အာဖဂန်နယ်စပ်အနီး ပါကစ္စတန်တပ်ဖွဲ့ဝင်တွေနဲ့ TTP စစ်သွေးကြတာလီဘန်အဖွဲ့ တိုက်ပွဲဖြစ်ပွား

PUBLISHED - September 8, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၈
ပါကစ္စတန်တပ်ဖွဲ့ဝင်တွေဟာ အာဖဂန်နစ္စတန်နယ်စပ်ဒေသမှာ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်တာလီဘန်စစ်သွေးကြ အဖွဲ့ အင်အားရာကျော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပါကစ္စတန်တပ်ဖွဲ့ဝင်တွေကို အဲဒီဒေသကို ထပ်မံစေလွှတ်လိုက် ကြောင်း ပါကစ္စတန်ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်က တာလီဘန်တွေ အာဏာပြန်ရလာတဲ့အတွက် ပါကစ္စတန်နိုင်ငံထဲမှာရှိ နေတဲ့ တီဟရိ-အီး-တာလီဘန် (Tehreek-e-Taliban Pakistan – TTP) ခေါ် စစ်သွေးကြအဖွဲ့တွေဟာ ပိုမိုအား တက်လာခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်ဟာ ပါကစ္စတန်တာလီဘန်တွေကို လက်ခံပြီး ဖုံးကွယ်ပေးထားတယ်လို့ ပါကစ္စတန်အစိုးရက ပုံမှန်စွပ်စွဲလေ့ရှိပေမဲ့ အာဖဂန်နစ္စတန်တာလီဘန်အစိုးရကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
“အင်အားကရာနဲ့ချီပါတယ်။ အင်အားအများအပြားပါပဲ။ အဲဒီစစ်သွေးကြတွေဟာ လက်နက်ငယ်တွေရော လက် နက်ကြီးတွေရော ကိုင်ဆောင်ထားကြတယ်။ တိုက်ပွဲဖြစ်ပွားတာ လေးနာရီလောက်ကြာပါတယ်။” လို့ ချတ္ထရယ် ခရိုင်က ဒုတိယရဲမင်းကြီး မိုဟာမက်အလီက AFP ကို ပြောပါတယ်။
ခေတ်မီလက်နက်တွေတပ်ဆင်ထားတဲ့ အကြမ်းဖက်သမားအင်အားအများအပြားဟာ အဲဒီဒေသမှာရှိတဲ့ ကင်းစ ခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ကြကြောင်း ပါကစ္စတန်တပ်မတော်လူထုဆက်ဆံရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော် ပြထားပါတယ်။
တိုက်ပွဲဖြစ်စဉ်မှာ ပါကစ္စတန်တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်သမား ၁၂ ဦးကို သေဆုံးသွားကြောင်း Inter-Services Public Relations (ISPR) က ပြောပါတယ်။
“အဲဒီဒေသတွင်းမှာ အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေတာ နှစ် ရက်/ သုံးရက်ရှိပါပြီ။ ကျွန်တော်တို့ အမာခံတွေကလည်း အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေကို သတင်း ပေးပါတယ်။” လို့ ဒုတိယရဲမင်းကြီးအလီက ပြောပါတယ်။
TTP အကြမ်းဖက်အုပ်စုက ၎င်းတို့အနေနဲ့ အစ္စလာမ်မာဘတ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) ခန့်ကွာဝေးတဲ့ ချတ္ထရယ်ခရိုင်ရဲ့ ဘွမ်ဘူရစ်ဒေသက စစ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်း တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်တာလီဘန်တွေဟာ အာဖဂန်တာလီဘန်တွေနဲ့အတူတူ သဘောထားတင်းမာတဲ့အစ္စလာမ်မစ်ဝါဒကို ခံယူကျင့်သုံးနေတဲ့အဖွဲ့ဖြစ်ပါတယ်။
Ref: Troops Clash with ‘Hundreds’ of Pakistan Taliban near Afghan Border
#PeopleMedia