• Follow Us on

Home အာကာသနျူကလီးယားအစီအစဉ်ဟာ အမေရိကန်ရဲ့ မလိုမုန်းထားစွပ်စွဲချက်ဖြစ်ကြောင်း ရုရှားပြော

အာကာသနျူကလီးယားအစီအစဉ်ဟာ အမေရိကန်ရဲ့ မလိုမုန်းထားစွပ်စွဲချက်ဖြစ်ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

ရုရှားနိုင်ငံက အာကာသထဲကို နျူကလီးယားလက်နက်ပစ်လွှတ်မယ့်အစီအစဉ်ရှိကြောင်း အမေရိကန်ဘက်က ပြောဆိုတာဟာ မလိုမုန်းထားစိတ်နဲ့ အခြေအမြစ်မရှိဘဲ ပြောဆိုနေတာဖြစ်ပြီး ယူကရိန်းအတွက် ဘတ်ဂျက်အ ကူအညီရအောင် အမေရိကန်အစိုးရက ကြိုးစားနေတာဖြစ်ကြောင်း ရုရှားအစိုးရက ကြာသပတေးနေ့ (ဖေဖော် ဝါရီ ၁၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံဟာ အာကာသထဲမှာအခြေစိုက် နျူကလီးယားလက်နက်စနစ်တစ်ခုကို တပ်ဖြန့်ချထားဖို့ စီစဉ်နေ ကြောင်း အနည်မဖော်လိုတဲ့ အရာရှိနာမည်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဗုဒ္ဓဟူးဟူးနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

 

အဲဒီလို အာကာသထဲမှာ အခြေစိုက်ထားမယ့် အစီအစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ ဂြိုဟ်တုတွေကို တိုက်ခိုက် ဖျက်ဆီးဖို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

အနောက်နိုင်ငံက စွပ်စွဲထားတဲ့သတင်းတွေကို ရုရှားထိပ်တန်းအရာရှိတွေက ကြာသပတေးနေ့က ပယ်ချလိုက် ပါတယ်။

 

ဒီစွပ်စွဲမှုဟာ ရုရှားအစိုးရကို သိက္ခာချဖို့ အမေရိကန်က ကြိုးပမ်းတာဖြစ်ပြီး ယူကရိန်းကို ဒေါ်လာဘီလျံ ပေါင်း များစွာထောက်ပံ့ရေး ထောက်ခံဖို့အတွက် အောက်လွှတ်တော်ထဲမှာရှိတဲ့ ရီပတ်ဘလီကန်ပါတီဝင်တွေကို ဖိ အားပေးဖို့အတွက် ဆောင်ရွက်နေတာဖြစ်ကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။

 

အမေရိကန်အိမ်ဖြူတော်ဟာ ဘတ်ဂျက်လျာထားမှုဥပေဒကြမ်းကို ကွန်ဂရက်လွှတ်တော်မှာ မဲပေးခိုင်းဖို့အတွက် ကြိုးစားနေတာဖြစ်တယ်လို့ ကရင်မလင်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောကြောင်း ရုရှား အစိုးရပိုင် TASS သတင်းဌာနက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ၎င်းတို့ရဲ့ စွပ်စွဲပြောကြားချက်အတွက် သက်သေအထောက်အထားပြသင့် တယ်လို့ ရုရှားနျူကလီးယားမူဝါဒချမှတ်ရေးမှာ တာဝန်ရှိသူဖြစ်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရိကော့ဗ် က ပြောပါတယ်။

 

“ဒီပြောဆိုမှုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အမေရိကန်ရဲ့ ကျွန်တော်တို့နိုင်ငံအပေါ် မလိုမုန်းထားစွပ်စွဲမှုတွေ ပြောဆိုခဲ့တဲ့လမ်းကြောင်းအတိုင်း လိုက်ပြောနေတာပါပဲ။ အဲဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေအတွက် ကျွန်တော်တို့ဘက်က ဘာမှပြန်လည်တုံ့ပြန်မှာမဟုတ်ကြောင်း ကျွန်တော်တို့ သူတို့ကို တောက်လျှောက်ပြော ဆိုခဲ့ပါတယ်။ သူတို့ပြောချင်တယ်ဆိုရင် သက်သေအထောက်အထားနဲ့တကွ ပြောဆိုသင့်ပါတယ်။” လို့ ရိကော့ဗ်က ကြာသပတေးနေ့က ပြောပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်ကတည်းက အမေရိကန်အစိုးရနဲ့ ရုရှားအစိုးရကြား နျုကလီးယားမူဝါဒနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

 

ရုရှားနိုင်ငံရဲ့ တည်ရှိမှုကို ခြိမ်းခြောက်လာတယ်လို့ ခံစားရရင် နျူကလီးယားလက်နက်အသုံးပြုဖို့ ပြင်ဆင်ထား တယ်လို့ သမ္မတဗလာဒီမာပူတင်က ပြောဆိုခဲ့ပြီးနောက်မှာ ရုရှားနိုင်ငံဟာ နျကလီးယားခြိမ်းခြောက်မှုကို အဆင် အခြင်မဲ့လုပ်နေတယ်လို့ အနောက်အုပ်စုက စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

ရုရှားရော အမေရိကန်ပြည်ထောင်စုပါ အဖွဲ့ဝင်အဖြစ်ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အာကာသတွင်းလက်နက် ချထားမှု ထိန်းချုပ်ရေးစာချုပ် (Outer Space Treaty) အရ အာကာသထဲမှာ နျူကလီးယားလက်နက်တွေတပ် ဖြန့်ချထားမှုကို တားဆီးပိတ်ပင်ထားပါတယ်။

 

Ref: Russia Dismisses ‘Malicious’ Nuclear Space Reports

 

#PeopleMedia


Share this post