• Follow Us on
Latest News

Home အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ မြန်မာ့အရေးလွှမ်းမိုးနေ

အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ မြန်မာ့အရေးလွှမ်းမိုးနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆

 

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့အတွက် စုစည်းညီညွတ်တဲ့သဘောထားအမြင်တစ်ခုရရှိဖို့ အင်ဒိုနီးရှားနိုင်ငံမှာ စက် တင်ဘာလ ၅ ရက်နေ့ (အင်္ဂါနေ့) က ကျင်းပတဲ့ အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးတိုင် ပင်ခဲ့ကြပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံကတော့ ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံအစား အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၎င်းတို့နိုင်ငံက ထမ်းဆောင်ဖို့ အသင့်ရှိနေကြောင်း ပြောပါတယ်။

 

၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အရပ်သားအစိုးရကိုဖြတ်ချခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံ မှာ အကြမ်းဖက်မှုတွေဖြစ်ပွားလျက်ရှိပါတယ်။

 

“ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံအနေနဲ့ သဘောတူ ညီပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကျွန်တော်တို့သင်္ဘောအတွက် ကျွန်တော်တို့ကိုယ်တိုင် မာလိန်မှူး တွေလုပ်ရမှာဖြစ်ပါတယ်။” လို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဂျကာတာမှာကျင်းပခဲ့တဲ့အစည်းအဝေးရဲ့ အ ဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

 

အစည်းအဝေးမှာ အဖွဲ့ဝင် ၁၀ နိုင်ငံလုံးရဲ့သဘောတူညီချက်မရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရားဝင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

ဒါပေမဲ့ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံကိုယ်စား ထမ်းဆောင်ဖို့အသင့်ရှိကြောင်း ကိုတော့ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားသွားပါတယ်။

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာနိုင်ငံတွင်းကအကြမ်းဖက်မှုတွေရပ်ဆိုင်းသွား ဖို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြန်လည်စတင်ဖို့အတွက် လွန်ခဲ့တဲ့နှစ်နှစ်ကသဘောတူညီခဲ့တဲ့ အာဆီယံဘုံသဘော တူညီချက်အတိုင်းဆောင်ရွက်ဖို့ အာဆီယံထိပ်တန်းအစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ထားခြင်းခံရတဲ့ မြန်မာ နစက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

 

မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်ကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေးခဲ့ဖူးပါတယ်။

 

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံးအရပ်သားအစိုးရဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကတော့ မြန်မာ နစက အစိုးရကို အာဆီယံအစည်းအဝေးတွေတက်ရောက်ဖို့ ပြန် လည်ဖိတ်ခေါ်ရေး တွန်းအားပေးနေကြောင်း အာဆီယံသံတမန်တစ်ဦးက ပြောပါတယ်။

 

ထိုင်းနိုင်ငံကတော့ ၎င်းတို့နိုင်ငံတစ်နိုင်ငံတည်းအနေနဲ့ မြန်မာ နစက အစိုးရနဲ့ ဖြုတ်ချခံထားရတဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

 

ထိုင်းအစိုးရရဲ့ မတူကွဲပြားတဲ့လုပ်ရပ်ကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ သံတမန်ဆောင်ရွက်မှု တွေ မှေးမှိန်သွားမှာကို အာဆီယံနိုင်ငံတချို့က စိုးရိမ်နေပါတယ်။

 

မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားလှယ်တစ်ဦးမှမပါဘဲ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ စီးပွားရေးပိတ်ဆို့ အရေးယူခံထားရတဲ့ မြန်မာနိုင်ငံက အရာရှိတွေက နစက အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ နစက အစိုးရလက်အောက်မှာကျင်းပတဲ့ ဘယ်လိုရွေးကောက်ပွဲမဆို ရှက်စရာကောင်းတဲ့ရွေးကောက်ပွဲ ဖြစ်မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

 

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြီးခဲ့တဲ့သီတင်းပတ်က ဂျကာတာမြို့မှာ အာဆီယံထိပ် တန်းအရာရှိတွေနဲ့တွေ့ဆုံစဉ် “အာဆီယံပဋိညဉ်မှာဖော်ပြထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင် ရောက်စွက်ဖက်ခြင်းမပြုရဆိုတဲ့အကြောင်းကို အလေးထားပြောကြားခဲ့ကြောင်း” မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

Ref: ASEAN leaders meet at summit dominated by Myanmar crisis

 

#PeopleMedia


Share this post