အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမည်
PUBLISHED - October 9, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၉
မြန်မာနိုင်ငံထဲက ကာလရှည်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေးနဲ့ တောင်တရုတ်ပင်လယ်ထဲက နယ်မြေအငြင်းပွားမှုှဆိုင်ရာ တင်းမာမှုတွေလျှော့ချရေးအတွက် အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင် တွေဟာ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၉ ရက်နေ့) မှာ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ လာရောက်တွေ့ဆုံဆွေးနွေး နေကြပါတယ်။
ဒေသတွင်း သြဇာလွှမ်းမိုးဖို့ အားပြိုင်နေတဲ့ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားအပါအဝင် ကမ္ဘာ့အင်အား ကြီးနိုင်ငံတွေရဲ့ အစည်းအဝေးတွေအပြီးမှာ အာဆီယံအစည်းအဝေးတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါ တယ်။
အာဆီယံ ၁၀ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုတို့ဟာ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ သြစတေးလျအပါအဝင် ဒေသတွင်း မိတ်ဖက်နိုင်ငံ တွေနဲ့ စီးပွားရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ စွမ်းအင်အကြောင်းတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အခုနှစ် အာဆီယံအစည်းအဝေးမှာ ပထမဦးဆုံးအကြိမ်ဖြစ် နိုင်ငံ့ခေါင်းဆောင်သစ်တွေ ပါဝင်တက်ရောက်ခဲ့ကြ ပါတယ်။
သြဂုတ်လအတွင်းက အာဏာရလာတဲ့ ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ဟာ အသက် ၃၈ နှစ်သာရှိ သေးတဲ့ အငယ်ဆုံးခေါင်းဆောင်ဖြစ်ပါတယ်။
စင်္ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်းကလည်း အနှစ် ၂၀ ကြာမြင့်ပြီးနောက် မေလအတွင်းက လီးရှင်းလောင်းထံ က အာဏာကို လွှဲပြောင်းယူခဲ့သူဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံက သြဂုတ်လမှာ တက်လာတဲ့ သမ္မတတိုလမ်ကလည်း ခေါင်းဆောင်သစ်ဖြစ်ပေမဲ့ ဗီယက်နမ်နိုင် ငံက ဝန်ကြီးချုပ် ဖမ်မင်ချင်က နိုင်ငံကို တာဝန်ယူအုပ်ချုပ်နေတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ရဲ့ အကြီးဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ၎င်းနေရာကို ဆက်ခံမယ့် ရွေးကောက်ပွဲအနိုင်ရ ပရာဘိုဝိုဆူဘီယန်တိုကို အခုလ နှောင်းပိုင်း အာဏာလွှဲပြောင်းပေးဖို့ ပြင် ဆင်နေရတဲ့အတွက် အာဆီယံအစည်းအဝေးကို ၎င်းကိုယ်စား ဒုတိယသမ္မတမာရတ်အေမင်ကို စေလွှတ်ခဲ့ပါ တယ်။
ပြီးခဲ့တဲ့အပတ်ကမှ အာဏာရလာတဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဂေရူအီရှီဘအတွက်လည်း လာအိုခရီးစဉ်က ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။
“မြန်မာ့အကျပ်အတည်းဟာ အာဆီယံအစည်းအဝေးတွေမှာ ဆွေးနွေးသွားမယ့် တကယ့်အရေးကြီးတဲ့ပြဿနာ တစ်ရပ်ဖြစ်ကြောင်း” ထိုင်းဝန်ကြီးချုပ်ပေထောင်တန်က တနင်္လာနေ့က ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာမှုအခြေအနေတွေ ပိုမိုဆိုးရွား လာခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးညှိနှိုင်းဖို့ အာဆီယံဘက်ကတောင်းဆိုထားတဲ့ အာဆီယံငြိမ်းချမ်းရေးအစီအစဉ် ကို မြန်မာ နစက အစိုးရက သဘောတူညီခဲ့ပေမဲ့လည်း မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီလိုလားတဲ့အုပ်စုတွေ၊ တိုင်း ရင်းသားသူပုန်အုပ်စုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့အတွက် အခုကျင်းပမယ့်အစည်းအဝေးကို သုံးနှစ်အတွင်း မြန်မာဘက်က အ မြင့်ဆုံးခေါင်းဆောင်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်သွား မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: Southeast Asian leaders meet in Laos in a summit set to tackle crisis in Myanmar and disputed sea: AP
#PeopleMedia