UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖွဲ့စည်းရန် အစည်းအဝေး၌ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစည်းအဝေး တက်ရောက်ခဲ့ခြင်း မရှိဟုဆို၊ အသစ်ဖွဲ့စည်းသည့် အဆိုပါ အစုအဖွဲ့ ၌ ဥက္ကဋ္ဌအဖြစ် SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း တာဝန်ယူမည်
PUBLISHED - December 8, 2021
UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖွဲ့စည်းရာတွင် ပြည်ခိုင်ဖြိုးပါတီသည် အရံကော်မတီအဆင့်၌ ထည့်သွင်းခြင်း ခံခဲ့ရ သော်လည်း အဆိုပါ ဖွဲ့စည်းမှုအစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တက်ရောက်ခဲ့ခြင်း မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ပြီးခဲ့သည့်လက ကျင်းပခဲ့သော PR စနစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲတက်ရောက်ခဲ့ သည့် ပါတီများက အစည်းအဝေး ထပ်မံကျင်းပခဲ့ပြီး UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က PR နဲ့ ပတ်သက်လို့ ဖိတ်ကြားတဲ့အတွက် ကျွန်တော်တို့ပါတီက ကိုယ်စား လှယ်သွားပြီးတော့ တက်တယ်။ အဲ့ဒီလိုသွားပြီးတော့ တက်လို့ပြီးတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးထပ်လုပ်မယ်။ အဲ့ဒီလို အခမ်းအနားအစီအစဉ်မှာ ဆက်လက်ပြီး တော့ ဆောင်ရွက်တာတွေ့တယ်။ ဖိတ်ကြားတဲ့အချိန်မှာ PR နဲ့ ပတ်သက်လို့ ဖိတ်ကြားတာဖြစ်တဲ့အတွက် PR ဆွေးနွေးပွဲတော့တက်တယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကြိုတင်ဖိတ်ကြားထားခြင်းမရှိတဲ့အခါကျ တော့ ကျွန်တော်တို့က မတက်ခဲ့ဘူး” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
အဆိုပါ နိုင်ငံရေးပါတီများ အစုအဖွဲ့ အသစ်၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ဥက္ကဋ္ဌအဖြစ် တာ ဝန်ယူပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူကြောင်း သိရပါ တယ်။
အစုအဖွဲ့ အသစ်ကို နိုင်ငံရေးပါတီ ၁၉ ပါတီဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကော်မတီအဆင့်တွင် နိုင်ငံရေးပါတီ ၉ ပါတီ အရံကော်မတီအဆင့်တွင် နိုင်ငံရေးပါတီ ၁၀ ပါတီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
“တစ်အချက်ကတော့ ဒါကို ကျွန်တော်တို့ ကြိုတင်မသိခဲ့ဘူး၊ နှစ်အချက်က ဖွဲ့စည်းမှုမှာ အခမ်းအနားတက် ရောက်တဲ့သူတွေအပေါ်မှာ အခြေပြုပြီးတော့ ဖွဲ့စည်းသွားတယ်။ ဒီလိုပဲ ကျွန်တော်တို့ နားလည်တယ်။ အဲ့ဒီ အတွက် ကျွန်တော်တို့ပါတီ ပါဝင်တဲ့အခန်းကဏ္ဍက အရံကော်မတီမှာပဲ ပါတယ်ဆိုတာကို ကြားသိရတယ်။ သို့တော့ ကျွန်တော်တို့သည် အင်အားကြီးနိုင်ငံရေးပါတီဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို ဘယ်တော့မှ နောက် ဆုတ်သွားမှာမဟုတ်ဘူး၊ ကျရာနေရာကနေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။
အဆိုပါ UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ အသစ်ဖွဲ့စည်းသည့် အစည်းအဝေးတွင် အငြင်းပွားဖွယ်ရာကိစ္စတချို့ပေါ်ပေါက်ခဲ့ပြီး ယခု ဖွဲ့ စည်းသည့် အဖွဲ့အစည်း၌ ပါဝင်သူအချို့ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ကြောင်းသိရပါတယ်။
#PeopleMedia #USDP #ဒေါက်တာနန္ဒာလှမြင့်
(Unicode)
UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖွဲ့စည်းရန် အစည်းအဝေး၌ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစည်းအဝေး တက်ရောက်ခဲ့ခြင်း မရှိဟုဆို၊ အသစ်ဖွဲ့စည်းသည့် အဆိုပါ အစုအဖွဲ့ ၌ ဥက္ကဋ္ဌအဖြစ် SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း တာဝန်ယူမည်
……………………………………………………………
နေပြည်တော်၊ ဒီဇင်ဘာ ၈ (People Media)
UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖွဲ့စည်းရာတွင် ပြည်ခိုင်ဖြိုးပါတီသည် အရံကော်မတီအဆင့်၌ ထည့်သွင်းခြင်း ခံခဲ့ရ သော်လည်း အဆိုပါ ဖွဲ့စည်းမှုအစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တက်ရောက်ခဲ့ခြင်း မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ပြီးခဲ့သည့်လက ကျင်းပခဲ့သော PR စနစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲတက်ရောက်ခဲ့ သည့် ပါတီများက အစည်းအဝေး ထပ်မံကျင်းပခဲ့ပြီး UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က PR နဲ့ ပတ်သက်လို့ ဖိတ်ကြားတဲ့အတွက် ကျွန်တော်တို့ပါတီက ကိုယ်စား လှယ်သွားပြီးတော့ တက်တယ်။ အဲ့ဒီလိုသွားပြီးတော့ တက်လို့ပြီးတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးထပ်လုပ်မယ်။ အဲ့ဒီလို အခမ်းအနားအစီအစဉ်မှာ ဆက်လက်ပြီး တော့ ဆောင်ရွက်တာတွေ့တယ်။ ဖိတ်ကြားတဲ့အချိန်မှာ PR နဲ့ ပတ်သက်လို့ ဖိတ်ကြားတာဖြစ်တဲ့အတွက် PR ဆွေးနွေးပွဲတော့တက်တယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကြိုတင်ဖိတ်ကြားထားခြင်းမရှိတဲ့အခါကျ တော့ ကျွန်တော်တို့က မတက်ခဲ့ဘူး” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
အဆိုပါ နိုင်ငံရေးပါတီများ အစုအဖွဲ့ အသစ်၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ဥက္ကဋ္ဌအဖြစ် တာ ဝန်ယူပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူကြောင်း သိရပါ တယ်။
အစုအဖွဲ့ အသစ်ကို နိုင်ငံရေးပါတီ ၁၉ ပါတီဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကော်မတီအဆင့်တွင် နိုင်ငံရေးပါတီ ၉ ပါတီ အရံကော်မတီအဆင့်တွင် နိုင်ငံရေးပါတီ ၁၀ ပါတီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
“တစ်အချက်ကတော့ ဒါကို ကျွန်တော်တို့ ကြိုတင်မသိခဲ့ဘူး၊ နှစ်အချက်က ဖွဲ့စည်းမှုမှာ အခမ်းအနားတက် ရောက်တဲ့သူတွေအပေါ်မှာ အခြေပြုပြီးတော့ ဖွဲ့စည်းသွားတယ်။ ဒီလိုပဲ ကျွန်တော်တို့ နားလည်တယ်။ အဲ့ဒီ အတွက် ကျွန်တော်တို့ပါတီ ပါဝင်တဲ့အခန်းကဏ္ဍက အရံကော်မတီမှာပဲ ပါတယ်ဆိုတာကို ကြားသိရတယ်။ သို့တော့ ကျွန်တော်တို့သည် အင်အားကြီးနိုင်ငံရေးပါတီဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို ဘယ်တော့မှ နောက် ဆုတ်သွားမှာမဟုတ်ဘူး၊ ကျရာနေရာကနေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။
အဆိုပါ UPDJC အောက်ရှိ နိုင်ငံရေးပါတီများ အစုအဖွဲ့ အသစ်ဖွဲ့စည်းသည့် အစည်းအဝေးတွင် အငြင်းပွားဖွယ်ရာကိစ္စတချို့ပေါ်ပေါက်ခဲ့ပြီး ယခု ဖွဲ့ စည်းသည့် အဖွဲ့အစည်း၌ ပါဝင်သူအချို့ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ကြောင်းသိရပါတယ်။
#PeopleMedia #USDP ဒေါက်တာနန္ဒာလှမြင့်