• Follow Us on
Latest News

Home အသိဉာဏ်ပညာနှင့် စဉ်းစားသုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြောင့် ဒေသအချို့တွင် အေးချမ်းမှုမရှိဘဲ ပြည်သူများဆင်းရဲဒုက္ခများစွာရောက်နေရကြောင်း နစကဥက္ကဋ္ဌ ပြောကြား

အသိဉာဏ်ပညာနှင့် စဉ်းစားသုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြောင့် ဒေသအချို့တွင် အေးချမ်းမှုမရှိဘဲ ပြည်သူများဆင်းရဲဒုက္ခများစွာရောက်နေရကြောင်း နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

အသိဉာဏ်ပညာနှင့် စဉ်းစားသုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြောင့် နေရာဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူများဆင်းရဲဒုက္ခများစွာ ရောက်နေ ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့တွင် နေပြည် တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် နိုင်ငံနဲ့ပြည်သူလူထုအကျိုးအတွက် နိုင်ငံတော်တာဝန်ကို နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ  တာဝန်ယူဆောင်ရွက်နေရခြင်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပြည်သူ့ဆန္ဒနှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်း ချက် (၂)ရပ်နှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဟူသည့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရည်မှန်း ချက်များ အောင်မြင်ရန် ရှေ့လုပ်ငန်း စဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးဆုံးလိုအပ် ချက်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး နှောင့်ယှက်ဖျက်ဆီးမှုများမှ ကင်းဝေးရန်လိုကြောင်း ပြောသည်။

 

အားလုံးသိကြသည့်အတိုင်း ယနေ့နိုင်ငံတော်တွင် ပြည်တွင်းပြည်ပသွေးထိုး မြှောက်ပင့်ပေးနေခြင်းများ၊ ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး နိုင်ငံကိုချောက်ထဲ ရောက်အောင် တွန်းပို့နေသော ယုတ်ညံ့သည့်မီဒီယာများ၊ အခြေအနေနှင့် လက်တွေ့ဖြစ်ပျက် နေမှုများကို အသိဉာဏ်ပညာနှင့် စဉ်းစားသုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် နေရာဒေသအချို့တွင် တည်ငြိမ် အေးချမ်းမှု မရှိဘဲ ပြည်သူများဆင်းရဲဒုက္ခများစွာ ရောက်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါ အဖျက်အမှောင့်လုပ်ရပ်များသည် တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးခြင်း ကြောင့် ပြည်သူလူထုအားလုံးက သိရှိနားလည်ကြရန် သတင်းတု သတင်းမှားများကို တုံ့ပြန်ခြင်း၊ သတင်းမှန်များကို ထုတ်လွှင့်ဖော်ပြပေးခြင်း၊ အသိပညာပေးခြင်းများကို တိုးမြှင့် ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက်က MRTV ၏ ဝန်ထမ်း ဟောင်းများ သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ MRTV ၏ မျိုးဆက်သစ်ဝန်ထမ်းများက လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန် သမိုင်းပေးတာဝန်များကို သစ္စာရှိရှိဖြင့် ဝန်ထမ်းကောင်းများ ပီသစွာ ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post