• Follow Us on
Latest News

Home အာရှလမ်းမပေါ်ရှိ မြေပြိုကျပျက်စီးခဲ့သည့်နေရာ၌ သံဘောင်တံတားတည်ဆောက်ပြီးစီး၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်

အာရှလမ်းမပေါ်ရှိ မြေပြိုကျပျက်စီးခဲ့သည့်နေရာ၌ သံဘောင်တံတားတည်ဆောက်ပြီးစီး၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်

Share this post

နေပြည်တော်၊ သြဂုတ် ၂၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ ရက် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၄၉ မိုင်နှင့် ၅ ဖာလုံ အကြားနေရာ၌ လမ်း မြေသားပြတ်ထွက် မြေပြိုကျမှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ လမ်းပိတ်ဆို့ခဲ့သည့် နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လို အပ်သည့်ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း များကို ဩဂုတ် ၁၀ ရက်နေ့မှစတင်၍ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအောက်ရှိ အဖွဲ့များက ယာဉ်၊ ယန္တရားများဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရာ အရှည် ၇၀ ပေ၊ တံတားအကျယ် ၁၉ ပေ ၁၀ လက်မ၊ ယာဉ်သွားလမ်းအကျယ် ၁၃ ပေ ၈ လက်မ၊ တံတားခံနိုင်ဝန် ၅၅ တန်၊ သုံးလွှာ တစ်ထပ်ဘေလီသံဘောင်တံတား တည်ဆောက်ခြင်း၊ ကျောက်ခင်း ခြင်း၊ မူလရှောင်ကွင်းလမ်း၏ လမ်းပုခုံးမြေသားကပ်ခြင်းလုပ်ငန်းများအား ဩဂုတ် ၂၄ ရက်တွင် ပြီးစီးခဲ့သဖြင့် ယမန်နေ့မှစ၍ မူလ ရှောင်ကွင်းလမ်းနှင့် ဘေလီသံဘောင်တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွား လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကော့ကရိတ်-မြဝတီ အာရှလမ်းမတစ်လျှောက် လမ်းပြိုကျပျက်စီးခဲ့သည့်နေရာများအား အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး လိုအပ်သည့်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post