• Follow Us on

Home အာဆီယံရေပြင်များအတွင်း အခြားပြင်ပစွက်ဖက်မှုများမရှိစေရေး ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပြောကြား

အာဆီယံရေပြင်များအတွင်း အခြားပြင်ပစွက်ဖက်မှုများမရှိစေရေး ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

အာဆီယံရေပြင်များအတွင်း အခြားပြင်ပစွက်ဖက်မှုများမရှိစေရေး ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်း ယမန်နေ့က နေပြည်တော်ရှိ M Gallery Hotel၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ASEAN Navy Chief’s Meeting) ဖွင့်ပွဲအခမ်းအနားတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။

 

ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ များနှင့်သာမက အိမ်နီးချင်းနိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံဒေသရေပြင်သည် အာဆီယံနိုင်ငံများအတွင်း မှီတင်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသည့်ရပ်ဝန်းဖြစ်သည့်အတွက် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို ဦးစားပေးဆောင်ရွက်ပြီး အာဆီယံရေပြင်များအတွင်း အခြားပြင်ပစွက်ဖက်မှုများ မရှိစေရေး ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်း၊ မိမိတို့အာဆီယံပင်လယ်ပြင်တွင် ဒေသတွင်းရေကြောင်း ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်ရေးတို့အတွက် အာဆီယံရေတပ်များအကြား အတူတကွလက်တွဲပြီး ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဘရူနိုင်းနိုင်ငံ ယာယီ ရေတပ်ဦးစီးချုပ် Captain Haji Mohamad Sarif Pudin Bin Matserudin၊ ကမ္ဘောဒီးယား ဒုတိယရေတပ်ဦးစီး ချုပ် Vice Admiral Sam Sokha လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Vanthong Bouttavong၊ ဗီယက်နမ်ပြည်သူ့ရေတပ် ဒုတိယရေတပ်ဦးစီးချုပ် Rear Admiral Pham Nhu Xuan၊ ထိုင်းဘုရင့်တပ်မတော်ရေတပ်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် Vice Admiral Puchong Pradittheera၊ တော်ဝင်မလေးရှားရေတပ် နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး Captain Mohd Irwan bin Che Mohd Rani RMN၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားစစ်သံမှူး Captain (Navy) Taufiq Darlem, S.T၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Colonel Jose P Navarro JR PA(MNSA) နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post