒတ်သမ်ဆူသီးက ပြောပါတယ်။

 

၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အတွင်း ဘန်ကောက်နယ်မြေတွေဖြစ်တဲ့ ပတ် သူဝန်၊ သောင်လာနဲ့ ဟွာမတ်ခ်နယ်မြေတွေမှာ မိုဘိုင်းဖုန်းတွေ ခိုးသွားပြီးနောက် မစ္စတာအာနွန်ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။

 

အာနွန်နေထိုင်တဲ့နေရာကို စုံစမ်းဖော်ထုတ်နေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေဟာ ၎င်းရဲ့သမီးဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီး အခုလို အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို ကြားသိခဲ့ရတာဖြစ်ပါတယ်။

 

ဖခင်ဖြစ်သူဟာ ဘန်ကောက် သန်ခရူခရိုင်မှာရှိတဲ့ ဆေးခန်းတစ်ခုကို ခေါ်သွားပြီး ၎င်းကို သန္ဓေတားဆေးထိုး ခိုင်းခဲ့ကြောင်း အဲဒီအမျိုးသမီးငယ်က ပြောပါတယ်။

 

အာနွန်ဟာ ၎င်းရဲ့ မိုဘိုင်းဖုန်းကို သိမ်းဆည်းထားလိုက်ပြီးနောက် ၎င်းကို ဖမ်သမ်ဌာနီက ခလောင်းလောင် ခရိုင်က အိမ်တစ်လုံးမှာ ချုပ်နှောင်ထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ရင်း အဲဒီအဓမ္မပြုကျင့်မှုတွေကို ခုနစ် ရက်ကြာ ဗီဒီယိုရိုက်ကူးခဲ့တယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

 

အာနွန်ဟာ တခြားသူစိမ်းယောကျ်ားလေးတစ်ဦးကိုလည်း သမီးဖြစ်သူနဲ့ အဓမ္မလိင်ဆက်ဆံခိုင်းပြီး ယောကျ်ား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လိင်ဆက်ဆံတဲ့ဗီဒီယိုကားတစ်ကားရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

 

သမီးဖြစ်သူက ဖုန်းခိုးသုံးပြီး ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်ပြီး အကူအညီတောင်းတာကို မိသွားတဲ့အချိန် မှာလည်း အာနွန်က ၎င်းသမီးကို ရိုက်နှက်ခဲ့ပါတယ်။

 

ကံကောင်းထောက်မစွာပဲ အဲဒီအမျိုးသမီးဟာ ၎င်းကို ဖမ်းဆီးထားတဲ့အိမ်က ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး နောက် ရဲတပ်ဖွဲ့ထံ ဆက်သွယ်သတင်းပို့နိုင်ခဲ့ပါတယ်။

 

အာနွန်ဟာ အဲဒီအိမ်ကနေ ထွက်မပြေးခင် အထောက်အထားမှတ်တမ်းတွေကို ဖျက်ဆီးပစ်ခဲ့သလို လုံခြုံရေး ကင်မရာတွေကိုလည်း ဖယ်ရှားပစ်ခဲ့ကြောင်း ရဲချုပ်သီးရာဒတ်က ပြောပါတယ်။

 

အာနွန်နဲ့ ၎င်းရဲ့အဖော်ဟာ မိန်းကလေးကို တခြားယောကျာ်းတွေနဲ့ လိင်ဆက်ဆံခိုင်းပြီး အုပ်စုလိုက်လိင်ဆက် ဆံတဲ့ ဗီဒီယိုရိုက်ကူးဖို့အတွက် မူးယစ်ဆေးကျွေးပြီး စေခိုင်းခဲ့ကြောင်းလည်း နောက်ဆက်တွဲစုံစမ်းစစ်ဆေးချက် တွေအရ သိရပါတယ်။

 

အာနွန်ဟာ လိင်မှုကိစ္စတွေကို အခကြေးငွေနဲ့ ပြစားတဲ့ ဗီဒီယိုတွေထုတ်လွှင့်ပြသတဲ့ လူမှုကွန်ရက် ပေ့ဂျ်တစ်ခု မှာ အက်ဒမင်အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။

 

“အဲဒီသံသယတရားခံဟာ အွန်လိုင်းပေါ်မှာ ၎င်းရဲ့သမီးဖြစ်သူနဲ့ လိင်ဆက်ဆံဖို့ အွန်လိုင်းပေါ်မှာ ဖောက်သည် ရှာတဲ့လုပ်ငန်းကို ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ဒါ့အပြင် အဲဒီလူဟာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ ကိုယ်တုံးလုံးပုံကို ပြပြီး အဲဒီမိန်းကလေးဆီက ဘတ်ငွေ ၅၀၀၀ တောင်းခံခဲ့တာကိုလည်း အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။” ရဲတပ်ဖွဲ့က ပြောပါတယ်။ အာနွန်ကတော့ စွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။

 

Ref: Man arrested for raping, filming sex videos with daughter, 14

 

#PeopleMedia


Share this post