အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံး

PUBLISHED - January 18, 2021
နိာင်ငံတကာ၊ ဇန်နဝါရီ ၁၆ (People Media)
အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ် ဂိုရီယန်ခရိုင်၌ ယမန်နေ့ညပိုင်းက တာလီဘန်အဖွဲ့၏ တိုက်ခိုက် မှုကြောင့် အာဖဂန်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက် သည်။
ဟီရတ်ပြည်နယ် ဂိုရီယန်ခရိုင်၌ တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်ရဲတပ်ဖွဲ့ဝင် ၁၃ ဦးထက်မ နည်း ကျဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူအာဟတ်ဝါလီဒါဇာက တွစ်တာလူမှုကွန်ရက် ၌ ရေးသားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း ကာတာနိုင်ငံ ဒိုဟာမြို့၌ လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်-တာ လီဘန် သဘောတူညီချက်အရ အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့ဝင်အရေအတွက်ကို ၂၅၀၀ အထိ လျှော့ချကြောင်း အမေရိကန်နိုင်ငံက ကြေညာပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။
ထို့အပြင် ကန်ဒါဟာပြည်နယ် ဒါမန်ခရိုင်ရှိ အာဖဂန်စစ်ဘက်စခန်း၌ ယနေ့နံနက်ပိုင်း၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
ပြီးခဲ့သောတစ်ရက်အတွင်း ကွန်ဒက်ဇ်နှင့် ကန်ဒါဟာပြည်နယ်၌ တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များ၊ ပြည်နယ်ကောင်စီ အဖွဲ့ ဝင်များက ပြောသည်။
အာဖဂန်အဖွဲ့ပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးမှု ရှိနေလင့်ကစား ပြီးခဲ့သောလအနည်းငယ်အတွင်း အာဖဂန် နစ္စတန်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။
တာလီဘန်အဖွဲ့က အာဖဂန်အစိုးရတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ကာ ပိုင်နက်နယ်မြေ များ ခြေကုပ်ရယူပြီး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။
Ref; 13 police officers killed by Taliban in Afghanistan Herat
(unicode)
………………………………………………….
Ref; 13 police officers killed by Taliban in Afghanistan Herat