PUBLISHED - March 10, 2020
ကဘူးလ်၊ မတ် ၁၀
(Unicode)
အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့တွေ စပြီး တပ်ပြန်ဆုတ်
…………………………………………………
ကဘူးလ်၊ မတ် ၁၀
နိုင်ငံတွင်းငြိမ်းချမ်းရေးရဖို့ရည်ရွယ်တဲ့ တာလီဘန်တွေနဲ့သဘောတူညီချက်တစိတ်တပိုင်းအနေနဲ့ ပါကစ္စတန်ကတပ်ဖွဲ့ဝင်တွေကို အမေရိကန်ပြန်ရုတ်သိမ်းနေပါတယ်။
သဘောတူညီချက်လက်မှတ်ရေးထိုးပြီး ၁၃၅ ရက်အတွင်းမှာ တပ်ဖွဲ့ဝင် ၁၂၀၀၀ ရှိရာကနေ ၈၆၀၀ ပဲရှိတော့ဖို့ အမေရိကန်က သဘောတူထားပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်မှာ တာလီဘန်နဲ့အမေရိကန်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်မှာ တပ်ဖွဲ့ဝင်တွေ ပြန်ရုတ်သိမ်းဖို့ကလည်း အခြေအနေတစ်ခုဖြစ်ပါတယ်။
တာလီဘန်စစ်သွေးကြွတွေက သဘောတူညီချက်ကို လိုက်နာမယ်ဆိုရင် ၁၄ လအတွင်း တပ်ဖွဲ့တွေအားလုံးပြန်ဆုတ်မယ်လို့ အမေရိကန်နဲ့ နေတိုးမိတ်ဖက်အားလုံးကပြောထားပါတယ်။
သဘောတူညီချက်အရ စစ်သွေးကြွတွေက တိုက်ခိုက်မှုတွေမလုပ်ဖို့နဲ့ အယ်ကေးဒါး(ဒါမှမဟုတ်) တခြားအစွန်းရောက်အဖွဲ့ တွေကို သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလှုပ်ရှားနေတာမရှိဖို့ သဘောတူထားပါတယ်။
Ref : Afghanistan conflict: US begins withdrawing troops
#PeopleMedia #AfghanistanConflict