အသားအေရာင္ခြဲျခားမႈနဲ႕ရဲတပ္ဖြဲ႕အင္အားအလြန္အကြၽံသုံးမႈေတြအေပၚကန့္ကြက္ဆႏၵျပမႈေနာက္ကြယ္မွာ ကုေဋႂကြယ္သူေဌးေဂ်ာ့ ဆိုးေရာ့စ္ရွိေနတယ္လို႔ စိတ္ကူးယဥ္ဆက္စပ္ေတြးဆ ခ်က္ေတြေပၚထြက္ေန
PUBLISHED - June 24, 2020
ပဲရစ္၊ ဇြန္ ၂၃
သူက ဆႏၵျပသူေတြငွားတယ္၊ ဘတ္စ္ကားေတြငွားၿပီး ပို႔ေပးေနတယ္လို႔ေျပာေနၾကပါတယ္။
စတိုးဆိုင္မ်က္ႏွာစာေတြနဲ႕ ရဲေတြကို အုတ္ခဲအပုံလိုက္နဲ႕ပစ္မယ့္လူေတြ သူ႕မွာရွိေနတယ္လို႔လည္း တခ်ိဳ႕ကေျပာပါတယ္။
သူဆိုတာေတာ့ ကုေဋႂကြယ္တီထြင္သူနဲ႕ ပရဟိတသမား ေဂ်ာ့ ဆိုးေရာ့စ္ပါ။
အရင္ကလည္း စိတ္ကူးယဥ္ဆက္စပ္ေတြးဆခ်က္ေတြနဲ႕ပစ္မွတ္ထားခံေနရတဲ့ဆိုးေရာ့ကို အခုလည္း အေမရိကန္ျပည္ေထာင္စုမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ေနတဲ့ လူမည္းေတြကိုရဲေတြကသတ္ျဖတ္ေနတာကိုဆန့္က်င္ဆႏၵျပပြဲေတြကို စီစဥ္ၫႊန္ၾကားၿပီး ေငြေၾကးေထာက္ပံ့ေနတယ္လို႔ လြဲမွားစြာစြပ္စြဲေနပါတယ္။
ရီပတ္ဘလစ္ကန္ေခါင္းေဆာင္တခ်ိဳ႕အပါအ၀င္ လက္ယာစြန္းလူဦးေရျမင့္တက္တာေၾကာင့္ ၿပီးခဲ့တဲ့သီတင္းပတ္ေတြထဲမွာ ဆိုးေရာ့နဲ႕ပတ္သက္ၿပီး အြန္လိုင္းမွာေရးသားေနတာေတြ မိုးထိုးတက္ေနတာပါ။
“ေဂ်ာ့ဆိုးေရာ့စ္ကို ျပည္တြင္းအၾကမ္းဖက္မႈေတြကို ေငြေၾကးေထာက္ပံ့တာနဲ႕ ဆယ္စုႏွစ္ခ်ီေနတဲ့အက်င့္ပ်က္ျခစားမႈအတြက္ စုံစမ္းစစ္ေဆးအေရးယူေပး” လို႔ အာဏာပိုင္ေတြကို တိုက္တြန္းေနတဲ့ေရွးရိုးစြဲအုပ္စုေတြရဲ႕အြန္လိုင္းေၾကာ္ျငာေတြနဲ႕အတူတြဲပါလာတာပါ။
အသက္ ၈၉ ႏွစ္ရွိေနတဲ့ဆိုးေရာ့စ္ဟာ သူခ်မ္းသာသမွ်ထဲက ေဒၚလာသန္းေထာင္ခ်ီကို ကမာၻတ၀န္းက လစ္ဘရယ္နဲ႕ အာဏာရွင္ဆန့္က်င္တဲ့အေၾကာင္းရင္းမွန္သမွ်ကို လႉဒါန္းၿပီး ဒါ့ေၾကာင့္ လက္ယာစြန္းအမ်ားအျပားက သူ႕ကိုပစ္မွတ္အေနနဲ႕ သတ္မွတ္ထားတာပါ။
အဲဒီလိုေကာလဟလေတြဟာ လူမႈကြန္ရက္ေတြေပၚမွာေတာ့ ပိုျမန္ျမန္နဲ႕ ပြားမ်ားေနပါတယ္။
ေမလကုန္ပိုင္း ၄ ရက္မွာတင္ ဆိုးေရာ့စ္အေၾကာင္း အဆိုးျမင္ေျပာဆိုေနတဲ့ပို႔စ္ေတြဟာ တြစ္တာမွာ တစ္ေန႕ ၂၀၀၀၀ ကေန ၅၀၀၀၀၀ ေက်ာ္အထိျမင့္တက္ေနတယ္လို႔ Anti-Defamation League အဖြဲ႕ရဲ႕ ခြဲျခမ္းစိတ္ျဖာေလ့လာမႈအရသိရပါတယ္။
အစြန္းေရာက္မႈနဲ႕ နိုင္ငံေရးအစြဲျပင္းထန္မႈေတြကိုအာ႐ုံစိုက္ေလ့လာတဲ့ Institute for Strategic Dialogue ကလည္း ေမလထဲမွာ Facbook ေပၚမွာ ဆိုးေရာ့စ္အေၾကာင္းထုတ္ေျပာတာ ၆၈၇၄၆ ႀကိမ္ရွိတယ္လို႔ ေတြ႕ရွိထားၿပီးေတာ့ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာတုန္းက ေတာင္အေမရိကကေ႐ႊ႕ေျပာင္းအေျခခ်သဴေတြအေမရိကန္ကိုဦးတည္လာေအာင္ သူကူညီေနတာလို႔ ေဒါသတႀကီးေျပာတဲ့ပို႔စ္ေတြကစြပ္စြဲေနတဲ့အခ်ိန္မွာေတာင္ ၃၈၃၂၆ ႀကိမ္ရွိတယ္လို႔ စံခ်ိန္တင္ထားနိုင္တာပါ။
မင္နီယာပိုလစ္ရဲေတြလက္မွာ ေဂ်ာ့ ဖလြိုက္ေသဆုံးခဲ့ၿပီးတဲ့ေနာက္ အေမရိကန္တစ္နိုင္ငံလုံးမွာ ဆႏၵထုတ္ေဖာ္မႈေတြရွိေနတုန္း အခုေဝဖန္မႈလွိုင္းေတြစလာတာျဖစ္ပါတယ္။
တခ်ိဳ႕ကေတာ့ ဆိုးေရာ့စ္က ဆႏၵျပပြဲေတြကို ေငြေၾကးေထာက္ပံ့တယ္လို႔ေျပာေနခ်ိန္မွာပဲ ၿပီးခဲ့တဲ့လတုန္းက ေဂ်ာ့ ဖလြိုက္ေသဆုံးတယ္ဆိုၿပီး ရဲေတြနဲ႕သူနဲ႕ေပါင္းႀကံတာလို႔ တခ်ိဳ႕ေတြကလည္းေျပာပါတယ္။
ဒါေပမဲ့ ရနိုင္သမွ်အေထာက္အထားေတြအရေတာ့ ဆႏၵထုတ္ေဖာ္ေနတဲ့လူေတြအားလုံးက ရဲေတြရက္စက္တာနဲ႕ လူမ်ိဳးေရးခြဲျခားမႈေတြကိုစိတ္ပ်က္ေနတဲ့အေမရိကန္နိုင္ငံသားေထာင္ခ်ီစုေဝးေနၾကတာျဖစ္ပါတယ္။
“ကြၽန္ေတာ္ထင္တာေတာ့ အခုလိုစြပ္စြဲေျပာဆိုေနတာေတြက ကိုရိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါနဲ႕ လူမည္းေတြရဲ႕အသက္တစ္ေခ်ာင္းလည္း တန္ဖိုးရွိတယ္ဆိုတဲ့လႈပ္ရွားမႈနဲ႕ ဆႏၵျပပြဲေတြလိုမ်ိဳး လက္ထဲေရာက္ေနတဲ့ျပႆနာေတြကေန လမ္းလႊဲဖို႔ႀကိဳးစားေနတာတစ္ပိုင္းပါမယ္။” လို႔ ဆိုးေရာ့စ္ရဲ႕ပရဟိတအဖြဲ႕ Open Society Foundationsရဲ႕ ဆက္ဆံေရးအရာရွိခ်ဳပ္ ေလာ္ရာ ဆီလ္ဘာကေျပာပါတယ္။
“သူတို႔က ေန႕စားခယူၿပီး ဆႏၵျပေနတယ္လို႔ အျပင္မွာဆႏၵထြက္ျပေနတဲ့လူေတြကိုေျပာတာေတာ့ ေတာ္ေတာ္အဓိပၸာယ္မရွိတာပဲ။ ေစာ္ကားတယ္လို႔ေတာင္ေျပာလို႔ရတယ္။” လို႔လည္း သူကေျပာပါတယ္။
စြပ္စြဲခ်က္ေတြကို တစ္ခ်က္ၾကည့္မယ္ဆိုရင္ေတာ့ (၁) ဆိုးေရာ့စ္က ဆႏၵျပသူေတြကို ပိုက္ဆံေပးတယ္။ (၂) ဆိုးေရာ့စ္က ဆႏၵျပတဲ့လူေတြအတြက္ ႀကိဳ၊ ပို႔စီစဥ္ေပးတယ္။ (၃) ဆႏၵျပပြဲေတြနားမွာ အုတ္ခဲေတြ အစီအစဥ္ခ်ၿပီး ထားေပးထားတယ္။ ဆိုတာေတြျဖစ္ပါတယ္။
(၁)ကိုေျပာရရင္ေတာ့ ဆိုးေရာ့စ္ေရာ သူ႕အဖြဲ႕အစည္းေတြေရာက ဆႏၵျပသူေတြကို ပိုက္ဆံေပးတယ္ဆိုတဲ့အေထာက္အထားမရွိပါဘူး။
ဒါလည္း အရင္က ေကာလဟာလေတြကို ပုံစံအသစ္တစ္မ်ိဳးနဲ႕ေျပာတာပါ။
၂၀၁၇ ခုႏွစ္က သမၼတေဒၚနယ္ ထရမ့္ က်မ္းက်ိန္ၿပီးေတာ့ အမ်ိဳးသမီးေတြခ်ီတက္ၾကတာအပါအ၀င္ တျခားအခမ္းအနားေတြေတာ္ေတာ္မ်ားမ်ားကို ဆိုးေရာ့စ္က ပိုက္ဆံေပးထားတယ္ဆိုၿပီး အရင္ပုံစံေတြမွာေျပာထားပါတယ္။
(၂)ကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္တုန္းက “ဆိုးေရာ့ရဲ႕အဓိက႐ုဏ္းအကအဖြဲ႕”လို႔စာတမ္းပါတဲ့ဘတ္စ္ကား ၂ စီးပါတဲ့ဓာတ္ပုံတစ္ပုံကို စိတ္၀င္တစားရွိခဲ့ရာကစပါတယ္။
အဲဒီပုံကိုကိုးကားၿပီးေတာ့ ဆိုးေရာ့စ္ဆႏၵျပပြဲေတြမွာပါတယ္လို႔ သက္ေသျပေျပာေနေပမဲ့ အဲဒီပုံဟာ အတုအေယာင္ျဖစ္ပါတယ္။
မူလပုံေတြမွာ အမွတ္အသားမပါတဲ့ဘတ္စ္ကား ၂ စီးကိုျမင္ရေပမဲ့ ဆိုးေရာ့စ္ကို ဒီကိစၥထဲဆြဲထည့္ခ်င္တဲ့လူတစ္ေယာက္က စာေတြထည့္ၿပီး ပုံေတြကိုျပင္သြားတာျဖစ္နိုင္ပါတယ္။
(၃) ကိုေျပာရရင္ေတာ့ အုတ္ခဲပုံေတြပါတဲ့အလြဲစြပ္စြဲမႈေတြဟာ မမွန္တာကိုတမင္ရည္႐ြယ္ေျပာဆိုတာျဖစ္ၿပီး အုတ္ခဲေတြကို တမင္ရည္႐ြယ္ၿပီးထားတယ္ဆိုတဲ့သက္ေသ ထြက္ေပၚလာတာမ်ိဳးမရွိပါဘူး။
ဆိုးေရာ့စ္အေၾကာင္း အခုေျပာဆိုေနတာေတြဟာ ဆႏၵျပပြဲေတြနဲ႕ ေနာက္ကြယ္ကအမွန္တကယ္အေၾကာင္းရင္းေတြကို တရားမ၀င္လုပ္ရပ္ေတြျဖစ္ေအာင္လုပ္ဖို႔ နည္းလမ္းတစ္ခုျဖစ္ေနတယ္လို႔ ေနာက္ကြယ္ကအေၾကာင္းရင္းေတြရွိတယ္ဆိုတဲ့ စိတ္ကူးယဥ္ဆက္စပ္ေတြးဆခ်က္ေတြကိုေလ့လာေနတဲ့ကြၽမ္းက်င္သူေတြကေျပာပါတယ္။
တခ်ိဳ႕ကေတာ့ ဂ်ဴးလူမ်ိဳးေရးခြဲျခားမႈလို႔ျမင္ေနၾကၿပီးေတာ့ ဒါကေတာ့ Illuminati၊ Rothschilds၊ Rockefellers၊ Bill Gates၊ Sorosတို႔လို လူခ်မ္းသာေတြဟာ ကမာၻနဲ႕ခ်ီတဲ့အျဖစ္အပ်က္ေတြေနာက္ကြယ္မွာရွိေနတတ္တယ္ဆိုတဲ့ အိုေဟာင္းၾကာျမင့္ေနၿပီျဖစ္တဲ့ေကာလဟာလျပန္လွည့္လာတာပါ။
အဲဒီေတြးဆခ်က္ေတြဟာ လက္ေတြ႕ကမာၻ႔မွာ ေနာက္ဆက္တြဲေတြရွိလာပါတယ္။
၂၀၁၈ ခုႏွစ္တုန္းကလည္း အေမရိကန္-မကၠဆီကိုနယ္စပ္ကို ေ႐ႊ႕ေျပာင္းအေျခခ်သဴေတြဦးတည္လာေနတယ္ဆိုတဲ့သတင္းေတြရွိေနခ်ိန္မွာ ဆိုးေရာ့စ္နဲ႕ပတ္သက္ၿပီး သတင္းမွားေတြေၾကာင့္ အင္အားသုံးတိုက္ခိုက္မႈေတြျဖစ္ခဲ့ပါတယ္။
ထရမ့္ကိုမ်က္ကန္းေထာက္ခံတဲ့ ဖေလာ္ရီဒါျပည္နယ္က ဆီဆာ ဆာေယာ့က သတင္းစာေတြ၊ ထိပ္တန္းဒီမိုကရတ္ေခါင္းေဆာင္ေတြနဲ႕ ဆိုးေရာ့စ္ကိုယ္တိုင္တို႔ဆီကို ပိုက္ဗုံးေတြမပို႔ခင္ လူမႈကြန္ရက္မွာ ဆိုးေရာ့စ္အေၾကာင္း အႀကိမ္ေတာ္ေတာ္မ်ားမ်ားေျပာဆိုခဲ့ပါတယ္။
ေစ့ေစ့စပ္စပ္စစ္ေဆးခဲ့ေပမဲ့ ေ႐ႊ႕ေျပာင္းအေျခခ်လာသူေတြနဲ႕ ဆိုးေရာ့တို႔ဆက္စပ္မႈရွိတယ္ဆိုတဲ့သက္ေသ တစ္ခုမွထြက္မလာပါဘူး။
ဒါေပမဲ့ သမၼတထရမ့္ကေတာ့ ဆိုးေရာ့စ္ပါတာဟုတ္၊ မဟုတ္ေမးရာမွာ မီးေလာင္ရာေလပင့္ခဲ့ပါတယ္။
“ကြၽန္ေတာ္မအံ့ၾသေတာ့ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားက ဟုတ္တယ္လို႔ေျပာေနၾကတာပဲ။” လို႔ သမၼတကေျပာပါတယ္။
အခုအထိပဲ တခ်ိဳ႕ရီပတ္ဘလစ္ကန္ေတြက ဆိုးေရာ့စ္နဲ႕ဆႏၵျပမႈေတြဆက္ဆံမႈေတြရွိေနတယ္ဆိုတဲ့တလြဲစြပ္စြဲခ်က္ေတြနဲ႕ ေကာလဟာလေတြျဖန့္ခ်ိေနတာေတြကို တြန္းေပးေနတုန္းပါ။
တကၠဆက္ျပည္နယ္က ခရိုင္ပါတီဥကၠ႒ေတြက ဆိုးေရာ့စ္ဟာ ဆႏၵထုတ္ေဖာ္မႈေတြေနာက္ကြယ္မွာရွိေနတယ္ဆိုတဲ့ပို႔စ္ေတြကို ေဝမွ်ၿပီးတဲ့ေနာက္ပိုင္း ႏုတ္ထြက္ၾကဖို႔ သူတို႔ကို ျပည္နယ္ပါတီေခါင္းေဆာင္က တိုက္တြန္းခဲ့ပါတယ္။
စိတ္ကူးယဥ္ဆက္စပ္ေတြးဆခ်က္ေတြေၾကာင့္ လူေတြကို အၾကမ္းဖက္တိုက္ခိုက္မယ္လို႔ၿခိမ္းေျခာက္မႈေတြနဲ႕ အေရးႀကီးတဲ့အစိုးရအဖြဲ႕အစည္းေတြကို မယုံေတာ့ရင္ အဲဒီအေတြးေတြဟာ ျပႆနာတစ္ရပ္ျဖစ္လာနိုင္တယ္လို႔လည္း ကြၽမ္းက်င္သူေတြကေျပာပါတယ္။
အဲဒီေတြးဆခ်က္ေတြဟာ ေနာက္ကြယ္မွာေပ်ာက္ကြယ္သြားၿပီး အၾကပ္အတည္းျဖစ္ခ်ိန္က်မွ ျပန္ေပၚထြက္လာတတ္ပါတယ္။
“စိတ္ကူးယဥ္ဆက္စပ္ေတြးဆခ်က္ေတြကိုယ္တိုင္ကိုက ဗိုင္းရပ္စ္ေတြလိုပဲ။ ဇာတ္ေကာင္ေတြနည္းနည္းေျပာင္းသြားမယ္။ အယူအဆႀကီးကိုယ္တိုင္လည္း ပုံေျပာင္းသြားနိုင္ေပမဲ့ ဒီနားမွာပဲ တဝဲလည္လည္ပတ္ေနတာ။” လို႔ စိတ္ကူးယဥ္ဆက္စပ္ေတြးဆခ်က္ေတြကိုသုေတသနလုပ္ေနတဲ့ ဆီရာကူးစ္တကၠသိုလ္က သတင္းအခ်က္အလက္ေလ့လာမႈပါေမာကၡ ေဂ်ာ့ရွ္ အင္တ႐ုန္းကေျပာပါတယ္။
REF : GEORGE SOROS CONSPIRACY THEORIES SURGE AS PROTESTS SWEEP US
#PeopleMedia
[Unicode]
အသားအရောင်ခွဲခြားမှုနဲ့ရဲတပ်ဖွဲ့အင်အားအလွန်အကျွံသုံးမှုတွေအပေါ်ကန့်ကွက်ဆန္ဒပြမှုနောက်ကွယ်မှာ ကုဋေကြွယ်သူဌေးဂျော့ ဆိုးရော့စ်ရှိနေတယ်လို့ စိတ်ကူးယဉ်ဆက် စပ်တွေးဆချက်တွေပေါ်ထွက်နေ
…………………………………………………………………………….
ပဲရစ်၊ ဇွန် ၂၃
သူက ဆန္ဒပြသူတွေငှားတယ်၊ ဘတ်စ်ကားတွေငှားပြီး ပို့ပေးနေတယ်လို့ပြောနေကြပါတယ်။
စတိုးဆိုင်မျက်နှာစာတွေနဲ့ ရဲတွေကို အုတ်ခဲအပုံလိုက်နဲ့ပစ်မယ့်လူတွေ သူ့မှာရှိနေတယ်လို့လည်း တချို့ကပြောပါတယ်။
သူဆိုတာတော့ ကုဋေကြွယ်တီထွင်သူနဲ့ ပရဟိတသမား ဂျော့ ဆိုးရော့စ်ပါ။
အရင်ကလည်း စိတ်ကူးယဉ်ဆက်စပ်တွေးဆချက်တွေနဲ့ပစ်မှတ်ထားခံနေရတဲ့ဆိုးရော့ကို အခုလည်း အမေရိကန်ပြည်ထောင်စုမှာ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူမည်းတွေကိုရဲတွေကသတ်ဖြတ်နေတာကိုဆန့်ကျင်ဆန္ဒပြပွဲတွေကို စီစဉ်ညွှန်ကြားပြီး ငွေကြေးထောက်ပံ့နေတယ်လို့ လွဲမှားစွာစွပ်စွဲနေပါတယ်။
ရီပတ်ဘလစ်ကန်ခေါင်းဆောင်တချို့အပါအ၀င် လက်ယာစွန်းလူဦးရေမြင့်တက်တာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွေထဲမှာ ဆိုးရော့နဲ့ပတ်သက်ပြီး အွန်လိုင်းမှာရေးသားနေတာတွေ မိုးထိုးတက်နေတာပါ။
“ဂျော့ဆိုးရော့စ်ကို ပြည်တွင်းအကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့တာနဲ့ ဆယ်စုနှစ်ချီနေတဲ့အကျင့်ပျက်ခြစားမှုအတွက် စုံစမ်းစစ်ဆေးအရေးယူပေး” လို့ အာဏာပိုင်တွေကို တိုက်တွန်းနေတဲ့ရှေးရိုးစွဲအုပ်စုတွေရဲ့အွန်လိုင်းကြော်ငြာတွေနဲ့အတူတွဲပါလာတာပါ။
အသက် ၈၉ နှစ်ရှိနေတဲ့ဆိုးရော့စ်ဟာ သူချမ်းသာသမျှထဲက ဒေါ်လာသန်းထောင်ချီကို ကမ္ဘာတ၀န်းက လစ်ဘရယ်နဲ့ အာဏာရှင်ဆန့်ကျင်တဲ့အကြောင်းရင်းမှန်သမျှကို လှူဒါန်းပြီး ဒါ့ကြောင့် လက်ယာစွန်းအများအပြားက သူ့ကိုပစ်မှတ်အနေနဲ့ သတ်မှတ်ထားတာပါ။
အဲဒီလိုကောလဟလတွေဟာ လူမှုကွန်ရက်တွေပေါ်မှာတော့ ပိုမြန်မြန်နဲ့ ပွားများနေပါတယ်။
မေလကုန်ပိုင်း ၄ ရက်မှာတင် ဆိုးရော့စ်အကြောင်း အဆိုးမြင်ပြောဆိုနေတဲ့ပို့စ်တွေဟာ တွစ်တာမှာ တစ်နေ့ ၂၀၀၀၀ ကနေ ၅၀၀၀၀၀ ကျော်အထိမြင့်တက်နေတယ်လို့ Anti-Defamation League အဖွဲ့ရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရသိရပါတယ်။
အစွန်းရောက်မှုနဲ့ နိုင်ငံရေးအစွဲပြင်းထန်မှုတွေကိုအာရုံစိုက်လေ့လာတဲ့ Institute for Strategic Dialogue ကလည်း မေလထဲမှာ Facbook ပေါ်မှာ ဆိုးရော့စ်အကြောင်းထုတ်ပြောတာ ၆၈၇၄၆ ကြိမ်ရှိတယ်လို့ တွေ့ရှိထားပြီးတော့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတုန်းက တောင်အမေရိကကရွှေ့ပြောင်းအခြေချသူတွေအမေရိကန်ကိုဦးတည်လာအောင် သူကူညီနေတာလို့ ဒေါသတကြီးပြောတဲ့ပို့စ်တွေကစွပ်စွဲနေတဲ့အချိန်မှာတောင် ၃၈၃၂၆ ကြိမ်ရှိတယ်လို့ စံချိန်တင်ထားနိုင်တာပါ။
မင်နီယာပိုလစ်ရဲတွေလက်မှာ ဂျော့ ဖလွိုက်သေဆုံးခဲ့ပြီးတဲ့နောက် အမေရိကန်တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်မှုတွေရှိနေတုန်း အခုဝေဖန်မှုလှိုင်းတွေစလာတာဖြစ်ပါတယ်။
တချို့ကတော့ ဆိုးရော့စ်က ဆန္ဒပြပွဲတွေကို ငွေကြေးထောက်ပံ့တယ်လို့ပြောနေချိန်မှာပဲ ပြီးခဲ့တဲ့လတုန်းက ဂျော့ ဖလွိုက်သေဆုံးတယ်ဆိုပြီး ရဲတွေနဲ့သူနဲ့ပေါင်းကြံတာလို့ တချို့တွေကလည်းပြောပါတယ်။
ဒါပေမဲ့ ရနိုင်သမျှအထောက်အထားတွေအရတော့ ဆန္ဒထုတ်ဖော်နေတဲ့လူတွေအားလုံးက ရဲတွေရက်စက်တာနဲ့ လူမျိုးရေးခွဲခြားမှုတွေကိုစိတ်ပျက်နေတဲ့အမေရိကန်နိုင်ငံသားထောင်ချီစုဝေးနေကြတာဖြစ်ပါတယ်။
“ကျွန်တော်ထင်တာတော့ အခုလိုစွပ်စွဲပြောဆိုနေတာတွေက ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါနဲ့ လူမည်းတွေရဲ့အသက်တစ်ချောင်းလည်း တန်ဖိုးရှိတယ်ဆိုတဲ့လှုပ်ရှားမှုနဲ့ ဆန္ဒပြပွဲတွေလိုမျိုး လက်ထဲရောက်နေတဲ့ပြဿနာတွေကနေ လမ်းလွှဲဖို့ကြိုးစားနေတာတစ်ပိုင်းပါမယ်။” လို့ ဆိုးရော့စ်ရဲ့ပရဟိတအဖွဲ့ Open Society Foundationsရဲ့ ဆက်ဆံရေးအရာရှိချုပ် လော်ရာ ဆီလ်ဘာကပြောပါတယ်။
“သူတို့က နေ့စားခယူပြီး ဆန္ဒပြနေတယ်လို့ အပြင်မှာဆန္ဒထွက်ပြနေတဲ့လူတွေကိုပြောတာတော့ တော်တော်အဓိပ္ပာယ်မရှိတာပဲ။ စော်ကားတယ်လို့တောင်ပြောလို့ရတယ်။” လို့လည်း သူကပြောပါတယ်။
စွပ်စွဲချက်တွေကို တစ်ချက်ကြည့်မယ်ဆိုရင်တော့ (၁) ဆိုးရော့စ်က ဆန္ဒပြသူတွေကို ပိုက်ဆံပေးတယ်။ (၂) ဆိုးရော့စ်က ဆန္ဒပြတဲ့လူတွေအတွက် ကြို၊ ပို့စီစဉ်ပေးတယ်။ (၃) ဆန္ဒပြပွဲတွေနားမှာ အုတ်ခဲတွေ အစီအစဉ်ချပြီး ထားပေးထားတယ်။ ဆိုတာတွေဖြစ်ပါတယ်။
(၁)ကိုပြောရရင်တော့ ဆိုးရော့စ်ရော သူ့အဖွဲ့အစည်းတွေရောက ဆန္ဒပြသူတွေကို ပိုက်ဆံပေးတယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။
ဒါလည်း အရင်က ကောလဟာလတွေကို ပုံစံအသစ်တစ်မျိုးနဲ့ပြောတာပါ။
၂၀၁၇ ခုနှစ်က သမ္မတဒေါ်နယ် ထရမ့် ကျမ်းကျိန်ပြီးတော့ အမျိုးသမီးတွေချီတက်ကြတာအပါအ၀င် တခြားအခမ်းအနားတွေတော်တော်များများကို ဆိုးရော့စ်က ပိုက်ဆံပေးထားတယ်ဆိုပြီး အရင်ပုံစံတွေမှာပြောထားပါတယ်။
(၂)ကတော့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက “ဆိုးရော့ရဲ့အဓိကရုဏ်းအကအဖွဲ့”လို့စာတမ်းပါတဲ့ဘတ်စ်ကား ၂ စီးပါတဲ့ဓာတ်ပုံတစ်ပုံကို စိတ်၀င်တစားရှိခဲ့ရာကစပါတယ်။
အဲဒီပုံကိုကိုးကားပြီးတော့ ဆိုးရော့စ်ဆန္ဒပြပွဲတွေမှာပါတယ်လို့ သက်သေပြပြောနေပေမဲ့ အဲဒီပုံဟာ အတုအယောင်ဖြစ်ပါတယ်။
မူလပုံတွေမှာ အမှတ်အသားမပါတဲ့ဘတ်စ်ကား ၂ စီးကိုမြင်ရပေမဲ့ ဆိုးရော့စ်ကို ဒီကိစ္စထဲဆွဲထည့်ချင်တဲ့လူတစ်ယောက်က စာတွေထည့်ပြီး ပုံတွေကိုပြင်သွားတာဖြစ်နိုင်ပါတယ်။
(၃) ကိုပြောရရင်တော့ အုတ်ခဲပုံတွေပါတဲ့အလွဲစွပ်စွဲမှုတွေဟာ မမှန်တာကိုတမင်ရည်ရွယ်ပြောဆိုတာဖြစ်ပြီး အုတ်ခဲတွေကို တမင်ရည်ရွယ်ပြီးထားတယ်ဆိုတဲ့သက်သေ ထွက်ပေါ်လာတာမျိုးမရှိပါဘူး။
ဆိုးရော့စ်အကြောင်း အခုပြောဆိုနေတာတွေဟာ ဆန္ဒပြပွဲတွေနဲ့ နောက်ကွယ်ကအမှန်တကယ်အကြောင်းရင်းတွေကို တရားမ၀င်လုပ်ရပ်တွေဖြစ်အောင်လုပ်ဖို့ နည်းလမ်းတစ်ခုဖြစ်နေတယ်လို့ နောက်ကွယ်ကအကြောင်းရင်းတွေရှိတယ်ဆိုတဲ့ စိတ်ကူးယဉ်ဆက်စပ်တွေးဆချက်တွေကိုလေ့လာနေတဲ့ကျွမ်းကျင်သူတွေကပြောပါတယ်။
တချို့ကတော့ ဂျူးလူမျိုးရေးခွဲခြားမှုလို့မြင်နေကြပြီးတော့ ဒါကတော့ Illuminati၊ Rothschilds၊ Rockefellers၊ Bill Gates၊ Sorosတို့လို လူချမ်းသာတွေဟာ ကမ္ဘာနဲ့ချီတဲ့အဖြစ်အပျက်တွေနောက်ကွယ်မှာရှိနေတတ်တယ်ဆိုတဲ့ အိုဟောင်းကြာမြင့်နေပြီဖြစ်တဲ့ကောလဟာလပြန်လှည့်လာတာပါ။
အဲဒီတွေးဆချက်တွေဟာ လက်တွေ့ကမ္ဘာ့မှာ နောက်ဆက်တွဲတွေရှိလာပါတယ်။
၂၀၁၈ ခုနှစ်တုန်းကလည်း အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ရွှေ့ပြောင်းအခြေချသူတွေဦးတည်လာနေတယ်ဆိုတဲ့သတင်းတွေရှိနေချိန်မှာ ဆိုးရော့စ်နဲ့ပတ်သက်ပြီး သတင်းမှားတွေကြောင့် အင်အားသုံးတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။
ထရမ့်ကိုမျက်ကန်းထောက်ခံတဲ့ ဖလော်ရီဒါပြည်နယ်က ဆီဆာ ဆာယော့က သတင်းစာတွေ၊ ထိပ်တန်းဒီမိုကရတ်ခေါင်းဆောင်တွေနဲ့ ဆိုးရော့စ်ကိုယ်တိုင်တို့ဆီကို ပိုက်ဗုံးတွေမပို့ခင် လူမှုကွန်ရက်မှာ ဆိုးရော့စ်အကြောင်း အကြိမ်တော်တော်များများပြောဆိုခဲ့ပါတယ်။
စေ့စေ့စပ်စပ်စစ်ဆေးခဲ့ပေမဲ့ ရွှေ့ပြောင်းအခြေချလာသူတွေနဲ့ ဆိုးရော့တို့ဆက်စပ်မှုရှိတယ်ဆိုတဲ့သက်သေ တစ်ခုမှထွက်မလာပါဘူး။
ဒါပေမဲ့ သမ္မတထရမ့်ကတော့ ဆိုးရော့စ်ပါတာဟုတ်၊ မဟုတ်မေးရာမှာ မီးလောင်ရာလေပင့်ခဲ့ပါတယ်။
“ကျွန်တော်မအံ့သြတော့ပါဘူး။ လူတော်တော်များများက ဟုတ်တယ်လို့ပြောနေကြတာပဲ။” လို့ သမ္မတကပြောပါတယ်။
အခုအထိပဲ တချို့ရီပတ်ဘလစ်ကန်တွေက ဆိုးရော့စ်နဲ့ဆန္ဒပြမှုတွေဆက်ဆံမှုတွေရှိနေတယ်ဆိုတဲ့တလွဲစွပ်စွဲချက်တွေနဲ့ ကောလဟာလတွေဖြန့်ချိနေတာတွေကို တွန်းပေးနေတုန်းပါ။
တက္ကဆက်ပြည်နယ်က ခရိုင်ပါတီဥက္ကဋ္ဌတွေက ဆိုးရော့စ်ဟာ ဆန္ဒထုတ်ဖော်မှုတွေနောက်ကွယ်မှာရှိနေတယ်ဆိုတဲ့ပို့စ်တွေကို ဝေမျှပြီးတဲ့နောက်ပိုင်း နုတ်ထွက်ကြဖို့ သူတို့ကို ပြည်နယ်ပါတီခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။
စိတ်ကူးယဉ်ဆက်စပ်တွေးဆချက်တွေကြောင့် လူတွေကို အကြမ်းဖက်တိုက်ခိုက်မယ်လို့ခြိမ်းခြောက်မှုတွေနဲ့ အရေးကြီးတဲ့အစိုးရအဖွဲ့အစည်းတွေကို မယုံတော့ရင် အဲဒီအတွေးတွေဟာ ပြဿနာတစ်ရပ်ဖြစ်လာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေကပြောပါတယ်။
အဲဒီတွေးဆချက်တွေဟာ နောက်ကွယ်မှာပျောက်ကွယ်သွားပြီး အကြပ်အတည်းဖြစ်ချိန်ကျမှ ပြန်ပေါ်ထွက်လာတတ်ပါတယ်။
“စိတ်ကူးယဉ်ဆက်စပ်တွေးဆချက်တွေကိုယ်တိုင်ကိုက ဗိုင်းရပ်စ်တွေလိုပဲ။ ဇာတ်ကောင်တွေနည်းနည်းပြောင်းသွားမယ်။ အယူအဆကြီးကိုယ်တိုင်လည်း ပုံပြောင်းသွားနိုင်ပေမဲ့ ဒီနားမှာပဲ တဝဲလည်လည်ပတ်နေတာ။” လို့ စိတ်ကူးယဉ်ဆက်စပ်တွေးဆချက်တွေကိုသုတေသနလုပ်နေတဲ့ ဆီရာကူးစ်တက္ကသိုလ်က သတင်းအချက်အလက်လေ့လာမှုပါမောက္ခ ဂျော့ရှ် အင်တရုန်းကပြောပါတယ်။
REF : GEORGE SOROS CONSPIRACY THEORIES SURGE AS PROTESTS SWEEP US
#PeopleMedia