အာဆာႏွင့္ ဒုကၡသည္စခန္းမ်ား႐ွိ ေထာက္ခံသူမ်ားေၾကာင့္ ျပန္လည္လက္ခံေရးခက္ခဲေနဟု ျပည္ေထာင္စု ၀န္ႀကီး ဦးေက်ာ္တင့္ေဆြေျပာ
PUBLISHED - September 30, 2020
နယူးေယာက္၊ စက္တင္ဘာ ၃၀
ဘဂၤလားေဒ့႐ွ္ဘက္မွ ဒုကၡသည္မ်ား ေနရပ္ျပန္မလာေသးျခင္းသည္ အာဆာအဖြဲ႔ႏွင့္ ေထာက္ခံသူမ်ားက ဟန္႔တားေနျခင္းေၾကာင့္ျဖစ္သည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး၀န္ႀကီးဌာန၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ေျပာသည္။
၇၅ ႀကိမ္ေျမာက္ကုလသမဂၢအေထြေထြညီလာခံသို႔ ႐ုပ္သံမိန္႔ခြန္းေျပာရာတြင္ ထည့္သြင္းေျပာဆိုျခင္းျဖစ္သည္။
အာဆာႏွင့္ ေထာက္ခံသူမ်ား၏လႈပ္႐ွားမႈမ်ားသည္ ႏွစ္ႏုိင္ငံစလံုးအတြက္ အႏၱရာယ္ျဖစ္ေစေၾကာင္း ဦးေက်ာ္ တင့္ေဆြကေျပာသည္။
ျမန္မာဘက္က ႏွစ္ႏိုင္ငံသေဘာတူျပန္လည္လက္ခံေရးလုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ျခင္းမ႐ွိဟု ဘဂၤလားေဒ့႐ွ္ေခါင္းေဆာင္မ်ားဘက္က အႀကိမ္ႀကိမ္စြပ္စြဲေျပာဆိုမႈမ်ား႐ွိေနသည္။
၂၀၁၇ ခုႏွစ္က ျမန္မာႏုိင္ငံမ်ားထြက္ေျပးသြားသည့္ဘဂၤါလီမ်ားကို ေနရာျပန္လည္ခ်ထားေပးရန္ ၂၀၁၇ ခုႏွစ္တြင္ ႏွစ္ႏုိင္ငံျပန္လည္လက္ခံေရးသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာ ၁၅ ရက္တြင္ ျပန္လည္လက္ခံမႈစတင္ခဲ့ေသာ္လည္း တရား၀င္လမ္းေၾကာင္းမွျပန္လာသူတစ္ေယာက္မွမ႐ွိေသးေခ်။
၂၀၁၇ ခုႏွစ္တြင္ ျမန္မာႏုိင္ငံမွထြက္ေျပးခဲ့သည့္ဘဂၤါလီ ၇၄၀၀၀၀ ေက်ာ္႐ွိသည္ဟု ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္း သာခြင့္အဖြဲ႔စာရင္းအရသိရသည္။
#PeopleMedia
(Unicode)
နယူးယောက်၊ စက်တင်ဘာ ၃၀
ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ နေရပ်ပြန်မလာသေးခြင်းသည် အာဆာအဖွဲ့နှင့် ထောက်ခံသူများက ဟန့်တားနေခြင်းကြောင့်ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။
၇၅ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသို့ ရုပ်သံမိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
အာဆာနှင့် ထောက်ခံသူများ၏လှုပ်ရှားမှုများသည် နှစ်နိုင်ငံစလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း ဦးကျော် တင့်ဆွေကပြောသည်။
မြန်မာဘက်က နှစ်နိုင်ငံသဘောတူပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်များဘက်က အကြိမ်ကြိမ်စွပ်စွဲပြောဆိုမှုများရှိနေသည်။
၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံများထွက်ပြေးသွားသည့်ဘင်္ဂါလီများကို နေရာပြန်လည်ချထားပေးရန် ၂၀၁၇ ခုနှစ်တွင် နှစ်နိုင်ငံပြန်လည်လက်ခံရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လည်လက်ခံမှုစတင်ခဲ့သော်လည်း တရားဝင်လမ်းကြောင်းမှပြန်လာသူတစ်ယောက်မှမရှိသေးချေ။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှထွက်ပြေးခဲ့သည့်ဘင်္ဂါလီ ၇၄၀၀၀၀ ကျော်ရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့စာရင်းအရသိရသည်။
#PeopleMedia