အာဖဂန်နစ္စတန်အရေးကြောင့် သမ္မတ ဂျိုးဘိုင်ဒင်အပေါ် လူထုထောက်ခံမှု ကျဆင်းလာ

PUBLISHED - August 23, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၃ (People Media)
အာဖဂန်နစ္စတန်နိုင်ငံမှ ပြည်သူများ၊ အရပ်ဘက်ဝန်ထမ်းများ ရွှေ့ပြောင်းမှုကို ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းမည့် နောက်ဆုံးသတ်မှတ်ရက် သြဂုတ်လ ၃၁ ရက် သက်တမ်းတိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားသည်။
သမ္မတ ဂျိုးဘိုင်ဒင်သည် ယမန်နေ့က အိမ်ဖြူတော်၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သြ ဂုတ်လ ၁၄ ရက်နောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော အမေရိကန် နှင့် အာဖဂန်ဒေသခံ ၂၈၀၀၀ ခန့်အား ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့ လျှောက်လှမ်းရမယ့်ခရီးက အဝေးကြီး ကျန်ပါသေးတယ်” ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။ အမေရိ ကန်တပ်ဖွဲ့များ ရုတ်သိမ်းမည့် နောက်ဆုံးသတ်မှတ်ချိန်ကို သက်တမ်းတိုး မတိုး ဂျိုးဘိုင်ဒင်အား မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့်တပ်မတော်ကြား ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သူက ဆို သည်။ ပြည်ပသို့ထွက်ခွာရန် ကြိုးပမ်းနေသည့် ပြည်သူများအတွက် ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်း ကျင်၌ ဘေးအန္တရာယ်ကင်းစေရန် တာလီဘန်အဖွဲ့နှင့် အမေရိကန်တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း ၎င်းက ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တာလီဘန်အဖွဲ့နဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပါတယ်” ဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ အခြေအနေ ဆိုးရွားလာမှုကြောင့် သမ္မတ ဂျိုးဘိုင်ဒင်အပေါ် လူထုထောက်ခံမှု ကျဆင်းလျက်ရှိသည်။
စစ်တမ်းအသီးသီး၏ ဖော်ပြချက်အရ ယခုလအတွင်း သမ္မတ ဂျိုးဘိုင်ဒင်အပေါ် လူထုထောက်ခံမှုမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်းသာရှိကြောင်း နိုင်ငံရေးဆိုင်ရာ အချက်အလက်ဝဘ်ဆိုဒ် Real Clear Politics အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်း သမ္မတတာဝန် စတင်ယူခဲ့သည့် ဂျိုးဘိုင်ဒင်အတွက် ပထမဆုံးအကြိမ် လူထု ထောက်ခံမှု ကျဆင်းခဲ့ခြင်းဖြစ်သည်။
Ref; Biden: ‘We have a long way to go’ in Afghanistan
#PeopleMedia #EPN #international #အမေရိကန်
(unicode)
…………………………………………………
Ref; Biden: ‘We have a long way to go’ in Afghanistan