အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ စားပွဲတင်လေ့ကျင့် ခန်းဖွင့်ပွဲအခမ်းအနားကျင်းပ
PUBLISHED - August 3, 2023
နေပြည်တော်၊ သြဂုတ် ၃
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်း ဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ်တံဆိပ်အား Touch Screen ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အဖွင့်မိန့်ခွန်းပြောကြား သည်။
အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ စားပွဲတင် လေ့ကျင့်ခန်း (Table Top Exercises)သို့ အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှ တပ်မတော်အရာရှိကြီးများ ပါဝင်တက်ရောက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ အလှည့်ကျဉက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ တပ်ဖွဲ့ဝင်များအကြား ထိတွေ့ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ညနေပိုင်းတွင် အာဆီယံ အပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises)သို့ တက်ရောက်လာသည့် ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Mikhail NOSULEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
#PeopleMedia