အာဆတ်သစ္စာခံတစ်ယောက်ကို အစိုးရသစ် တိုက်ခိုက်ရေးမားတွေ လူပုံလယ်မှာ သေဒဏ်ပေးပစ်သတ်
PUBLISHED - January 11, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁
ဆီးရီးယားအစ္စလာမ်မစ်အစိုးရသစ်အဖွဲ့က တိုက်ခိုက်ရေးသမားတွေဟာ ဖြုတ်ချခံ ဘရှားအယ်လ်အာဆတ် အစိုးရအဖွဲ့ ရဲ့ သစ္စာခံတစ်ယောက်ကို ဇန်နဝါရီ ၁၀ ရက်နေ့ (သောကြာနေ့) က သေဒဏ်ပေး ပစ်သတ်ခဲ့ ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး AFP သတင်းဌာနက ဆီးရီးယားအာဏာပိုင်တွေနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး။
အစိုးရဟောင်းပေါ် သစ္စာအရှိဆုံးလို့ စွပ်စွဲခံထားရတဲ့ မာဇန်ကန်နက် (Mazen Kneneh) ဆိုသူကို အစိုးရသစ်တိုက်ခိုက်ရေးသမားတွေက သောကြာနေ့ မနက်ပိုင်းက သေဒဏ်ပေးခဲ့တာဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောပါတယ်။
တိုက်ခိုက်ရေးသမားတွေက ဒမတ်စကတ်မြို့က ဆင်ခြေဖုံးနေရာတစ်ခုဖြစ်တဲ့ ဒမ်မာခရိုင်က လမ်းမတစ်ခုပေါ်မှာ ကန်နက်ရဲ့ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။
မာဇန်ကန်နက်ဟာ အာဆတ်အစိုးရလက်ထက်မှာ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ လူငယ်အများအပြားကို တရားစွဲဆိုပြီး ထောင်ထဲပို့ဖို့အတွက် မလိုမုန်းထားစိတ်နဲ့ လုံခြုံရေးအစီရင်ခံစာတွေ ရေးသားတင်ပြခဲ့တဲ့ သူတစ်ဦးဖြစ်တယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီး AFP က သီးခြားအတည်မပြုနိုင်တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ သစ်ပင်တစ်ပင်မှာ တွဲချည်ထား တဲ့အဆိုပါပုဂ္ဂိုလ်ရဲ့ရုပ်အလောင်းနဲ့ ခေါင်းကို သေနတ်မှန်ထားလို့ အဝတ်အစားတွေမှာ သွေးတွေ စွန်းပေးနေတဲ့ပုံကို တွေ့မြင်ရပါတယ်။
ကလေးတွေအပါအဝင် လူအုပ်ကြီးက အဲဒီပုဂ္ဂိုလ်အလောင်းကို ဝိုင်းကြည့်နေပြီး လူတချို့က အလောင်းကို ဝိုင်းဝန်းရိုက် နှက်နေကြသလို လူတချို့က အဲဒီ ဦးခေါင်းကို ဝိုင်းဝန်းကန်ကျောက်နေကြပါတယ်။
လတ်တလောရက်များအတွင်း ဆီးရီးယားအာဏာပိုင်တွေဟာ ဖြုတ်ချခံလိုက်ရတဲ့ အစိုးရဟောင်းလက်ထက်က အကျန် အကြွင်းတွေကို လိုက်လံရှင်းလင်းလျက်ရှိပါတယ်။
ပြည်သူတွေအပေါ် အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့ပြီး ဒုက္ခပေးခဲ့တဲ့ အစိုးရဟောင်းရဲ့ မတရားမှုတွေနဲ့ အနိုင်ကျင့်မှု တွေကို ရှုတ်ချပြီး လုံခြုံရေးဆိုင်ရာကိစ္စတွေကို အလုံးစုံပြုပြင်ပြောင်းလဲသွားမှာဖြစ်ကြောင်း အစိုးရသစ်ရဲ့ထောက်လှမ်း ရေးအကြီးအကဲ အေနတ်စ်ခတ်တက်ဘ်က ပြောပါတယ်။
Ref: Syria Monitor Says Assad Loyalist ‘Executed’ in Public
#PeopleMedia