အသံုးျပဳသူမ်ား၏ကိုယ္ေရးအခ်က္အလက္ ၄ ႀကိမ္ေျမာက္ခ်ိဳးေဖာက္မႈေၾကာင့္ GrabCar ကို စင္ကာပူေဒၚလာ ၁၀၀၀၀ ဒဏ္ေငြတပ္

PUBLISHED - September 15, 2020
စင္ကာပူ၊ စက္တင္ဘာ ၁၄
၂၀၁၉ ခုႏွစ္က အက္ပလီေကး႐ွင္းအဆင့္ႁမွင့္တင္မႈသည္ အသံုးျပဳသူအခ်ိဳ႕၏အခ်က္အလက္ကို ခြင့္မျပဳဘဲရယူသံုးစြဲခြင့္ေပးထားသည္ဟုဆိုကာ စင္ကာပူႏိုင္ငံ၏ကိုယ္ေရးအခ်က္အလက္ဆိုင္ရာေစာင့္ ၾကည့္အဖြဲ႔က ကားငွားသည့္အက္ပလီေကး႐ွင္း GrabCar ကို စင္ကာပူေဒၚလာ ၁၀၀၀၀ ဒဏ္ေငြ႐ိုက္လိုက္သည္။
ကားေမာင္း၀န္ေဆာင္မႈ GrabHitch ႏွင့္ဆက္စပ္ေနသည့္ တစ္ကိုယ္ေရသံုးအေကာင့္မ်ား၊ နာမည္မ်ားႏွင့္ ယာဥ္နံပါတ္ျပားမ်ားအပါအ၀င္ ခရီးသည္မ်ားႏွင့္ယာဥ္ေမာင္း ၂၁၅၄၁ ေယာက္၏အခ်က္အလက္မ်ားကို အႏၲရာယ္ျဖစ္ေစခဲ့ေၾကာင္း စက္တင္ဘာ ၁၀ ရက္က ထုတ္ျပန္ခ်က္တြင္ ပုဂၢိဳလ္ေရးအခ်က္အလက္ကာ ကြယ္ေရးေကာ္မ႐ွင္ (PDPC) ကေျပာသည္။
အေ႐ွ႕ေတာင္အာ႐ွအႀကီးဆံုးလုပ္ငန္းသစ္ ဂရပ္ဘ္ဟိုးဒင္း Grab Holdings ၏လုပ္ငန္းတစ္ခုျဖစ္ေသ GrabCar အေနျဖင့္ မိနစ္ ၄၀ အတြင္း ယခင္အက္ပလီေကး႐ွင္းပံုစံျပန္ေျပာင္းရမည္ျဖစ္ၿပီး အျခားကုစားလုပ္ေဆာင္မႈ မ်ားလည္းျပဳလုပ္ရမည္ဟု ေကာ္မ႐ွင္ကေျပာသည္။
၂၀၁၉ ခုႏွစ္၊ ၾသဂုတ္ ၃၀ တြင္ GrabHitch ယာဥ္ေမာင္း ၅၆၅၁ ေယာက္၏တစ္ကိုယ္ေရအေကာင့္အခ် က္အလက္မ်ားကို ခြင့္မျပဳဘဲႏွင့္ အျခားယာဥ္ေမာင္းမ်ားက အခ်ိန္ခဏတာၾကည့္ခြင့္ရခဲ့ေၾကာင္း GrabCar က ေကာ္မ႐ွင္ကို အသိေပးခဲ့သည္။
ထိုေန႔တြင္ အက္ပလီေကး႐ွင္းအဆင့္ႁမွင့္တင္မႈျပဳလုပ္ခဲ့ျခင္းေၾကာင့္ ထိုကဲ့သို႔အခ်က္အလက္က်ိဳးေပါက္မႈျဖစ္ခဲ့ ေၾကာင္း ကုမၸဏီတြင္းစံုစမ္းစစ္ေဆးမႈမ်ားအရသိရသည္။
၂၀၁၉ ခုႏွစ္အတြင္း အျခားအသံုးျပဳသူ တစ္ေယာက္၏ဖုန္းနံပါတ္ႏွင့္နာမည္ပါ၀င္ေနသည့္ အေရာင္းႁမွင့္တင္ေရးအီးေမးမ်ားကို လူ ၁၂၀၀၀၀ ထံေပးပို႔ခဲ့ၿပီးေနာက္ စင္ကာပူေဒၚလာ ၁၆၀၀၀ ေပးေဆာင္ရန္ GrabCar ကို အမိန္႔ခ်ခဲ့သည္။
Ref : GrabCar fined S$10,000 for 4th user data privacy violation
(unicode)
အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက် ၄ ကြိမ်မြောက်ချိုးဖောက်မှုကြောင့် GrabCar ကို စင်ကာပူဒေါ်လာ ၁၀၀၀၀ ဒဏ်ငွေတပ်
………………………………………………
စင်ကာပူ၊ စက်တင်ဘာ ၁၄
၂၀၁၉ ခုနှစ်က အက်ပလီကေးရှင်းအဆင့်မြှင့်တင်မှုသည် အသုံးပြုသူအချို့၏အချက်အလက်ကို ခွင့်မပြုဘဲရယူသုံးစွဲခွင့်ပေးထားသည်ဟုဆိုကာ စင်ကာပူနိုင်ငံ၏ကိုယ်ရေးအချက်အလက်ဆိုင်ရာစောင့် ကြည့်အဖွဲ့က ကားငှားသည့်အက်ပလီကေးရှင်း GrabCar ကို စင်ကာပူဒေါ်လာ ၁၀၀၀၀ ဒဏ်ငွေရိုက်လိုက်သည်။
ကားမောင်းဝန်ဆောင်မှု GrabHitch နှင့်ဆက်စပ်နေသည့် တစ်ကိုယ်ရေသုံးအကောင့်များ၊ နာမည်များနှင့် ယာဉ်နံပါတ်ပြားများအပါအဝင် ခရီးသည်များနှင့်ယာဉ်မောင်း ၂၁၅၄၁ ယောက်၏အချက်အလက်များကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ပုဂ္ဂိုလ်ရေးအချက်အလက်ကာ ကွယ်ရေးကော်မရှင် (PDPC) ကပြောသည်။
အရှေ့တောင်အာရှအကြီးဆုံးလုပ်ငန်းသစ် ဂရပ်ဘ်ဟိုးဒင်း Grab Holdings ၏လုပ်ငန်းတစ်ခုဖြစ်သေ GrabCar အနေဖြင့် မိနစ် ၄၀ အတွင်း ယခင်အက်ပလီကေးရှင်းပုံစံပြန်ပြောင်းရမည်ဖြစ်ပြီး အခြားကုစားလုပ်ဆောင်မှု များလည်းပြုလုပ်ရမည်ဟု ကော်မရှင်ကပြောသည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ် ၃၀ တွင် GrabHitch ယာဉ်မောင်း ၅၆၅၁ ယောက်၏တစ်ကိုယ်ရေအကောင့်အချ က်အလက်များကို ခွင့်မပြုဘဲနှင့် အခြားယာဉ်မောင်းများက အချိန်ခဏတာကြည့်ခွင့်ရခဲ့ကြောင်း GrabCar က ကော်မရှင်ကို အသိပေးခဲ့သည်။
ထိုနေ့တွင် အက်ပလီကေးရှင်းအဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ခြင်းကြောင့် ထိုကဲ့သို့အချက်အလက်ကျိုးပေါက်မှုဖြစ်ခဲ့ ကြောင်း ကုမ္ပဏီတွင်းစုံစမ်းစစ်ဆေးမှုများအရသိရသည်။
၂၀၁၉ ခုနှစ်အတွင်း အခြားအသုံးပြုသူ တစ်ယောက်၏ဖုန်းနံပါတ်နှင့်နာမည်ပါဝင်နေသည့် အရောင်းမြှင့်တင်ရေးအီးမေးများကို လူ ၁၂၀၀၀၀ ထံပေးပို့ခဲ့ပြီးနောက် စင်ကာပူဒေါ်လာ ၁၆၀၀၀ ပေးဆောင်ရန် GrabCar ကို အမိန့်ချခဲ့သည်။
Ref : GrabCar fined S$10,000 for 4th user data privacy violation