• Follow Us on

Home အာဆီယံဒေသထဲက စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ ခြောက်နိုင်ငံထဲမှာ ထိုင်းနိုင်ငံပါဝင်

အာဆီယံဒေသထဲက စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ ခြောက်နိုင်ငံထဲမှာ ထိုင်းနိုင်ငံပါဝင်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၂

 

အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ၆ နိုင်ငံထဲမှာ ထိုင်းနိုင်ငံပါဝင်ကြောင်း စင်္ကာပူ အခြေစိုက် မေဘဏ်သုတေသနအဖွဲ့ (Maybank Research Pte Ltd) က ပြောကြားလိုက်ပါတယ်။

 

အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ GDP (စုစုပေါင်းပြည်တွင်းထုတ်ကုန်) ဟာ ၂၀၂၃ ခုနှစ်မှာ ၄ ရာခိုင်နှုန်းဝန်းကျင်ရှိရာကနေ ၂၀၂၄ ခုနှစ်မှာ ၄.၅ ရာခိုင်နှုန်းကနေ ၄.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ကြောင်း မေဘဏ်သုတေသနအဖွဲ့က ပြောပါတယ်။

 

အခုနှစ် ပထမနှစ်ဝက်ကာလမှာ အထူးသဖြင့် မြင့်တက်လာနိုင်တဲ့ အီလက်ထရော်နစ်ပစ္စည်းတွေ ထုတ်လုပ်မှုနဲ့ ပြည်ပနိုင်ငံတင်ပို့မှုတွေက GDP ပြန်လည်မြင့်တက်လာဖို့ တွန်းပို့သွားမှာဖြစ်ကြောင်း မေဘဏ်က ပြောပါတယ်။

 

AI နည်းပညာ၊ ဒေတာစင်တာဖွင့်လှစ်မှုနဲ့ ကမ္ဘာ့အီလက်ထရောနစ်ပစ္စည်းဝယ်လိုအားကျယ်ပြန့်လာမှုတွေက ကုန်သွယ်ရေးနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွေကို ပိုမိုတိုးတက်လာစေတယ်လို့ မေဘဏ်က ပြော ပါတယ်။

 

အတိုးနှုန်းမြင့်မားပေမဲ့လည်း စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေ အားပေးမြှင့်တင်နေတာကြောင့် အာဆီယံ ဒေသတွင်းမှာ ချေးငွေချေးယူမှုတွေ မြင့်တက်နေကြောင်း မေဘဏ်က ပြောပါတယ်။

 

မလေးရှား၊ ထိုင်းနဲ့ စင်္ကာပူနိုင်ငံတို့မှာ ဗီဇာစည်းမျဉ်းတွေ လျှော့ပေးခြင်းနဲ့ လေကြောင်းလိုင်းဝန်ဆောင်မှုတွေ မြှင့်တင်ခြင်းကြောင့် တရုတ်ကမ္ဘာှည့်ခရီးသွားတွေ အာဆီယံဒေသကို ပိုမိုဝင်ရောက်လျက်ရှိကြောင်း မေဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အာဆီယံဒေသ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ရုရှား-ယူကရိန်းစစ်ပွဲကတစ်ဆင့် ထောက်ပံ့ရေးကွင်းဆက်တွေ ကမောက်ကမဖြစ်ကုန်တာကြောင့် ၂၀၂၃ ခုနှစ်မှာ သိသိသသာသာ ငွေကြေး ဖောင်းပွလာတာဖြစ်ကြောင်း မေဘဏ်က ပြောပါတယ်။

 

ဒါပေမဲ့ ခံနိုင်ရည်ရှိတဲ့ အမေရိကန်စီးပွားရေးနဲ့ အမေရိကန်အတိုးနှုန်း ကာလရှည်မြင့်မားနေမှုဟာ မြင့်တက်လာ တဲ့ငွေကြေးဈေးကွက်အပေါ် ဖိအားပေးခဲ့တာကြောင့် အာဆီယံဒေသက ဗဟိုဘဏ်တွေဟာ မူဝါဒအတိုးနှုန်းတ ချို့ကို မလွှဲမရှောင်သာ မြှင့်တင်ခဲ့ရကြောင်း မေဘဏ်က ပြောပါတယ်။

 

အမေရိကန်ဗဟိုဘဏ်ဟာ ၂၀၂၄ ခုနှစ်မှာ စက်တင်ဘာလကနေစပြီး ဘဏ်တိုးနှုန်းကို အခြေခံ ၅၀ ပွိုင့်အထိ လျှော့ချလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

နိုင်ငံတကာကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်တွေကို တရုတ်နိုင်ငံကနေ ပြောင်း ရွှေ့နေတဲ့အတွက် အာဆီယံဒေသဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ ပိုမိုသဘောကျနှစ်သက်လာတဲ့နေရာ တစ်ခုဖြစ်လာကြောင်း မေဘဏ်က ပြောပါတယ်။

 

မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံတချို့ကို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) တွေ သိသိသာသာ မြင့်တက်လာကြောင်း မေဘဏ်က ပြောပါတယ်။

 

Ref: Thailand among six ASEAN countries with good economic growth: Maybank

 

#PeopleMedia


Share this post