အာဆီယံ-တရုတ် အစည်းအဝေးသို့ န-စ-ကဥက္ကဋ္ဌ တက်ရောက်ခွင့်မရ

PUBLISHED - November 22, 2021
ရန်ကုန်၊ နိုဝင်ဘာ ၂၂ (People Media)
ယနေ့ ကျင်းပလျက်ရှိသည့် အာဆီယံ-တရုတ် နိုင်ငံခေါင်းဆောင်များ အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်ခွင့်မရရှိခဲ့ကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြထားချက်အရ သိရပါတယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံ သမ္မတရှီအပါအဝင် အာဆီယံခေါင်းဆောင်များသည် အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။
ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံ တက်ရောက်ခွင့်ရရှိရန် တရုတ်ခေါင်းဆောင်များက အာဆီယံနိုင်ငံများကို ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း နိုင်ငံတကာမီဒီယာများ၌ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာနောက်ဆုံးပတ်၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ န-စ-က ဥက္ကဋ္ဌ တက်ရောက်ခွင့်မရခဲ့ပါဘူး။
Photo – ဆင်ဟွာ
#PeopleMedia #တရုတ်အာဆီယံမြန်မာ
(unicode)
အာဆီယံ-တရုတျ အစညျးအဝေးသို့ န-စ-ကဥက်ကဋ်ဌ တကျရောကျခှင့ျမရ
……………………………………………………..