အာကာသကာကြယ္ေရးတပ္ ဂ်ပန္ ဖြဲ႕စည္းလိုက္ၿပီ

PUBLISHED - May 20, 2020
၂၀၂၀၊ ေမ ၂၀
ဂ်ပန္ႏိုင္ငံက အာကာသရွိ အပ်က္အစီးမ်ား၊ သံသယျဖစ္ဖြယ္ရာ ၿဂိဳဟ္တုမ်ားကို ေစာင့္ၾကည့္ေလ့လာမည့္ အာကာသကာကြယ္ေရးတပ္ဖြဲ႕တစ္ခု ဖြဲ႕စည္းလိုက္ၿပီျဖစ္သည္။
ဂ်ပန္ေလေၾကာင္းကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕၏ လက္ေအာက္တြင္ထားရွိသည့္ အဖြဲ႕ဝင္ ၂၀ ဦးပါ အဆိုပါ အာကာသကာကြယ္ေရးတပ္ဖြဲ႕ ဖြဲ႕စည္းမႈမွာ ဂ်ပန္ႏိုင္ငံ၏ လုံၿခဳံေရးဆိုင္ရာ မဟာမိတ္ျဖစ္သူ အေမရိကန္ႏိုင္ ငံက အာကာသစစ္ဆင္ေရးတပ္ဖြဲ႕ခြဲ ဖြဲ႕စည္းၿပီး ရက္အနည္းငယ္အၾကာတြင္ ျဖစ္ေပၚလာျခင္းျဖစ္သည္။
အာကာသကာကြယ္ေရးတပ္ဖြဲ႕ ဖြဲ႕စည္းရျခင္းမွာ ဂ်ပန္ႏွင့္ အေမရိကန္ႏိုင္ငံတို႔က အာကာသစစ္ပြဲ ဆင္ႏႊဲရာ တြင္ အတူတကြ ပိုမိုနီးကပ္စြာ ေဆာင္ရြက္ႏိုင္ရန္ရည္ရြယ္သည္။
ဂ်ပန္ႏိုင္ငံက အာကာသနယ္ပယ္တြင္ အေျခအေနသိရွိနားလည္မႈ အေရးတႀကီး ျမႇင့္တင္ခဲ့ၿပီး အာကာသစစ္ ဆင္ေရးမ်ားတပ္ဖြဲ႕ေခၚ အာကာသကာကြယ္ေရးတပ္ဖြဲ႕က ဂ်ပန္အာကာသစူးစမ္းရွာေဖြေရးေအဂ်င္စီ၊ အေမ ရိကန္အာကာသတပ္ဖြဲ႕တို႔ႏွင့္ လက္တြဲေဆာင္ရြက္မည္ဟု ေမလ ၁၈ ရက္တြင္က်င္းပသည့္ ဖြင့္လွစ္ပြဲအခမ္း အနား၌ ကာကြယ္ေရးဝန္ႀကီးတာ႐ိုခိုႏိုက ေျပာၾကားခဲ့သည္။
ဂ်ပန္အာကာသကာကြယ္ေရးတပ္ဖြဲ႕မွာ ၂၀၂၃ ခုႏွစ္တြင္ လုပ္ငန္းအျပည့္အဝေဆာင္ရြက္ခ်ိန္တြင္ အင္အား ၁၀၀ အထိ ရွိလာမည္ျဖစ္သည္။
ၿပီးခဲ့သည့္ႏွစ္ မတ္လအထိ အေမရိကန္ႏိုင္ငံတြင္ ၿဂိဳဟ္တု ၁၂၅ လုံး၊ တ႐ုတ္ႏိုင္ငံတြင္ ၁၀၃ လုံး၊ ႐ုရွားႏိုင္ငံ တြင္ ၉၆ လုံးႏွင့္ အိႏၵိယႏိုင္ငံ၌ ၁၂ လုံးရွိသည္။
ဂ်ပန္ႏိုင္ငံက ေျမျပင္႐ုပ္ပုံအခ်က္အလက္မ်ားစုေဆာင္းရန္ႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံမွ ပစ္လႊတ္ေသာ ဒုံးက်ည္ မ်ားႏွင့္ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားအတြက္ အေမရိကန္ၿဂိဳဟ္တာမ်ားအေပၚ မွီခိုေနရသည္။ ဂ်ပန္ႏိုင္ငံက ၂၀၂၆ ခုႏွစ္မတိုင္မီ ကိုယ္ပိုင္အာကာသေစာင့္ၾကည့္ေရးၿဂိဳဟ္တု လႊတ္တင္ရန္ ရည္ရြယ္သည္။
ကိုးကား ။ ။ သည္စထရိတ္တိုင္းမ္
Ref; Japan launches space defence force against emergent threat
(Unicode)
အာကာသကာကွယ်ရေးတပ် ဂျပန် ဖွဲ့စည်းလိုက်ပြီ
………………………………………….
၂၀၂၀၊ မေ ၂၀
ဂျပန်နိုင်ငံက အာကာသရှိ အပျက်အစီးများ၊ သံသယဖြစ်ဖွယ်ရာ ဂြိုဟ်တုများကို စောင့်ကြည့်လေ့လာမည့် အာကာသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ဂျပန်လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ လက်အောက်တွင်ထားရှိသည့် အဖွဲ့ဝင် ၂၀ ဦးပါ အဆိုပါ အာကာသကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှုမှာ ဂျပန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ မဟာမိတ်ဖြစ်သူ အမေရိကန်နိုင် ငံက အာကာသစစ်ဆင်ရေးတပ်ဖွဲ့ခွဲ ဖွဲ့စည်းပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အာကာသကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရခြင်းမှာ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့က အာကာသစစ်ပွဲ ဆင်နွှဲရာ တွင် အတူတကွ ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်သည်။
ဂျပန်နိုင်ငံက အာကာသနယ်ပယ်တွင် အခြေအနေသိရှိနားလည်မှု အရေးတကြီး မြှင့်တင်ခဲ့ပြီး အာကာသစစ် ဆင်ရေးများတပ်ဖွဲ့ခေါ် အာကာသကာကွယ်ရေးတပ်ဖွဲ့က ဂျပန်အာကာသစူးစမ်းရှာဖွေရေးအေဂျင်စီ၊ အမေ ရိကန်အာကာသတပ်ဖွဲ့တို့နှင့် လက်တွဲဆောင်ရွက်မည်ဟု မေလ ၁၈ ရက်တွင်ကျင်းပသည့် ဖွင့်လှစ်ပွဲအခမ်း အနား၌ ကာကွယ်ရေးဝန်ကြီးတာရိုခိုနိုက ပြောကြားခဲ့သည်။
ဂျပန်အာကာသကာကွယ်ရေးတပ်ဖွဲ့မှာ ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းအပြည့်အဝဆောင်ရွက်ချိန်တွင် အင်အား ၁၀၀ အထိ ရှိလာမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် မတ်လအထိ အမေရိကန်နိုင်ငံတွင် ဂြိုဟ်တု ၁၂၅ လုံး၊ တရုတ်နိုင်ငံတွင် ၁၀၃ လုံး၊ ရုရှားနိုင်ငံ တွင် ၉၆ လုံးနှင့် အိန္ဒိယနိုင်ငံ၌ ၁၂ လုံးရှိသည်။
ဂျပန်နိုင်ငံက မြေပြင်ရုပ်ပုံအချက်အလက်များစုဆောင်းရန်နှင့် မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်သော ဒုံးကျည် များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက် အမေရိကန်ဂြိုဟ်တာများအပေါ် မှီခိုနေရသည်။ ဂျပန်နိုင်ငံက ၂၀၂၆ ခုနှစ်မတိုင်မီ ကိုယ်ပိုင်အာကာသစောင့်ကြည့်ရေးဂြိုဟ်တု လွှတ်တင်ရန် ရည်ရွယ်သည်။
ကိုးကား ။ ။ သည်စထရိတ်တိုင်းမ်
Ref; Japan launches space defence force against emergent threat