• Follow Us on

Home အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် မြန်မာကိစ္စနှင့် ပတ်သက်၍ လက်မခံကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် မြန်မာကိစ္စနှင့် ပတ်သက်၍ လက်မခံကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅

 

(၅၆) ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက် တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ ဖော်ပြချက်အချို့သည် အာဆီယံပဋိညာဉ်ပါမူကြီးများနှင့် ကိုက်ညီခြင်း မရှိအတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

 

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဇူလိုင်လ ၁၁ရက်တွင်ပြုလုပ်ခဲ့ သည့် (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်မမျှမတဖော်ပြထားသည့် အချက်အလက်အချို့အတွက် စိတ်ပျက်မိကြောင်း မြန်မာအစိုးရ ကိုယ်စား ဖော်ပြအပ်သည်။

 

အဆိုပါပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ခေါင်းစဉ်အောက်၌ သက်ဆိုင်ရာနိုင်ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကြိုးပမ်းနေမှုများနှင့် သဘောထားရပ် တည်ချက်များကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေ ကို ဖော်ပြထားကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင် မည်သည့်ထုတ်ပြန်ချက်တွင်မဆို နိုင်ငံ တစ်နိုင်ငံအားသီးခြားပစ်မှတ်ထား၍ ယင်း၏ ပြည်တွင်ရေးကိစ္စအား ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်း တွင် ပြဋ္ဌာန်းထားသည့် ဝင်ရောက်မစွက်ဖက်ရေးမူနှင့် သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည် သည့်အခါကမျှ လက်ခံခြင်းမရှိကြောင်း ထပ်မံဖော်ပြအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်(မူကြမ်း)အား ညှိနှိုင်းစဉ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင်ဆွေးနွေး ညှိနှိုင်းခဲ့သည်။

 

သို့ရာတွင် ပူးတွဲကြေညာချက်အား အပြီးသတ်ထုတ်ပြန်ကြေညာရာတွင် မြန်မာနိုင်ငံမှ အဆိုပြု ပြင်ဆင် ဖြည့်စွက်ထည့်သွင်းလိုသည့်အချက်များ၊ မြန်မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍၊ အထက်ဖော်ပြပါအချက်များကို အခြေခံလျက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်တွင်ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်သည့် အချို့အချက်များအပေါ် စိတ်ပျက်မိပြီး ယင်းဖော်ပြချက်များအား ပြတ်သားစွာ ပယ်ချလျက် ပါဝင်ပတ်သက်မှုမရှိကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ မြန်မာနိုင်ငံသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်း မှုရှိရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post