• Follow Us on

Home အာဆီယံလေတပ်ဦးစီးချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသူရဲကောင်းဗိမာန်(နေပြည်တော်)နှင့် ပြင်ဦးလွင်သို့ သွားရောက်လေ့လာ

အာဆီယံလေတပ်ဦးစီးချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသူရဲကောင်းဗိမာန်(နေပြည်တော်)နှင့် ပြင်ဦးလွင်သို့ သွားရောက်လေ့လာ

Share this post

နေပြည်တော်၊  စက်တင်ဘာ ၁၅

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်း အဝေး 20th ASEAN Air Chiefs Conference (20th AACC )ကို တက်ရောက်လာကြသည့် လေတပ်ဦးစီး ချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည် တော်)သို့ သွားရောက်၍ သူရဲကောင်း ဗိမာန်အတွင်းရှိ အထိမ်းအမှတ်‌ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများ ဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူများအား အလေးပြုကြပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။

 

ဆက်လက်၍ မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် ပြင်ဦးလွင်မြို့သို့သွားရောက်၍ အမျိုးသားကန်တော် ကြီးဥယျာဉ်အတွင်းရှိ လိပ်ပြာပြတိုက်နှင့် ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့တွင်း လှည့်လည်ကြည့်ရှုကာ The View Resort သို့ သွားရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post