• Follow Us on
Latest News

Home အာဆီယံနဲ့ အိန္ဒိယ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ထိုင်း TAT နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်

အာဆီယံနဲ့ အိန္ဒိယ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ထိုင်း TAT နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေဆီက ဝင်ငွေ ဘတ် သန်း ၁၈၀ ရရှိရေးအတွက် အဆိုပါ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ရေး ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ (TAT) နဲ့ မိတ်ဖက်အဖွဲ့အစည်း တွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။

 

အာဆီယံဒေသတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဗဟိုချက်မနိုင်ငံအဖြစ် ထိုင်းနိုင်ငံကို မြှင့်တင်ရာမှာ ကြိုးပမ်းမှုတစ်ရပ် အဖြစ် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ က ခရီးသွားတွေကို ဆွဲဆောင်ရာမှာ TAT အဖွဲ့က ကြိုးပမ်းဆောင်ရွက်နေကြောင်း TAT အုပ်ချုပ်ရေးမှူး ထာပနီးခီယာ ဖိုင်ဘိုးလ်က ပြောပါတယ်။

 

ရည်မှန်းချက်အောင်မြင်ရေးအတွက် ပြီးခဲ့တဲ့နှစ်က ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုရဲ့ သုံးပုံတစ်ပုံဝင်ရောက်ခဲ့တဲ့ အာ ဆီယံ/အိန္ဒိယ ခရီးသွားတွေကို စည်းရုံး ဆွဲဆောင်ဖို့အတွက် “၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ အာဆီယံ + အိန္ဒိယ ဈေးဝယ်သူ များ” (ASEAN + India Shoppers in Thailand 2025) စီမံချက်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ (သောကြာနေ့) မှာ ဖွင့်လှစ်လိုက်ကြောင်း ထာပနီးခီယာ ဖိုင်ဘိုးလ်က ပြောပါတယ်။

 

“အဲဒီအုပ်စုက ခရီးသွားတွေဟာ ၇၂% အထိ မြင့်တက်လာခဲ့တဲ့အတွက် ထိုင်းနိုင်ငံတွင်း ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုသုံးစွဲနိုင်မယ့် အလားအလာတွေ တွေ့မြင်နေရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီစီမံချက်က ထိုင်းနိုင်ငံအတွက် ဝင်ငွေ ဘတ် သန်း ၁၈၀ ထက်မနည်းရှာဖွေပေးသွားနိုင်မယ်လို့ မျှော်လင့်ထားပြီး ထိုင်း နိုင်ငံတွင်းရှိ ပြည်သူတွေ၊ လုပ်ငန်းတွေနဲ့ ရေရည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေအတွက် ဝင်ငွေတွေ ရရှိလာမှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

အာဆီယံနိုင်ငံတွေက ခရီးသွားတွေဟာ ထိုင်းနိုင်ငံထဲက ကုန်းကြောင်းနဲ့ လေကြောင်းက တစ်ဆင့် နှစ်နာရီအတွင်း ဝင် ရောက်လာနိုင်သလို အာဆီယံနဲ့ အိန္ဒိယခရီးသွားတွေကို ငွေကြေးအများအပြား သုံးစွဲနိုင်တဲ့ ခရီးသွားတွေအဖြစ် မှတ်ယူ ထားကြောင်း ထာပနီးက ပြောပါတယ်။

 

“အိန္ဒိယ ကမ္ဘာလှည့်ခရီးသွားတွေဟာ လေးနာရီအတွင်း ထိုင်းနိုင်ငံကို ဝင်ရောက်လာနိုင်ပြီး အဝတ်အထည်တွေ၊ အစား အသောက်တွေ၊ အမှတ်တရလက်ဆောင်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊ ဆီမွှေးနဲ့ လိမ်းကျံနှိပ်နယ်ကုသပေးတာတွေ နဲ့ သားရေထည်ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုနှစ်အတွင်း အာဆီယံခရီးသွား ၁၁ သန်းကျော်နဲ့ အိန္ဒိယခရီးသွား ၂.၃ သန်းကျော် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာ မယ်လို့ မျှော်လင့်ထားကြောင်း ထာပနီးက ပြောပါတယ်။

 

Ref: TAT targets 180 million baht boost from ASEAN and Indian travelers

 

#PeopleMedia


Share this post