အာဏာရစဉ်ကအစီအစဉ်များကိုဆက်လက်ဆောင်ရွက်ရန် သမ္မတဟောင်းရုံး ထရမ့်ဖွင့်လှစ်

PUBLISHED - January 26, 2021
ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အမေရိကန်သမ္မတဟောင်းတယောက်အနေနှင့်တာဝန်များကိုကိုင်တွယ်ဖြေရှင်းပြီး သူ့အစိုးရလက်ထက်အစီ အစဉ်များကိုထပ်မံပြုလုပ်မည့်ရုံးတရုံးကို ဖလော်ရီဒါပြည်နယ်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်က ဖွင့်လှစ်ခဲ့သည်။
“ရုံးသည် သမ္မတထရမ့်၏အဆက်အသွယ်များ၊ အများပြည်သူဆိုင်ရာထုတ်ပြန်ချက်များ၊ မီဒီယာများတွင် ပေါ်ထွက်မှုများ ကိုစီမံခန့်ခွဲရာတွင် တာဝန်ရှိပြီး အမေရိကန်ပြည်ထောင်စု၏အကျိုးစီးပွားကိုမြှင့်တင်မည့်တရား ဝင်လုပ်ငန်းဆောင်တာများအတွက်နှင့် အကြံပေးခြင်း၊ စုဝေးလှုပ်ရှားခြင်းနှင့် အများပြည်သူဆိုင်ရာတက်ကြွ လှုပ်ရှားမှုတို့ဖြင့် ထရမ့်အစိုးရ၏အစီအစဉ်များကိုဆက်လုပ်ရန် စီမံခန့်ခွဲရာတွင်လည်း တာဝန်ယူမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဇန်နဝါရီ ၆ ရက်က လွှတ်တော်အဆောက်အဦကိုဝင်ရောက်စီးနင်းမှုများမတိုင်မီ ထောက်ခံသူများကို လှုံ့ဆော်မှုဖြင့် မစ္စတာ ထရမ့်ကို စွပ်စွဲပြစ်တင်မှုစွဲချက်ကို အထက်လွှတ်တော်ထံ အောက်လွှတ်တော်က လွှဲပေးသည့်နေ့တွင် ကြေညာခြင်းဖြစ်သည်။
အထက်လွှတ်တော်က ထိုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၉ ရက်တွင် ကြားနာမည်ဖြစ်သည်။
နောက်ထပ်ပုံစံတမျိုးဖြင့်ပြန်လာမည်ဟု သမ္မတအဖြစ်နောက်ဆုံးနေ့တွင် ထရမ့်က ခွဲခွာခြင်းမှတ်ချက်စကား ပြောခဲ့သည်။
ထိုနေ့နောက်ပိုင်း အများပြည်သူကြားတွင် မစ္စတာ ထရမ့် ထွက်လာခြင်းမရှိချေ။
သမ္မတအဖြစ်မှမထွက်ခွာမီ “Patriot Party” မျိုးချစ်ပါတီဟုအမည်ပေးမည့်နိုင်ငံရေးပါတီတခုတည်ထောင်ရန် မိတ်ဖက်များနှင့်ဆွေးနွေးခဲ့သည်ဟု ဝေါစထရိဂျာနယ်ကဖော်ပြသည်။
Ref : Trump opens Office of the Former President to ‘carry on’ his administration’s agenda
#PeopleMedia
(unicode)
……………………………………………………….
Ref : Trump opens Office of the Former President to ‘carry on’ his administration’s agenda
#PeopleMedia