အာမေးနီးယားကို အမေရိကန်တပ်ဖွဲ့ဝင်တွေရောက်လာတာကြောင့် ရုရှားဒေါသထွက်

PUBLISHED - September 12, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂
အာမီးနီးယားနိုင်ငံကို အမေရိကန်တပ်ဖွဲ့ဝင် ၈၅ ဦးရောက်ရှိလာတာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက ဒေါသထွက် ခဲ့ရတယ်လို့ VOA သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
အာမေးနီးယားနိုင်ငံ ရုရှားဦးဆောင်တဲ့ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ CSTO (Collective Security Treaty Organization) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ အာမေးနီယန်း အမှတ် ၁၂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁၇၅ ဦး ကို လေ့ကျင့်သင်ကြားပေးဖို့အတွက် ရောက်ရှိလာတာ ဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရည်မှန်းချက်က အာမေးနီးယန်းတပ်ဖွဲ့ဝင်တွေကို ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်တွေအဖြစ် တာဝန်ချထားတဲ့အချိန်မှာ နေတိုးအဖွဲ့စံနှုန်းတွေနဲ့အညီလိုက်နာနိုင်သလားဆိုတာကို အခုနှစ် နှောင်းပိုင်း ဆန်းစစ်လေ့လာအကဲဖြတ်ရာမှာ အဆင်ပြေစေဖို့အတွက် ကြိုတင်ပြင်ဆင်ပေးဖို့ဖြစ်တယ်လို့ ဆိုပါ တယ်။ ၁၀ ရက်ကြာလေ့ကျင့်မှုတွေကို အားမေးနီးယန်းမြို့တော် ယာ့ရပ်ဗန် (Yerevan) အနီးက လေ့ကျင့်ရေးကွင်းထဲ မှာပြုလုပ်သွားမှာဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေထဲမှာတော့ အမှတ် ၁၀၁ လေကြောင်းချီတပ်မကတပ်ဖွဲ့ဝင်တွေနဲ့ ကင်ဆပ်အမျိုးသား လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း သိရပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နှစ်နိုင်ငံတင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုလို အမေရိကန်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတာလည်းဖြစ်ပါတယ်။
အာမေးနီးယန်းဝန်ကြီးချုပ် နစ်ကိုးလ်ပက်ရှင်ယန်က ရုရှားအစိုးရဟာ အာမေးနီးယားလုံခြုံရေးအတွက် အကူအ ညီပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ တောင်ပိုင်းကော့ကေးဆပ်ဒေသမှာ တာဝန်ရှိတာကို ရှောင်လွှဲနေခဲ့ကြောင်း ပြီးခဲ့ တဲ့သီတင်းပတ်က အီတလီသတင်းစာတစ်စောင်နဲ့ အင်အာဗျူးမှာ ပြောကြားခဲ့ပါတယ်။
“လက်နက်ခဲယမ်းဝယ်ယူမှုအပါအဝင် အာမေးနီးယန်းလုံခြုံရေးတည်ဆောက်မှုဟာ ၉၉.၉၉၉% ရုရှားနဲ့ဆက် နွယ်နေပါတယ်။ ဒါပေမဲ့ ဒီကနေ့အချိန်မှာ ရုရှားကိုယ်တိုင်က လက်နက်ခဲယမ်းတွေလိုအပ်နေတယ်လို့ ကျွန် တော်တို့ မြင်နေရပါတယ်။
အခုလို အခြေအနေမျိုးမှာ ဆန္ဒရှိတယ်ဆိုရင်တောင် ရုရှားဟာ အာမေးနီးယားလုံခြုံ ရေးလိုအပ်ချက်တွေကို ဖြည့်စွမ်းပေးနိုင်စွမ်းမရှိပါဘူး။” လို့ ပက်ရှင်ယန်က La Repubblica သတင်းစာကို ပြောပါတယ်။
“လုံခြုံရေးအတွက် နိုင်ငံတစ်နိုင်ငံတည်းကို မှီခိုအားထားနေရတာဟာ မဟာဗျူဟာမြောက်အမှားတစ်ခုဖြစ်တယ် ဆိုတာ အခုသင်ခန်းစာက ကျွန်တော်တို့ကို သက်သေပြခဲ့တာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပက်ရှင်ယန်က အခုလိုပြောကြားလိုက်ပြီးနောက် ရုရှားသမ္မတဗလာဒီမာပူတင်ကို စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကို ထောက်ခံကြောင်း အာမေးနီးယန်းအစိုးရက အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒါ့အပြင် အာမေးနီးယန်းဝန်ကြီးချုပ်ရဲ့ဇနီးဟာ အကူအညီပေးရေးခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ရုရှားအစိုးရက အာမေးနီးယန်းသံအမတ်ကို ကရင်မလင်ကို ဆင့်ခေါ်ခဲ့ပြီး အာမေးနီးယန်းဝန်ကြီးချုပ်ရဲ့ မှတ် ချက်ပြောစကားတွေနဲ့ ၎င်းတို့အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ပြင်းပြင်းပြောဆိုဝေဖန်ပြီး ပြစ်တင်ရှုတ်ချခဲ့ ပါတယ်။
Ref: US Troops’ Arrival in Armenia for Training Riles Russia
#PeopleMedia