• Follow Us on

Home အာဆီယံအဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

အာဆီယံအဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

မြန်မာနိုင်ငံက ဒုတိယအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီး ချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs’ Meeting (18th ANCM) ကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးအား သဘာပတိကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ဦးဆောင်၍ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အာဆီယံရေတပ်ဦးစီးချုပ်များအတွက် Welcome Video Clip အားပြသသည်။

 

ထို့နောက် ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သော ငြိမ်းချမ်းကြွယ်ဝသောဒေသဆီသို့ တက်ညီလက်ညီ လှော်ခတ်ခြင်း Sailing Together: Harmony to Peace and Prosperity အား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ တက်ရောက်လာသော ရေတပ်ဦးစီးချုပ်များက နိုင်ငံအလိုက်ဆွေးနွေးကြပြီး စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ရေတပ်ဦးစီးချုပ်များက Video Tele-Conference(VTC) ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ရေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍လည်းကောင်း ပါဝင်ဆွေးနွေးကြသည်။

 

ထို့နောက် သတင်းအချက်အလက်ဖလှယ်ခြင်းအစီအစဉ်နှင့် အနာဂတ်တွင် ဆောင်ရွက်မည့်အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး (၁၈) ကြိမ်မြောက်အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုကြသည်။

 

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အစည်းအဝေးသို့ တက်ရောက် လာသော အာဆီယံရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နှစ်နိုင်ငံ ရေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည် လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြသည်။

 

#PeopleMedia


Share this post