• Follow Us on

Home အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုPPSTအနေနှင့်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဗိုလ်ချုပ်ကြီးယွက်စစ်ပြော

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုPPSTအနေနှင့်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဗိုလ်ချုပ်ကြီးယွက်စစ်ပြော

Share this post

ရန်ကုန်၊ မတ် – ၁၁ (PeopleMedia)

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်စုပေါင်းထားသည့် NCAs-EAO အဖွဲ့မှ ခေါင်းဆောင်များ တည်ထောင်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အနေဖြင့် အာဏာရှင် စနစ်ချုပ်ငြိမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) (၁၃၊ ၂၀၂၁) အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများ နှင့် ပတ်သက်၍ ဆွေးနွေးရာ၌ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့ဟာ ပြည်သူလူထုတွေနဲ့ အတူတကွ ရပ်တည်ကြရတာဖြစ်လို့ ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်းများနဲ့ လက်တွဲပူးပေါင်းပြီး အာဏာရှင် စနစ်ချုပ်ငြိမ်းရေးကို PPST အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းများကို ရပ်ဆိုင်းထားခြင်း ဆုံးဖြတ်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲသွားမှာ ဖြစ်မည်ဖြစ်ပြီးကြောင်း ၎င်းက ပြောဆိုခဲ့သည်။

#PeopleMedia #PPST


Share this post