အသစ္ျပင္ဆင္မည့္ ရန္ကုန္တိုင္းေဒသႀကီး ဆားႏွင့္ ဆားထြက္ပစၥည္းဆိုင္ရာဥပေဒတြင္ အျခားျပည္နယ္ႏွင့္ တိုင္းကထြက္ရွိေသာဆားမ်ားကိုထုတ္ပိုးေရာင္းခ်ခြင့္ရွိလာမည္

PUBLISHED - August 19, 2020
ရန္ကုန္၊ ၾသဂုတ္ ၁၉
အသစ္ျပင္ဆင္မည့္ ရန္ကုန္တိုင္းေဒသႀကီး ဆားႏွင့္ဆားထြက္ပစၥည္းဆိုင္ရာဥပေဒတြင္ အျခားျပည္နယ္ႏွင့္ တိုင္းကထြက္ရွိေသာဆားမ်ားကိုထုတ္ပိုးေရာင္းခ်ခြင့္ရွိလာမည္ျဖစ္ေၾကာင္းေတာင္ဥကၠလာပၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသစ္သစ္ျမင့္ ကေျပာသည္။
ဆားႏွင့္ဆားထြက္ပစၥည္းဆိုင္ရာဥပေဒအား ျပင္ဆင္ျဖည့္စြက္ရန္ယေန႔အစည္းအေ၀းက်င္းပသည့္အေပၚ ၾသဂုတ္လ ၁၉ ရက္ people media ကဆက္သြယ္ေမးျမန္းရာတြင္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္မ်ား စီစစ္ေရးေကာ္မတီ အတြင္းေရးမွဴးေတာင္ဥကၠလာပၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္ ေဒၚသစ္သစ္ျမင့္ကေျပာသည္။
“အခုလာမဲ့ ရန္ကုန္တိုင္းလႊတ္ေတာ္ေပါ့။ ၾသဂုတ္လ ၂၄ရက္မွာ စရင္ အဲဒီဆားႏွင့္ဆားထြက္ပစၥည္းဆိုင္ရာ ဥပေဒျပင္ဆင္တာ၊ ျဖည့္စြက္တာပါလာပါမယ္။ အားလုံး ျပင္ဆင္ခ်က္ ၁၆ခုပါပါတယ္။ အခုလက္ရွိျဖစ္ေပၚေန တာနဲ႔ မေလ်ာ္ညီတဲ့ဟာေတြ၊ ေနာက္အခုဟာက ဆားကရန္ကုန္တိုင္းမွာထုတ္တဲ့ေနရာမရွိဘူးေလ။ အျပင္က ဆားျပန္၀ယ္ၿပီးထုတ္ပိုးတာမ်ားတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕အခြင့္အေရးေပါ့။ လိုင္စင္ေတြဘာေတြေပါ့။ အခုဆို ရခိုင္တို႔ မြန္ျပည္နယ္တို႔ ဧရာ၀တီတိုင္းတို႔က ဆားေတြကို ဒီမွာ ျပန္႔သန္႔စင္မယ္။ အိုင္အိုဒင္းထည့္မယ္။ ျပန္ထုတ္ပိုးမယ္ေပါ့။ အဲဒီလို ကိစၥအမ်ားဆုံးပါပါတယ္’’ဟု ၎ကေျပာသည္။
မြန္ျပည္နယ္သည္ ႏွစ္စဥ္ ေနလွန္းဆား မက္ထရစ္တန္ခ်ိန္သုံးေသာင္းေက်ာ္ ထြက္ရွိၿပီးတစ္ႏိုင္ငံလုံးတြင္ ဒု တိယအမ်ားဆုံးထြက္ရွိရာေနရာလည္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အသက္ ၁၅ ႏွစ္မွ ၅၀ ႏွစ္အရြယ္အမ်ိဳးသားမ်ားသည္ တစ္ေန႔လွ်င္ပွ်မ္းမွ်ဆား ၆.၆ ဂရမ္ႏွင့္ အမ်ိဳးသမီးမ်ားသည္ ပွ်မ္းမွ်ဆား ၇.၃ ဂရမ္စားသုံးေနၾကေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ သိရသည္။
(unicode)
အသစ်ပြင်ဆင်မည့် ရန်ကုန်တိုင်းဒေသကြီး ဆားနှင့် ဆားထွက်ပစ္စည်းဆိုင်ရာဥပဒေတွင် အခြားပြည်နယ်နှင့် တိုင်းကထွက်ရှိသောဆားများကိုထုတ်ပိုးရောင်းချခွင့်ရှိလာမည်
…………………………………………………
ရန်ကုန်၊ ဩဂုတ် ၁၉
အသစ်ပြင်ဆင်မည့် ရန်ကုန်တိုင်းဒေသကြီး ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာဥပဒေတွင် အခြားပြည်နယ်နှင့် တိုင်းကထွက်ရှိသောဆားများကိုထုတ်ပိုးရောင်းချခွင့်ရှိလာမည်ဖြစ်ကြောင်းတောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့် ကပြောသည်။
ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာဥပဒေအား ပြင်ဆင်ဖြည့်စွက်ရန်ယနေ့အစည်းအဝေးကျင်းပသည့်အပေါ် ဩဂုတ်လ ၁၉ ရက် people media ကဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ စီစစ်ရေးကော်မတီ အတွင်းရေးမှူးတောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်သစ်သစ်မြင့်ကပြောသည်။
“အခုလာမဲ့ ရန်ကုန်တိုင်းလွှတ်တော်ပေါ့။ ဩဂုတ်လ ၂၄ရက်မှာ စရင် အဲဒီဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာ ဥပဒေပြင်ဆင်တာ၊ ဖြည့်စွက်တာပါလာပါမယ်။ အားလုံး ပြင်ဆင်ချက် ၁၆ခုပါပါတယ်။ အခုလက်ရှိဖြစ်ပေါ်နေ တာနဲ့ မလျော်ညီတဲ့ဟာတွေ၊ နောက်အခုဟာက ဆားကရန်ကုန်တိုင်းမှာထုတ်တဲ့နေရာမရှိဘူးလေ။ အပြင်က ဆားပြန်ဝယ်ပြီးထုတ်ပိုးတာများတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူတို့ရဲ့အခွင့်အရေးပေါ့။ လိုင်စင်တွေဘာတွေပေါ့။ အခုဆို ရခိုင်တို့ မွန်ပြည်နယ်တို့ ဧရာဝတီတိုင်းတို့က ဆားတွေကို ဒီမှာ ပြန့်သန့်စင်မယ်။ အိုင်အိုဒင်းထည့်မယ်။ ပြန်ထုတ်ပိုးမယ်ပေါ့။ အဲဒီလို ကိစ္စအများဆုံးပါပါတယ်’’ဟု ၎င်းကပြောသည်။
မွန်ပြည်နယ်သည် နှစ်စဉ် နေလှန်းဆား မက်ထရစ်တန်ချိန်သုံးသောင်းကျော် ထွက်ရှိပြီးတစ်နိုင်ငံလုံးတွင် ဒု တိယအများဆုံးထွက်ရှိရာနေရာလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၅၀ နှစ်အရွယ်အမျိုးသားများသည် တစ်နေ့လျှင်ပျှမ်းမျှဆား ၆.၆ ဂရမ်နှင့် အမျိုးသမီးများသည် ပျှမ်းမျှဆား ရ.၃ ဂရမ်စားသုံးနေကြကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။