• Follow Us on
Latest News

Home အာဖဂန်မှ အမေရိကန်ဆုတ်ခွာခြင်းနှင့် ဆိုင်ဂုံကျဆုံးခြင်းကို နှိုင်းယှဉ်ခြင်း

အာဖဂန်မှ အမေရိကန်ဆုတ်ခွာခြင်းနှင့် ဆိုင်ဂုံကျဆုံးခြင်းကို နှိုင်းယှဉ်ခြင်း

Share this post

အွန်မာရသီ

 

မာဇာအီရှာရစ်၊ ကန်ဒါဟာနှင့် ဟာရတ် စသည့် အဓိကမြို့ကြီးများအပါအဝင် လွန်ခဲ့သည့် သီတင်းပတ်ရှစ်ပတ် အတွင်း အာဖဂန်နစ္စတန်နိုင်ငံနေရာအတော်များများကို ချီတက်သိမ်းပိုက်ခဲ့ကြသည့် တာလီဘန်များသည် သြ ဂုတ်လ ၁၅ ရက်နေ့က ကဘူးမြို့တွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ တာလီဘန်များက နိုင်ငံတော်အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းရယူနိုင်ရန် ၎င်းတို့စောင့်ဆိုင်းနေကြောင်း ကြေညာခဲ့သည်။

 

၂၀၀၁ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်မှ တာလီဘန်များကို မောင်းထုတ်ရန် သမိုင်းတစ်လျှောက် အရှည်ကြာ ဆုံးသောစစ်ပွဲကိုဆင်နွှဲခဲ့သည့် အမေရိကန်ပြည်ထောင်စုအနေဖြင့် တာလီဘန်တပ်များဆက်လက်ချီတက်လာ စဉ်အတွင်း အမေရိကန်တပ်များဆုတ်ခွာရေးကို ကြေညာခဲ့ပြီးနောက် ကြာသာပတေးနေ့တွင် ကဘူးမြို့၌ အ ရေးပေါ်တပ်ဖြန့်ချထားခဲ့ပြီး  နောက်ဆုံးအချိန်အထိ ၎င်း၏ သံတမန်များဘေးကင်းစွာရွှေ့ပြောင်းရေးကို ဆောင် ရွက်ခဲ့သည်။

 

အမေရိကန်အစိုးရက ၎င်းတို့တပ်များဆုတ်ခွာရေးဆောင်ရွက်ခဲ့ပုံကို လက်ရှိအချိန် လူမှုကွန်ရက်ပေါ်တွင် လွန်ခဲ့ သည့်နှစ်ပေါင်းငါးဆယ်နီးပါးကပေါ်ပေါက်ခဲ့သော ဆိုင်ဂုံ ကျဆုံးခန်းနှင့် နှိုင်းယှဉ်ပြောဆိုလျက်ရှိသည်။ ဗီယက် နမ်နိုင်ငံတွင်း ၁၉ နှစ်ကြာရှိနေသည့် အမေရိကန်စစ်တပ်ဆုတ်ခွာသွားပြီးနောက်ပိုင်း နှစ်နှစ်အကြာ ၁၉၇၅ ခုနှစ် တွင် အမေရိကန်ထောက်ပံ့ထားသည့်တောင်ဗီယက်နမ်မြို့တော်ဆိုင်ဂုံမြို့မှာ ကွန်မြူနစ်တို့အုပ်စိုးသည့် မြောက် ဗီယက်နမ်တပ်များလက်သို့ကျရောက်ခဲ့ရသည်။

 

၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ဆိုင်ဂုံကျဆုံးမှုမှာ ဗီယက်နမ်စစ်ပွဲအဆုံးသတ်ကြောင်း အ ချက်ပေးလိုက်ခြင်းဖြစ်သည်။ ဆိုင်ဂုံကို နောက်ပိုင်းတွင် မြောက်ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်းကိုဂုဏ်ပြုပြီး ဟိုချီမင်းဟု အမည်ပေးခဲ့သည်။ ကွန်မြူနစ်များသည် နောက်ထပ်လအနည်းငယ်အတွင်း တစ်နိုင်ငံလုံးကို တစ် စုတစ်စည်းတည်းအဖြစ် ပေါင်းစည်းခဲ့သည်။ ထိုနည်းတူစွာ အနာဂတ်ကာလတွင် တာလီဘန်တို့အနေဖြင့် တစ် နိုင်ငံလုံးကိုထိန်းချုပ်ပြီး တစ်စုတစ်စည်းတည်းပေါင်းစည်းသွားမည်ကို လုံခြုံရေးဆန်းစစ်လေ့လာသူအများအပြား က လက်ရှိအချိန်တွင် စိုးရိမ်လျက်ရှိသည်။

 

၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အဖြစ်အပျက်

 

ကမ္ဘာပေါ်တွင် ရုပ်မြင်သံကြားပေါ်မှ ပထမဦးဆုံးထုတ်လွှင့်ပြသခဲ့သည့်စစ်ပွဲဖြစ်သော ဗီယက်နမ်စစ်ပွဲသည် အ မေရိကန်စစ်သည် ၅၈,၀၀၀  နှင့် ဗီယက်နမ်လူမျိုး ၂,၅၀,၀၀၀ သေဆုံးခဲ့သည့် ကြမ်းတမ်းပြင်းထန်လှသော စစ် ပွဲကြီးဖြစ်သည်။ အမေရိကန်တပ်များထွက်ခွာသွားပြီးမှ ပြီးဆုံးသွားသော စစ်ပွဲလည်းဖြစ်သည်။

 

ဗီယက်နမ်စစ်ပွဲသည် ကမ္ဘာကျော်ဒိန်ဘင်ဖူးခံတပ်တိုက်ပွဲကြီးတွင် ပြင်သစ်ကိုလိုနီတပ်များကို မြောက်ဗီယက်နမ် ၏ အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဗိုနုရင်ဂီယတ်တပ်များက အနိုင်ရရှိခဲ့သည့် ၁၉၅၄ ခုနှစ်မှစတင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ၂၁ နှစ်ကြာအောင် အဆိုပါဗီယက်နမ်တပ်များက အမေရိကန်တပ်များနှင့် တောင်ဗီ ယက်နမ်တပ်များကို ဆိုင်ဂုံမြို့တွင် တိုက်ခိုက်နှိမ်နှင်းခဲ့ကြသည်။

 

ဗီယက်နမ်စစ်ပွဲ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသည့်အတွက် တီဗွီဖန်သားပြင်တွင် စစ်ပွဲ၏ရက်စက်ကြမ်းကြုပ် မှုများကို ကမ္ဘာတစ်ဝန်းမှပြည်သူများ ကြည့်ရှုရသည့်အတွက် “ညစ်ပတ်သည့်စစ်ပွဲ” ဟု အမည်ပေးထားသော စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကမ္ဘာတစ်လွှား ပြန့်ပွားခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင်းမှာပင် ထိုစဉ်ကအမေရိ ကန်သမ္မတ လန်ဒန်ဘီဂျွန်ဆင်ကို ရည်ညွှန်းပြီး “ဟေး … ဟေး … LBJ … ဒီနေ့ ကလေးတွေဘယ်နှယောက် မင်း သတ်ဦးမှာလဲ” ဟု ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။

 

အမေရိကန်အစိုးရသည် ထိုစဉ်က ဗီယက်နမ်နိုင်ငံသို့ အမေရိကန်စစ်သား ငါးသိန်းနီးပါးပို့ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်အထိ အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန်အစိုးရပို့ဆောင်ခဲ့သည့်စစ်သည်အရေအတွက်မှာ ဗီယက်နမ်သို့ ပို့ခဲ့သည့် စစ်သည်အရေအတွက်ထက် ငါးဆပိုများကြောင်းသိရသည်။

 

ဆိုင်ဂုံမြို့ ကွန်မြူနစ်များလက်သို့ကျရောက်သွားသည့် ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ရုပ်မြင်သံကြားနှင့် နောက်နေ့ထုတ်သတင်းစာများတွင် အမေရိကန်စစ်ဘက်သုံးရဟတ်ယာဉ်များက လာရောက်ကယ်တင်မည်ကို အမေရိကန်သံရုံးခေါင်မိုးပေါ်တွင် စောင့်ဆိုင်းနေကြသော အမေရိကန်စစ်သည်များ၊ အရပ်သားများပါဝင်သည့် လူအုပ်ကြီးပုံကို ဖော်ပြခဲ့ကြပါသည်။

 

ရဟတ်ယာဉ်အသီးသီးမှာ မတန်တဆတင်ဆောင်ထားရပြီး ပေအနည်းငယ်သာပျံတက်နိုင်ဖြင့် လူအများအပြား မှာ ၎င်းတို့၏ကလေးငယ်များအား တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားကြပြီး လေယာဉ်တင်သင်္ဘောပေါ်သို့ ရ ဟတ်ယာဉ်မဆင်းမီ သင်္ဘောကြမ်းခင်းပြင်သို့ ခုန်ချကြလေသည်။

 

ထိုနေ့တွင်ပင် အမေရိကန်ရဟတ်ယာဉ်များက အမေရိကန်သံတမန်များကို နောက်ဆုံးအသုတ် ကယ်တင်ပြီး နောက် လေးနာရီအကြာတွင် အမျိုးသားလွတ်မြောက်ရေးတပ်ဦးခေါ် ကွန်မြူနစ်တပ်များက ဆိုင်ဂုံမြို့တော်ကို သိမ်းပိုက်ခဲ့ပါသည်။ ဆိုင်ဂုံမြို့ကြီးမှာ ချွင်းချက်မရှိလက်နက်ချလိုက်ရပြီး နှစ်ပေါင်း ၁၂၀ နိုင်ငံခြားသားကြီးစိုးမှု အဆုံးသတ်သွားခဲ့ရပါသည်။

 

“ဆိုင်ဂုံမြို့ကျဆုံးခန်း၏ စံနမူနာပြကွက်ဟု ယူဆရမည်ဖြစ်သော လမ်းပေါ်က မြင်ကွင်းတစ်ခုမှာ အမျိုးသား လွှတ်မြောက်ရေးတပ်ဦး၏ တင့်ကားတစ်စီးသည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် တောင်ဗီယက်နမ် တပ်ဖွဲ့ဝင်စစ်သည်တစ်ဦးက တံခါးဖွင့်ပေးရန်ဆောင်ရွက်နေသည်ကို ဂရုမစိုက်ဘဲ  သမ္မတနန်းတော်၏ ပင်မတံ ခါးပေါက်ကို တိုက်ချိုးဝင်ရောက်ခဲ့ခြင်းပင်ဖြစ်သည်။ မိနစ်အနည်းငယ်အကြာတွင် ယာယီတော်လှန်ရေးအစိုးရ (ကွန်မြူနစ်အစိုးရ) ၏ ရွှေရောင်ကြယ်ပွင့်နှင့်အတူ အနီရောင်နှင့်အဖြူရောင်လွှမ်းခြုံထားသောအလံမှာ သမ္မတ နန်းတော်တွင် တဖျပ်ဖျပ်လွှင့်တက်လာပါတော့သည်။” ဟူသော သတင်းတစ်ပုဒ်ကို ၁၉၇၅ ခုနှစ် မေလ ၁ ရက် နေ့ထုတ် The India Express သတင်းစာ၏ ရှေ့ပိုင်းစာမျက်နှာတွင် ဖော်ပြထားပါသည်။

 

ထိုသတင်းတွင် ယခုကွယ်လွန်သွားပြီဖြစ်သောဝါရင့်ဂျာနယ်လစ်တစ်ဦးဖြစ်သူ အဘူအေဘရာဟမ်၏ ကာတွန်း ပုံကိုလည်း သရုပ်ဖော်ထည့်သွင်းခဲ့သည်။ ၎င်း၏ကာတွန်းပုံမှာ သံလွင်ခက်ပေါ်တွင်ရှိသော ပိုးအိမ်အတွင်းမှ ပေါ် ထွက်လာသည့် လိပ်ပြာတစ်ကောင်အဖြစ် ဗီယက်နမ်ကို ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

 

ပထမဦးဆုံးဆိုင်ဂုံမြို့လယ်ကောင်သို့ဝင်ရောက်လာသော အမျိုးသားလွတ်မြောက်ရေးတပ်ဦးမှ ကွန်မြူနစ် စစ် သားများမှာ ခြေမှုန်းရေးရိုင်ဖယ်များနှင့် ရော့ကက်လောင်ချာများကိုင်ဆောင်ထားပြီး တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင် ထားသော ပုံမှန်စစ်သားများနှင့် ၎င်းတို့နောက်မှ ဂျစ်ကားပေါ်မှ ဖိနပ်စီးမထားသောစစ်သားများ၊ ဆယ်ကျော် သက်အရွယ် ပြောက်ကျားများဖြစ်ကြောင်း ဆိုင်ဂုံမြို့မှ ရိုက်တာသတင်းထောက်က ရေးသားခဲ့ပါသည်။

ဆိုင်ဂုံမြို့ကျဆုံးပြီးနောက်ပိုင်းတွင် အာရှမူဝါဒသစ်တစ်ခု ပေါ်ထွန်းလာမည်ကို အမေရိကန်အနေဖြင့် မျှော်လင့် နေပါကြောင်း ဝါရှင်တန်မြို့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျားက မီဒီယာများကို ပြောပါ သည်။

 

ထိုစဉ်က အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်

 

“အမေရိကန်မူဝါဒကျဆုံးမှုသည် ကိုယ်စားမပြုသည့် အစိုးရများကို ဒေါက်ထောက်ကျားကန်ပေးမှုကြောင့်ဖြစ် သည်။” ဟု ပြောဆိုရင်း ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီက မြောက်ဗီယက်နမ်တပ်များ၏ အောင်ပွဲကို ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

 

“ဒေါက်တာဟင်နရီကစ်ဆင်းဂျားနှင့် ဆက်စပ်သည့် နိုင်ငံခြားရေးမူဝါဒသဘောထားများကို သွယ်ဝိုက်ဝေဖန်ရာ တွင် အင်အားစံနမူနာပြ ချိန်ခွင်လျှာညီမျှမှုဟာ အဖြေတစ်ခုမထောက်ပံ့နိုင်ပါဘူးဟု အင်ဒီရာဂန္ဒီကပြောသည်။ နိုင်ငံကြီး လေးငါးခြောက်နိုင်ငံအချင်းချင်းကြားမှာ အပြန်အလှန်အကျိုးပြုခြင်းက ကမ္ဘာပေါ်ကငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ဟာ ၁၉ ရာစုတုန်းက ဥရောပမှာပေါ်ထွန်းလာတဲ့ အတွေးအခေါ်တွေ ထဲက ချဲ့ကားမှုတစ်ခုပါပဲ။ ကမ္ဘာကြီးက တဖြည်းဖြည်းပိုပိုပြီးတော့ ရှုပ်ထွေးကျယ်ပြန့်လာပါပြီ။” ဟု ထိုစဉ်က The India Express သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

 

အင်ဒီရာဂန္ဒီ၏ ထိုစဉ်ကကြေညာချက်ကို မျှော်လင့်မထားခဲ့ကြသည့်အပြင် ဗီယက်နမ်စစ်ပွဲမပြီးဆုံးခင် ကိုးနှစ် လောက်ကတည်းက အင်ဒီရာဂန္ဒီ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့်အတွက် ဗီယက်နမ်အရေးနှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံ၏ရပ်တည်ချက်ကို လေးလေးနက်နက် စဉ်းစားခဲ့ကြသည်။

 

အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံးရာထူးကိုရရှိပြီးနောက် နှစ်လမျှသာရှိသောအချိန် အင်ဒီရာဂန္ဒီတစ်ယောက် အမေရိ ကန်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ် အလည်အပတ်သွားသည့်အချိန် ၁၉၆၆ ခုနှစ်တွင် သူမ၏ထိပ်တန်းအကြံပေး များဆန္ဒရှိသည့်အတိုင်း အိန္ဒိယနိုင်ငံအနေဖြင့် “ဗီယက်နမ်နိုင်ငံနှင့်ပတ်သက်၍ အမေရိကန်၏ မချိတင်ကဲ ဝေဒ နာကို မျှ ဝေခံစားမိပါသည်” ဟု အမေရိကန်သမ္မတ လန်ဒန်ဘီဂျွန်ဆင်ကို ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ အမေရိကန် သမ္မတ လန်ဒန်ဘီဂျွန်ဆင်အတွက် သူမပြောဆိုရန် ပြင်ဆင်ထားသမျှမှာ “အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်၏ မချိ တင်ကဲဝေဒနာကို နားလည်ပါသည်။” ဟူ၍သာဖြစ်ကြောင်း ကွယ်လွန်သွားပြီဖြစ်သော ဝါရင့်ဂျာနယ်လစ် အင်ဒါ မယ်လ်ဟိုထရာက ၂၀၁၅ ခုနှစ်တွင် The India Express သတင်းစာအတွက် ရေးသားဖော်ပြခဲ့ပါသည်။

 

The India Express မှ ဆောင်းပါးရှင် အွန်မာရသီ၏ Why withdrawal of US forces from Afghanistan is being compared to the fall of Saigon ကို ထုတ်နုတ်ပြန်ဆိုပါသည်။

 

#PeopleMedia

 

(unicode)


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 



 


 


 


 


 


 


 

#PeopleMedia


Share this post