
PUBLISHED - July 9, 2020
………………………………………………………
ရန်ကုန်၊ ဇူလိုင် – ၉
#PeopleMedia #တပ်မတော် #အာဆီယံနိုင်ငံတပ်မတော်(ကြည်း)
(unicode)
အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
………………………………………………………
ရန်ကုန်၊ ဇူလိုင် – ၉
အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM XXIII) ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အာဆီယံကြည်းတပ်ဦးစီးချုပ်များက သဘောတူညီခဲ့ကြသည်။
ဇွန်(၉)ရက်နေ့၌ ပြုလုပ်ခဲ့သည့် အာဆီယံကြည်းတပ်ဦးစီးချုပ်များ၏ Virtual Conference အစည်းအဝေး၌ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ထိုကြောင့် လာမည့် ၂၀၂၁ ခုနှစ်၌ မြန်မာနိုင်ငံတွင် (၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးနှင့် (၃၀) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲများ ကျင်းပသွား မည်ဖြစ်သည်။