အာဆာအကြမ်းဖက်အဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင် အခြေချ လူပ်ရှားနေခြင်းကို အိန္ဒိယစိုးရိမ်

PUBLISHED - March 28, 2019
အထူးလေ့ကျင့်ပေးထားတဲ့ အာဆာအကြမ်းဖက်အဖွဲ့နဲ့ ရခိုင့်လက်နက်ကိုင်အဖွဲ့ (AA)တို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခြေချပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စီမံကိန်းများအား တိုက်ခိုက်မည်ကို အိန္ဒိယ အစိုးရအနေဖြင့် စိုးရိမ်မကင်းဖြစ်နေကြောင်း ထောက် လှမ်းရေးသတင်းများကို ကိုးကားပြီး အိန္ဒိယသတင်းဌာန DNA က မတ် ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အိန္ဒိယကရရှိထားတဲ့ ထောက်လှမ်းရေး သတင်းများအရ အာဆာအကြမ်းဖက်အဖွဲ့ပာာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘားဇားရှိ ဘင်္ဂလီ( မူရင်းတွင် ရိုပာင်ဂျာပာု ဖော်ပြထား) ဒုက္ခ သည် စခန်းနဲ့ နီးကပ်တဲ့နေရာမှာ စခန်းချထားပြီး မြန်မာနဲ့ အိန္ဒိယတို့ အကောင် အထည်ဖော်နေတဲ့ စီမံကိန်းများကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားနေကြောင်း DNA သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
https://www.facebook.com/303185163868226/videos/267814137492713/