• Follow Us on
Latest News

Home အာဖဂန်လက်နက်ကိုင်ဒုက္ခသည်များအား အလိုမရှိကြောင်း ရုရှားသမ္မတပူတင်ပြော

အာဖဂန်လက်နက်ကိုင်ဒုက္ခသည်များအား အလိုမရှိကြောင်း ရုရှားသမ္မတပူတင်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃ (People Media)

 

ဒုက္ခသည်အမည်ခံထားသော အာဖဂန်လက်နက်ကိုင်များရောက်ရှိလာမည်ကို အလိုမရှိကြောင်းပြောဆိုရင်း အာဖဂန်နစ္စတန်မှ ဒုက္ခသည်များကိုခေါ်ဆောင်၍ ရုရှားနိုင်ငံအနီးရှိ နိုင်ငံများတွင်နေရာချထားပေးရန်အကြံကို ရုရှားသမ္မတဗလာဒီမာပူတင်က သြဂုတ်လ ၂၂ ရက်နေ့က ပယ်ချလိုက်သည်။

 

အာဖဂန်ဒုက္ခသည်များ၏ ပြည်ဝင်ခွင့်ဗီဇာမှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသို့ထုတ်ပေးထား သော်လည်း ရုရှားနိုင်ငံ၏အိမ်နီးချင်း ဗဟိုအာရှနိုင်ငံများသို့ ယင်းဒုက္ခသည်များကို နေရာချထားပေးရန် တောင်း ဆိုခဲ့သည့် အနောက်နိုင်ငံအချို့၏အကြံပြုချက်ကို ပူတင်က ဆန့်ကျင်ဝေဖန်ခဲ့သည်။

 

“အနောက်နိုင်ငံတွေက အဲဒီဗီဇာမပါတဲ့ဒုက္ခသည်တွေကို မလိုချင်ဘဲနဲ့ အဲဒီဒုက္ခသည်တွေကို ဗီဇာမပါဘဲ ကျွန် တော်တို့အိမ်နီးချင်းနိုင်ငံတွေဆီကို ပို့ပေးလို့ရတယ်လို့ ဆိုလိုတာလား။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် လူသား ချင်းစာနာထောက်ထားတဲ့နည်းလမ်းက ဘာ့ကြောင့်ဒီနေရာကိုရွေးချယ်ရတာလဲ။ ” ဟု ပူတင်ကပြောသည်။

 

အမေရိကန်အစိုးရအတွက်အလုပ်လုပ်ခဲ့သည့် အာဖဂန်လူမျိုးများယာယီခိုလှုံနိုင်ရန် သဘောတူညီချက်ရရှိရေး မျှော်လင့်ချက်ဖြင့် အမေရိကန်ပြည်ထောင်စုအနေဖြင့်နိုင်ငံအများအပြားနှင့် လျှို့ဝှက်စွာဆွေးနွေးညှိနှိုင်းနေ ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ရိုက်တာသတင်းဌာနတွင်ဖော်ပြခဲ့သည်။

 

ယခင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟောင်းများဖြစ်သည့် အာရှိနိုင်ငံများမှပြည်သူများကို ဗီဇာမလိုဘဲ ပြည်ဝင်ခွင့်ပေးထားသည့်ရုရှားနိုင်ငံက အနောက်နိုင်ငံများ၏အကြံပြုချက်ကိုငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ အာဖဂန် နစ္စတန်မှာဒုက္ခသည်များကို ဘေးကင်းရာသို့ရွှေ့ပြောင်းပို့ဆောင်ပေးရန် အနောက်နိုင်ငံအချို့က တက်သုတ် ရိုက် ကြိုးပမ်းဆောင်ရွက်နေသော်လည်း ရုရှားအစိုးရက တာလီဘန်များတိုင်းပြည်ကိုသိမ်းပိုက်ပြီးနောက် တိုင်း ပြည်ငြိမ်ဝပ်ပိပြားရေး ပြန်လည်ထိန်းသိမ်းရန် တာလီဘန်များကို တိုက်တွန်းပြောကြားခဲ့သည်။

 

“တိုက်ခိုက်မှုတွေရပ်စဲမယ်၊ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းတွေပါတဲ့ တာလီဘန်တွေထုတ်ပြန်ချက်တွေကို ကျွန်တော် တို့စောင့်ကြည့်နေပါတယ်။ တာလီဘန်တွေဟာ အာဖဂန်သမ္မတဟာင်း ဟာမစ်ကာဇိုင်းနဲ့ ဆက်သွယ်မှုယူနေ ပါပြီ။” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရုတ်က ပြောသည်။

 

Ref: We don’t want Afghan militants in Russia: Vladimir Putin

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 

Ref: We don’t want Afghan militants in Russia: Vladimir Putin

 

#PeopleMedia


Share this post