• Follow Us on

Home အာဖဂန်လူမျိုးတွေရဲ့သတင်းအချက်အလက်တွေပေါက်ကြားတဲ့အတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ဒဏ်ငွေချမှတ်ခံရ

အာဖဂန်လူမျိုးတွေရဲ့သတင်းအချက်အလက်တွေပေါက်ကြားတဲ့အတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ဒဏ်ငွေချမှတ်ခံရ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃

 

တာလီဘန်တွေလက်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အာဖဂန်လူမျိုး ၂၆၅ ဦးရဲ့ ပုဂ္ဂိုလ်ရေးသတင်းအချက် အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ပေါင် ၃၅၀,၀၀၀ (ဒေါ်လာ ၄၄၀,၀၀၀) ဒဏ်ငွေချမှတ်ခံလိုက်ရကြောင်း သတင်းအချက်အလက်စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၃ ရက်နေ့က) ကြေညာလိုက်ပါတယ်။

 

“ဒီအလွန်ဝမ်းနည်းစရာကောင်းတဲ့ သတင်းအချက်အလက်ပေါက်ကြားမှုကြီးဟာ ကျွန်တော်တို့တိုင်းပြည်က ဆောင်ရွက်ပေးစရာရှိနေတဲ့သူတွေအတွက် အလွန်ကို စိတ်ပျက်စရာဖြစ်သွားစေပါတယ်။” လို့ ဗြိတိန်နိုင်ငံ သတင်းအချက်အလက်မင်းကြီး ဂျွန်အက်ဒ်ဝပ်စ်က ပြောပါတယ်။

 

သတင်းကျိုးပေါက်မှုမှာ မိတ္တူလိပ်စာမှာမပါတဲ့သူတွေ ဖတ်လို့ရတဲ့ ဗြိတိန်နိုင်ငံမှာ ပြန်လည်နေရာချထားပေးဖို့ အကျုံးဝင်တဲ့ အာဖဂန်လူမျိုးစကားပြန်တွေအပါအဝင် လူပေါင်းများစွာရဲ့ အီးမေးလ်လိပ်စာတွေကို ဖွင့်ချလိုက် တာပဲဖြစ်ပါတယ်။

 

တာလီဘန်တွေ အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ဘေးဒုက္ခကျရောက်နိုင်တဲ့သူတွေကို နိုင်ငံ ထဲကနေ ဘေးကင်းလုံခြုံရာကို ဖရိုဖရဲကယ်ဆယ်ပို့ဆောင် ပေးနေတဲ့အချိန် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဲဒီသတင်းအချက်အလက်ပေါက်ကြားမှု ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဘန်းဝေါလေ့စ်က တောင်းပန်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိ အရာရှိတစ် ဦးကို အလုပ်ကနေအနားပေးထားကြောင်း ပြောကြားခဲ့ပါတယ်။

 

ဗြိတိန်နိုင်ငံက ဆောင်ရွက်ခဲ့တဲ့ အာဖဂန်နစ္စတန်ဘေးကင်းလုံခြုံရာရွှေ့ပြောင်းသယ်ယူရေးအစီအစဉ်ဟာ အကြီးအကျယ်ဝေဖန်ခံခဲ့ရပြီး အဲဒီအစီအစဉ်ဆောင်ရွက်ရာမှာ ဗြိတိန်အစိုးရအနေနဲ့ “ခေါင်းဆောင်မှု၊ စီမံချက် ရေးဆွဲမှု၊ ကြိုတင်ပြင်ဆင်မှုတွေ” ဆောင်ရွက်ဖို့ ဆိုးဆိုးရွားရွား ပျက်ကွက်ခဲ့တယ်လို့ လွှတ်တော်အမတ်တွေက စွပ်စွဲခဲ့ပါတယ်။

 

ပြန်လည်နေရာချထားရေးအစီအစဉ်မှာ အရည်အချင်းပြည့်မီပြီး အကျုံးဝင်တဲ့ အာဖဂန်လူမျိုးရာပေါင်းများစွာ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ကျန်ရစ်ခဲ့ပါတယ်။

 

ပိုဆိုးတာက ကျန်ခဲ့တဲ့သူတွေအတွက် အန္တရာယ်ကြီးလှတဲ့ ၎င်းတို့အလုပ်အကိုင်တွေ၊ အလုပ်လျှောက်လွှာတွေ အသေးစိတ်ပါဝင်တဲ့ စာရွက်စာတမ်းတွေကို ကဘူးမြို့က စွန့်လွှတ်ခဲ့တဲ့ ဗြိတိန်သံရုံးမှာ ဒီအတိုင်းစွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။

 

မြေပြင်မှာတကယ့် စိန်ခေါ်မှုဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်တွေကို ကာကွယ်ခြင်းမရှိဘဲ အလျင်စလိုဆုံးဖြတ်ချက်ချခဲ့တာဟာ ဘယ်လိုမှ အကြောင်းပြလို့မရပါဘူးလို့ သတင်းအချက်အလက်မင်းကြီး ဂျွန်အက်ဒ်ဝပ်စ်က ပြောပါတယ်။

 

အဲဒီလိုသတင်းပေါက်ကြားခံလိုက်ရတဲ့သူတွေဟာ ပြန်လည်လက်တုံ့ပြန်ခံရမယ့် အန္တရာယ်နဲ့ နီးစပ်ပြီး အဲဒီလူ တွေ အန္တရာယ်နီးစပ်တဲ့အခြေအနေမြင့်မားလာတဲ့အချိန်မှာ လက်တုံ့ပြန်ခံရမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

အာဖဂန် ၂၄၅ ဦးရဲ့ သတင်းအချက်အလက်တွေဟာ ရည်ရွယ်ချက်မရှိဘဲ ပေါက်ကြားခဲ့တာဖြစ်ပြီး အဲဒီအထဲက ၅၅ ဦးရဲ့ဓာတ်ပုံတွေကတော့ ၎င်းတို့ရဲ့အီးမေးလ် ပရိုဖိုင်းပုံတွေမှာပါသွားတာဖြစ်ပါတယ်။

 

တာဝန်ရှိသူနှစ်ဦးက အဲဒီမိတ္တူလိပ်စာပါပုဂ္ဂိုလ်အားလုံးထံ အကြောင်းပြန်ခဲ့သလို နောက်တစ်ဦးကတော့ သူတို့ ရဲ့နေရပ်လိပ်စာတွေကိုပါ ဖော်ပြခဲ့တယ်လို့ ဂျွန်အက်ဒ်ဝပ်စ်က ပြောပါတယ်။

 

“အဲဒီ ပေါက်ကြားသွားတဲ့ သတင်းအချက်အလက်တွေ တာလီဘန်တွေလက်ထဲကိုသာ ရောက်သွားခဲ့ရင် အဲဒီ ပုဂ္ဂိုလ်တွေ အသတ်ခံရနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

မိတ္တူလိပ်စာပါပုဂ္ဂိုလ်အားလုံး ၎င်းတို့ရဲ့အီးမေးလ်တွေကို ဖျက်ပစ်ဖို့၊ အီးမေးလ်လိပ်စာတွေကို ပြောင်းလဲဖို့နဲ့ ၎င်း တို့နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို လုံခြုံတဲ့လမ်းကြောင်းကတစ်ဆင့် ပြန်လည်နေရာချထားရေး အဖွဲ့ထံ အသေးစိတ်ပြန်လည်ပို့ဆောင်ပေးဖို့ ပြောဆိုထားပါတယ်။

 

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်အတွင်းမှာပဲ သတင်းအချက်အလက်ချိုးဖောက်သူ နောက်ထပ်နှစ်ဦးကို ထပ် မံစုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ အာဖဂန် ၂၆၅ ဦးစလုံး သတင်းအချက်အလက်ချိုးဖောက်ခံရတာဖြစ်ပါတယ်။ သတင်းအချက်အလက်ကျိုးပေါက်မှုရဲ့ အရေးကြီးပုံကို လက်ခံပြီး ၎င်းတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို အလုံးစုံ ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၎င်းတို့အမှားကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်တဲ့အပြင် အစိုးရဝန်ကြီးဌာနတစ် ခုဖြစ်နေတဲ့အတွက် ဒဏ်ငွေကို ပေါင် ၁,၀၀၀,၀၀၀ ကနေ ပေါင် ၇၀၀,၀၀၀ (ဒေါ်လာ ၁.၂ သန်းကနေ ၈၇၈,၀၀၀) အထိ လျှော့ချခဲ့ ကြောင်း သတင်းအချက်အလက်မင်းကြီးရုံး (ICO) က ပြောပါတယ်။

 

အဲဒီလိုလျှော့ချခဲ့ပြီးနောက် အစိုးရဌာနတွေအပေါ် အစိုးရဒဏ်ငွေတပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုတွေကို လျှော့ချဖို့ သတင်းအချက်အလက်မင်းကြီးရုံး (ICO) က လက်ရှိဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုတွေရဲ့ အစိတ်အ ပိုင်းတစ်ရပ်အဖြစ် နောက်ထပ် ပေါင် ၃၅၀,၀၀၀ ကို ထပ်မံလျှော့ချပေးလိုက်ပါတယ်။

 

Ref: UK Defense Ministry Fined for Afghan Data Breach

 

#PeopleMedia


Share this post