အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ
PUBLISHED - August 9, 2023
နေပြည်တော်၊ သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၊ ကန်သာယာကျေးရွာအနီး မန္တလေး-ဗန်းမော်ကားလမ်း ဘယ် ဘက်ခြမ်းတွင် အမျိုးသားတစ်ဦး ကျည် (၅) ချက်ပစ်ခတ်ခံရ၍ သေဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၇ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ကန်သာယာကျေးရွာဘက်မှ သေနတ်ပစ်ခတ်သံ ကြားသောကြောင့် မိသားစုဝင်များမှ ထိုကျေးရွာဘက်သို့သွားသည့် ညီဖြစ်သူကိုမိသားစုဝင်များမှ ဖုန်းဆက် ရာတွင် ဖုန်းမကိုင်သောကြောင့် လိုက်လံရှာဖွေရာတွင် မန္တလေး-ဗန်းမော်ကားလမ်း ဘယ်ဘက်ခြမ်းတွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် သီဟဇော်အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ရုပ်အလောင်းကို မိသားစုဝင်များမှ ထီးချိုင့်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ ထိုဆေးရုံတွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးသည့် ရုပ်အလောင်းရှိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရသည့် အမျိုးသားမှာ အုတ်ဆုံကျေးရွာတွင် နေထိုင်သည့် အသက် (၂၇) နှစ်အရွယ် သီဟဇော်ဖြစ်ပြီး ၎င်း၏ ဘယ်ဘက်ရင်ညွန့်/ရင်ဘတ်/ဝမ်းဗိုက်/ကပ်ပယ်အိတ်/ဝဲပေါင်တို့တွင် ကျည်ထိမှန် ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေကြောင်း သိရသည်။
Photo – Credit
#PeopleMedia