• Follow Us on
Latest News

Home အသုံးမပြုဖို့ ကတိပေးထားသော်လည်း ဖော့စဖရပ်စ်မီးလောင်ဗုံးများ အစ္စရေးထပ်မံအသုံးပြု

အသုံးမပြုဖို့ ကတိပေးထားသော်လည်း ဖော့စဖရပ်စ်မီးလောင်ဗုံးများ အစ္စရေးထပ်မံအသုံးပြု

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃

 

အစ္စရေးနိုင်ငံက ဖော့စဖရပ်စ်ဗုံး (မီးစုန်းဗုံး) ကို အသုံးမပြုဘူးလို့ ကတိပေးထားပေမဲ့လည်း အစ္စရေးစစ်တပ်ဟာ လက်ဘနွန်ကျေးရွားတစ်ရွာကို ဗုံးကြဲတိုက်ခိုက်ရာမှာ အမေရိကန်ထုတ်ဖော့စဖရပ်စ်ဗုံးတွေကို အသုံးပြုခဲ့ ကြောင်း The Washington Post က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

 

အဲဒီဖော့စဖရပ်စ်ဗုံးတွေကို ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်မှာ အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ်နဲ့ အာကင် ဆပ်ပြည်နယ်တို့မှာရှိတဲ့ လက်နက်တိုက်တွေကနေ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း The Washington Post က ပြောပါတယ်။

 

အစ္စရေးနိုင်ငံဟာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် နေ့အထိ ဂါဇာ ဒေသကို တိုက်ခိုက်ရာမှာ အဲဒီဗုံးတွေကို နောက်ဆုံးအသုံးပြုခဲ့တာဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch – HRW) က ပြောပါတယ်။

 

အစ္စရေးစစ်တပ်ဟာ လူနေထူထပ်တဲ့နယ်မြေတွေထဲကို ဖော့စဖရပ်စ်ဗုံးတွေ ကြဲချခဲ့တဲ့အတွက် အရပ်သား အ များအပြား သေကြေ/ဒဏ်ရရခဲ့သလို စာသင်ကျောင်းတစ်ခု၊ ဈေးတစ်ခု၊ လူသားချင်းစာနာမှုအဆောက်အအုံ တစ်ခုနဲ့ ဆေးရုံတစ်ခုအပါအဝင် အရပ်ဘက်အခြေခံအဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

White phosphorus ခေါ် ဖော့စဖရပ်စ်ဗုံးကြဲလိုက်တာနဲ့ ဗုံးကျတဲ့နေရာတစ်ဝိုက်ဟာ ၁၅၀၀ ဒီဂရီဖာရင်ဟိုက် (၈၁၅ ဒီဂရီဆဲလ်ဆီးယပ်စ်) ရှိတဲ့ အလွန်ပြင်းထန်တဲ့ အပူချိန်နဲ့အတူ မီးလောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။

 

အဲဒီဗုံးဒဏ်ခံစားရသူတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာအင်္ဂါများပျက်စီးခြင်း၊ ကိုယ်တွင်းအင်္ဂါများပျက်စီး ခြင်းနဲ့အတူ ကုသလို့အလွန်ခက်ခဲပြီး ရေနဲ့ ငြှိမ်းသတ်လို့မရတဲ့ မီးလောင်ကျွမ်းမှုတွေအပါအဝင် အလွန်ပြင်း ထန်ဆိုးရွားတဲ့ သေရာပါဒဏ်ရာတွေရရှိနိုင်တယ်လို့ ဆိုပါတယ်။

 

အဲဒီဗုံးဒဏ်ကဖြစ်ပေါ်လာတဲ့ မီးလောင်ကျွမ်းမှုကြောင့် ခန္ဓာကိုယ်ရဲ့ ၁၀ ရာခို်င်နှုန်းလောက်သာ သေစေနိုင်တဲ့ ထိခိုက်မှုမျိုးရရှိနိုင်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) က ပြောပါတယ်။

 

အစ္စရေးနိုင်ငံဟာ အဲဒီမီးလောင်ဗုံးတွေကို အသုံးပြုနေတာတွေကို ရပ်တန့်လိုက်တော့မယ်လို့ ၂၀၁၃ ခုနှစ်က ကတိပေးထားခဲ့ပါတယ်။

 

ဒါပေမဲ့ မကြာသေးခင်က ဟားမတ်စ်အဖွဲ့ရဲ့ အငိုက်ဖမ်းတိုက်ခိုက်မှုခံလိုက်ရပြီးတဲ့နောက်မှာတော့ အစ္စရေးနိုင်ငံ ဟာ ၎င်းတို့ပေးထားတဲ့ ကတိကို ချိုးဖောက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုစတင်ကတည်းက လက်ဘနွန်နယ်စပ်မှာ အစ္စရေးရဲ့ ဗုံး ဒဏ်ကြောင့် အရပ်သား ၉၄ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်နယ်စပ်ဒဲယာမြို့ခံတွေက ပြောပါတယ်။

 

အစ္စရေးက အဲဒီမီးလောင်ဗုံးတွေကိုအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားအများအပြားသေဆုံးခဲ့တဲ့အပြင် ဒေသတွင်းကသစ်ပင်တွေထောင်နဲ့ချီပြီး ပျက်စီးသွားသလို သစ်တောနဲ့ လယ်ယာမြေ စတုရန်းမီတာ ၅ သန်း ကျော် ပြန်လည်ပြုပြင်လို့မရလောက်အောင် ပျက်စီးသွားခဲ့တယ်လို့ လက်ဘနွန် ဝန်ကြီးချုပ်နဂျစ်မီကာတီက ပြောပါတယ်။

 

အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၂၁,၈၀၀ ကျော်သေဆုံးသွားပြီ ဖြစ်သလို ၅၅,၀၀၀ ကျော် ဒဏ်ရာရရှိထားကာ လူပေါင်းထောင်နဲ့ချီပြီး ပျောက်ဆုံးနေပါတယ်။

 

“အစ္စရေးက အဲဒီလိုလက်နက်တွေ တရားမဝင်အသုံးပြုတဲ့သတင်းတွေ ကျွန်တော်တို့ရရှိထားပါတယ်။ ကျွန် တော်တို့ အစ္စရေးမိတ်ဆွေတွေနဲ့ ဆွေးနွေးပြောဆိုတဲ့အခါ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ တွေကို လိုက်နာဖို့ အရေးကြီးတာကို ဆက်လက်ထောက်ပြပြောဆိုသွားမှာပါ။” လို့ အမည်မဖော်လိုတဲ့ အမေရိ ကန်အရာရှိတစ်ဦးက ပြောပါတယ်။

 

Ref: Despite Its Pledge, Israel (Again) Resorts to Using White Phosphorus Weapons

 

#PeopleMedia


Share this post