• Follow Us on

Home အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံ ရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယအမန်နေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက် ဂါရဝပြု တွေ့ဆုံခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူ ရသည့် အဖွဲ့အစည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်အရေးကြီးကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များ အချင်းချင်း အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက် ခဲယမ်းများ မှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ခြင်းများကို ထိထိရောက်ရောက်တားဆီး နှိမ်နင်းနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့က နိုင်ငံအလိုက်တစ်ဦးချင်းမိတ်ဆက်ကြပြီး (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကျင်းပနေသည့်ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ဧည့်ဝတ်ကျေပွန်စွာ ဖြင့် စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအချင်းချင်း လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များတွင် ပူးပေါင်းတားဆီးနှိမ်နင်းရေး ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့တက်ရောက်ကြသည်။

 

#PeopleMedia


Share this post