အာဏာစနစ်တကျလွှဲပြောင်းမည်ဟု ထရမ့်ကတိပြု

PUBLISHED - January 8, 2021
ဝါရှင်တန်၊ ဇန်နဝါရီ ၈
ထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အဦကိုဝင်စီးပြီး ၁ ရက်အကြာတွင် အာဏာစနစ်တကျ လွှဲပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ကတိပြုလိုက်သည်။
တွစ်တာတွင် ၁၂ နာရီကြာအကောင့်ပိတ်ခံရပြီးနောက် ပထမဆုံးမှတ်ချက်ပြုမှုသည် ရွေးကောက်ပွဲရှုံးနိမ့် ကြောင်း ပထမဆုံးလူသိရှင်ကြားဝန်ခံမှုဖြစ်သည်။
ဒီမိုကရတ်ထိပ်တန်းခေါင်းဆောင်များက သူ့ကိုရာထူးမှဖယ်ရှားရန် တိုက်တွန်းပြီးနောက် ထရမ့်က ယခုမှတ်ချက် ပြုခြင်းလည်းဖြစ်သည်။
အထိကရုဏ်းဖြစ်ရပ်များအတွင်းရသည့်ဒဏ်ရာကြောင့် ရဲအရာရှိ ၁ ယောက်သေဆုံးကြောင်း ထရမ့်ကြေညာပြီး နာရီပိုင်းအကြာတွင် လွှတ်တော်အစောင့်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
အထိကရုဏ်များကြောင့် နောက်ထပ်လူ ၄ ယောက်လည်းသေဆုံးခဲ့ပြီး ထရမ့်ကိုထောက်ခံသူ ၁ ယောက်ကို ရဲတပ်ဖွဲ့ဝင်များက အသေပစ်ခဲ့ခြင်းနှင့် နောက်ထပ် ၃ ယောက်သည် ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေ များကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ထိုစီးနင်းမှုကြောင့် ထိပ်လန့်တုန်လှုပ်နေသည့်လွှတ်တော်အမတ်များကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပြီး ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကို သမ္မတအဖြစ်အတည်ပြုမည့်လွှတ်တော်အစည်းအဝေးနာရီ အတော်ကြာ အောင်ရွှေ့ဆိုင်းပြီးနောက်မှ ပြန်လည်ကျင်းပနိုင်သည်။
Ref : Capitol riot: Trump commits to ‘orderly’ transition of power
#PeopleMedia
(unicode)
……………………………
Ref : Capitol riot: Trump commits to ‘orderly’ transition of power
#PeopleMedia