အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မရောက်ရှိသေးကြောင်းနှင့် တွေ့ဆုံရန်ပျက်သည်မဟုတ်ဘဲ အချိန်နှင့် နေ့ရက်သာ ပြောင်းလဲကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2021/10/143177288_715152075869067_1260349036998520885_n-624x416.jpg)
PUBLISHED - October 12, 2021
နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့မရောက်ရှိသေးကြောင်းနှင့် တွေ့ဆုံရန်ပျက်သည်မဟုတ်ဘဲ အချိန်နှင့် နေ့ရက်သာ ပြောင်းလဲကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ယနေ့ မွန်းလွဲပိုင်းက ပြောဆိုလိုက်ပါတယ်။
မူလက ယနေ့ မွန်းလွဲပိုင်း၌ နေပြည်တော် UEC ရုံးတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီ ၈ ပါတီတွေ့ဆုံရန် စီစဉ်ခဲ့ပြီးနောက် တွေ့ဆုံမှုကို ရွှေ့ဆိုင်းခဲ့ပါတယ်။
အဆိုပါ ရွှေ့ဆိုင်းမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “Envoy ယနေ့မရောက်သေးပါ။ တွေ့ဆုံရန် အစီအစဉ်များမပျက်ပါ။ အချိန်/ရက် ပြောင်းရန်သာရှိပါမည်” လို့ ပြောပါတယ်။
အဆိုပါတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ပါတီ၊ ရခိုင်ဦးဆောင်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ စသည်ဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
နိုင်ငံရေးပါတီအချို့ကတော့ မနက်ဖြန်၌ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန်ရှိကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။
#PeopleMedia #အာဆီယံအထူးကိုယ်စားလှယ်
(unicode)
……………………………………………………………………………