• Follow Us on
Latest News

Home အသေခံဒရုန်းတိုက်ရေယာဉ်တွေ ရုရှားစတင်သုံးစွဲတော့မည်

အသေခံဒရုန်းတိုက်ရေယာဉ်တွေ ရုရှားစတင်သုံးစွဲတော့မည်

Share this post

နိုင်ငံတကာ၊ မတ် ၁၆

 

ယူကရိန်းဒရုန်းရေယာဉ်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် မောင်းသူမဲ့အသေခံတိုက်ရေယာဉ် တွေကို ရုရှားနိုင်ငံက မကြာခင် အသုံးပြုသွားတော့မှာဖြစ်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထား ပါတယ်။

 

သင်္ဘောကုန်းပတ်ပေါ်ကနေ ရေချတိုက်ခိုက်နိုင်စွမ်းရှိတဲ့ အဲဒီကာမီကာဇေဒရုန်းရေယာဉ်ဟာ ကုန်းပေါ်က ပစ် မှတ်ကိုရော ရေထဲက ပစ်မှတ်ကိုပါ တိုက်ခိုက်နိုင်ကြောင်း ရုရှားအစိုးရပိုင် Izvestia သတင်းစာမှာရေးသားထား ပါတယ်။

 

ရုရှားတပ်မတော်ဟာ ကမ်းတက်စစ်သည်တွေကို အထောက်အပံ့ပေးဖို့ မောင်းသူမဲ့ရေယာဉ်တွေကို အသုံးပြုခဲ့ တဲ့ ၂၀၂၁ ခုနှစ်က စစ်ရေးလေ့ကျင့်မှုအပြီးမှာ အခုလို ကာမီကာဇေအသေခံဒရုန်းရေယာဉ်တွေကို ထုတ်လုပ်ဖို့ စဉ်းစားခဲ့တာဖြစ်ကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ Izvestia သတင်းစာမှာရေးသားထားပါတယ်။

 

အထူးသဖြင့် ရန်သူ့အပေါ့စားရေယာဉ်နဲ့ မော်တော်ဘုတ်တွေကို ထိရောက်စွာတိုက်ခိုက်နိုင်ဖို့အတွက် အသေခံ တိုက်ရေယာဉ်တွေကို ထုတ်လုပ်ဖို့ ယူကရိန်းစစ်ပွဲမဖြစ်ခင်ကတည်းက စဉ်းစားခဲ့တာလို့ ဆိုပါတယ်။

 

အားသာချက်တွေရှိနေပေမဲ့လည်း ပင်လယ်ထဲမှာ မြေပြင်လို မြေပြင်အမှတ်အသားတွေ မရှိတဲ့အတွက် ကျွမ်း ကျင်စွာကိုင်တွယ်ထိန်းသိမ်းနိုင်ဖို့ နည်းပညာစိန်ခေါ်ချက်တွေရှိနေဆဲဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

 

“မြေပြင်နဲ့ ပင်လယ်ပြင် အဓိကကွာခြားတာက ပင်လယ်ရေမျက်နှာပြင်ပေါ်မှာက မြေပြင်မှာလို ပုံသေအမှတ်အ သား မရှိတာပါပဲ။ ဒါ့ကြောင့် ရေပေါ်မှာ ထိန်းချုပ်မောင်းနှင်ရတာ အလွန်ခက်ခဲပါတယ်။” လို့ စစ်ရေးကျွမ်းကျင် သူ ဒီမီထရီဘိုလ်တန်ကော့ဗ်စကားကို ကိုးကားပြီး Izvestia သတင်းစာက ပြောပါတယ်။

 

ဒီအသေခံဒရုန်းတိုက်ရေယာဉ်ဟာ ကမ်းမကပ်ဘဲ ပင်လယ်ပြင်ထဲက ယူကရိန်းပစ်မှတ်တွေကို တိုက်ခိုက်နိုင် ခြင်းအပါအဝင် အားသာချက်တွေ အများအပြားရှိကြောင်း ၎င်းက ပြောပါတယ်။

 

ရုရှား-ယူကရိန်း စစ်ပွဲ စတင်ကတည်းက ယူကရိန်းဒရုန်းတိုက်ရေယာဉ်တွေကြောင့် ရုရှားစစ်သင်္ဘော လေးငါးစီး ပျက်စီး/နစ်မြုပ်ခဲ့ရတဲ့အတွက် ရုရှားရေတပ်ဦးစီးချုပ်ကို အစားထိုးပစ်ခဲ့ရတဲ့အထိ ရုရှားဘက်က ဆောင်ရွက်ခဲ့ရ ပါတယ်။

 

အဲဒီလို ယူကရိန်းဒရုန်းတိုက်ရေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ ပင်လယ်နက်ရေတပ်အုပ်စုကို နောက်ပြန်ဆုတ်ထားခဲ့ရတဲ့အတွက် ယူကရိန်းအတွက် သင်္ဘောလမ်းကြောင်းဖွင့်လှစ်ပေးလိုက်ရသလို ရုရှား တပ်တွေ ၂၄ နာရီစောင့်ကြည့်ထောက်လှမ်းနိုင်မှု အခွင့်အလမ်းလည်း လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Russian Navy to Induct Ship-Launched Kamikaze Drones

 

#PeopleMedia


Share this post