အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ စားပွဲတင်လေ့ ကျင့်ခန်း ကျင်းပပြီးစီး
PUBLISHED - August 5, 2023
နေပြည်တော်၊ ဩဂုတ် ၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက် ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းကို ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိ ရသည်။
လေ့ကျင့်ခန်း ဒုတိယနေ့ သြဂုတ်လ ၃ ရက်နေ့တွင် လေ့ကျင့်ခန်းအစီအစဉ်အလိုက် ဆောင်ရွက်မည့်လေ့ ကျင့်ခန်းပါ စစ်ဆင်ရေးစီမံချက်အား မြန်မာ-ရုရှား ကိုယ်စားလှယ်အရာရှိကြီးများမှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် နိုင်ငံတကာတပ်မတော်အရာရှိကြီးများမှ နိုင်ငံအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းသို့ ပူးတွဲဥက္ကဋ္ဌနိုင်ငံများဖြစ်သည့် မြန်မာ၊ ရုရှားနိုင်ငံတို့နှင့်အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီး ယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။
လေ့ကျင့်ခန်းကာလတွင် စားပွဲတင်လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ သည် လေ့လာရေးခရီးစဉ်အဖြစ် တပ်မတော် စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာပြ တိုက်များသို့ သွားရောက်လေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြသည်။
ယခုပြုလုပ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းသည် အာဆီယံနိုင်ငံ များနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၇)ခုအနက် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး (Counter Terrorism) နယ်ပယ်အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူပြီးဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
#PeopleMedia