အာဏာရှင်စနစ်ကသာ တကယ့်မကောင်းမှုလို့ ထိုင်ဝမ်သမ္မတပြော

PUBLISHED - June 24, 2024
နိုင်ငံတကာ၊ ဇွန် ၂၄
ဒီမိုကရေစီဟာ ရာဇဝတ်မှုတစ်ခုမဟုတ်ဘဲ လူတစ်ဦးတည်းက အာဏာကိုထိန်းချုပ်ထားတဲ့ အာဏာရှင်စနစ်က သာ တကယ့်မကောင်းမှုဖြစ်ကြောင်း ထိုင်ဝမ်သမ္မတလိုင်ချင်းတီးက တနင်္လာနေ့ (ဇွန်လ ၂၄ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။
ထိုင်ဝမ်ကို လွတ်လပ်ရေးကြေညာပြီး ခွဲထွက်ဖို့ ကြိုးစားနေတဲ့ အရိုးစွဲခွဲထွက်ရေးသမားတွေကို သေဒဏ်ပေးဖို့ တရုတ်နိုင်ငံက ခြိမ်းခြောက်ပြောဆိုလိုက်ပြီးနောက်မှာ ထိုင်ဝမ်သမ္မတက အခုလိုပြောကြားလိုက်တာဖြစ်ပါ တယ်။
ထိုင်ဝမ်ကို ၎င်းတို့နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုသာ ရှုမြင်ထားတဲ့ တရုတ်က ပြီးခဲ့တဲ့လက အာဏာရလာတဲ့ ထိုင် ဝမ်သမ္မတလိုင်ဟာ ခွဲထွက်ရေးဝါဒီတစ်ဦးဖြစ်လို့ မကြိုက်နှစ်သက်ကြောင်း ပြောဆိုခဲ့သလို သမ္မတလိုင် ကျမ်း သစ္စာကျိန်ဆိုပြီး အချိန်တိုအတွင်း ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တရုတ်တရားရုံးတွေဟာ ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်ပြီး တရားစီရင်ခွင့် လုံးဝမရှိပေမဲ့ ထိုင်ဝမ်ကျွန်းရဲ့ လွတ်လပ်ရေးကြေညာမှုကိ ထောက်ခံသူတွေကို ပြစ်ဒဏ်ပေးဖို့ ဥပဒေလမ်းညွှန် ချက်အသစ်တွေ သောကြာနေ့က ထုတ်ပြန်ပြီး ထိုင်ဝမ်ကို ဖိအားပေးခဲ့ပါတယ်။
သမ္မတရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတလိုင်က တရုတ်နိုင်ငံတောင်ပိုင်း ရေလွှမ်းမိုးမှုနဲ့ပတ် သက်ပြီး ကိုယ်ချင်းစာကြောင်း ထပ်မံပြောကြားလိုက်ပြီးနောက် တရုတ်နိုင်ငံရဲ့ဆောင်ရွက်ချက်အကြောင်းကို သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။
“ကျွန်တော် အလေးအနက်ပြောချင်ပါတယ်။ ဒီမိုကရေစီဟာ ရာဇဝတ်မှုတစ်ခုမဟုတ်ပါဘူး။ တကယ့်မကောင်းမှု အစစ်က သူတို့ရဲ့အာဏာရှင်စနစ်ပါ။ သူတို့ကိုင်စွဲထားတဲ့ ရာထူးနေရာတွေအရ တရုတ်နိုင်ငံက ထိုင်ပြည်သူ တွေကို ပြစ်ဒဏ်ချမှတ်ခွင့် လုံးဝ မရှိပါဘူး။ ကျွန်တော်ထပ်ပြောပါ့မယ် ထိုင်ဝမ်ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကို နယ်နမိတ်တွေကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်ဖို့ တရုတ်မှာ ဘာအခွင့်အရေးမှ မရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ပြန်လည်ပေါင်းစည်းရေးကို မထောက်ခံတဲ့ မည်သူမဆို ထိုင်ဝမ်ခွဲထွက်ရေးကို ထောက်ခံတဲ့သူဖြစ်တယ်လို့ တရုတ်တွေက ဆုံးဖြတ်ထားကြောင်း လိုင်က ပြောပါတယ်။
“တရုတ်နိုင်ငံအနေနဲ့ တရုတ်သမ္မတနိုင်ငံ (Republic of China = ထိုင်ဝမ်ကိုဆိုလို) ရဲ့ ဖြစ်တည်မှုကို လက်ခံဖို့ နဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြောက်ထားတဲ့ တရားဝင်အစိုးရနဲ့ အပြန်အလှန် ဆွေးနွေးဖို့ကိုလည်း ကျွန်တော် တောင်းဆိုချင်ပါတယ်။ အဲဒီလို မလုပ်ဘူးဆိုရင် ထိုင်ဝမ်နဲ့ တရုတ်ကြားက ဆက်ဆံရေးတွေဟာ ပိုပိုပြီး အေးစက်ဝေးကွာလာပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Autocracy is ‘evil’, Taiwan president says after China threatens death for separatism
#PeopleMedia