အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်သူ့ပါတီတို့တွေ့ဆုံ၊ နစကထံ အကြုံပြုတိုက်တွန်းချက် (၄) ချက် တင်ပြခဲ့
PUBLISHED - March 23, 2022
ရန်ကုန်၊ မတ် ၂၃
ရန်ကုန်မြို့ရှိ LOTTE Hotel ၌ မတ်လ ၂၂ ရက် နံနက် ၁၁:ဝဝ နာရီတွင် အာဆီယံအထူးကိုယ်စားလှယ် အဖွဲ့နှင့် ပြည်သူ့ပါတီတို့ တွေ့ဆုံခဲ့ပြီး၊ နစကထံ အကြုံပြုတိုက်တွန်းချက် အချက်(၄)ချက်ပါ တင်ပြခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ပြဿနာများကို အမြင်ချင်းဖလှယ်ကြပြီးနောက်၊ ပြည်သူ့ပါတီ၏ ရပ်တည်ချက်သဘောထားများနှင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
နိဂုံးချုပ်တွင် နစကသို့ အကြံပြုတိုက်တွန်းရန် အချက်(၄)ချက်ကို တင်ပြခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ အရပ်သားထိခိုက်သေဆုံးမှုများကို ဘက်အသီးသီးမှ အကာကွယ်ပေးရန်၊ လူသား ချင်းစာနာမှုဆိုင်ရာအကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ပေးရန်နှင့် အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေးသဘောတူညီမှုတစ်ခုရရှိစေရန် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် စသည့် အချက်တို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. PRAK Sokhoon နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#PeopleMedia
(unicode)
……………………………………
#PeopleMedia